ဝန်ထမ်းအားလုံးကို ဘောနပ် ဒေါ်လာ ၃၁၆၀ စီ ပေးသွားမယ့် Red Bull အချိုရည်ကုမ္ပဏီ သူဌေး

International News
ဝန်ထမ်းအားလုံးကို ဘောနပ် ဒေါ်လာ ၃၁၆၀ စီ ပေးသွားမယ့် Red Bull အချိုရည်ကုမ္ပဏီ သူဌေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝန်ထမ်းအားလုံးကို ဘောနပ် ဒေါ်လာ ၃၁၆၀ စီ ပေးသွားမယ့် Red Bull အချိုရည်ကုမ္ပဏီ သူဌေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝန်ထမ်းအားလုံးကို ဘောနပ် ဒေါ်လာ ၃၁၆၀ စီ ပေးသွားမယ့် Red Bull အချိုရည်ကုမ္ပဏီ သူဌေး

ကုမ္ပဏီတော်တော်များများက ဘောနပ်ပေးတဲ့ အချိန်အခါရောက်ရှိလာပြီမို့ Red Bull အချိုရည်ရဲ့ ဝန်ထမ်းတွေကလည်း ဘောနပ်တွေ အများကြီးရရှိတော့မှာပါ။ Red Bull အချိုရည်ရဲ့သူဌေးမက်ခ် မာတီစ်ရှစ်ဟာ ခရစ္စမတ်ကာလမတိုင်ခင် သူ့ရဲ့ဝန်ထမ်းတွေကို ဘောနပ်ပေးသွားမှာပါ။ အောက်တိုဘာလကုန်ကျ ဝန်ထမ်းတွေအားလုံးက ဘောနပ်ဒေါ်လာ ၃၁၆၀ စီရရှိသွားမှာပါ။

“အခုနှစ်မှာ မင်းတို့ကို ဒါကို အသိပေးရတာ ဝမ်းသာမိတယ်။ ၂၀၂၄ ခုနှစ်မှာ လစာရာခိုင်နှုန်းတိုးမယ့်အပြင် ၂၀၂၃ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုအတွက် လျော်ကြေးပေးဖို့ ဩစတြီးယားမှာ အလုပ်လုပ်တဲ့လူတိုင်း ဘောနပ်ရရှိသွားမှာပါ”လို့ Email ပေးပို့ပြီး ကြေညာခဲ့တာပါ။ ၂၀၂၃ ခုနှစ်မှာ Red Bull က ရောင်းအား ၂၃ ရာခိုင်နှုန်းတိုးလာခဲ့ပြီး အမြတ်ငွေ စတာလင်ပေါင် ၈.၄ ဘီလျံရရှိခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် Red Bull သူဌေး မက်ခ်ဟာ ဥရောပရဲ့ဘီလျံနာအသစ်တွေထဲက တစ်ဦးဖြစ်ပြီး ၃၇ ဦးမြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာမှာ သူ့ရဲ့ဖခင် thayဆုံးသွားပြီးနောက် အချိုရည်ကုမ္ပဏီရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို အမွေဆက်ခံခဲ့တာပါ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။