သပြေသီး ကျန်းမာရေး အကျိုးကျေးဇူးများ

Health Knowledge
သပြေသီး ကျန်းမာရေး အကျိုးကျေးဇူးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သပြေသီး ကျန်းမာရေး အကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သပြေသီး ကျန်းမာရေး အကျိုးကျေးဇူးများ

၀မ်းတွင်းရွှေမှုန့်၊ကြေးမှုန့်၊သံမှုန့်မြေဖြူမှုန့်၊မြေကြီးမှုန့် ဆံပင်မွှေးများစသည်တို့၀င်ရောက်၍ ၀မ်းဗိုက်ထိုးခြင်းဖြစ်ပါကသပြေသီးကို သတိရကြပါ။

(၁) သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား (၇)ရက်မျှပြုလုပ်ပြီး(၇)ရက်ပြည့် လျှင်မန်ကျည်းဖျော်ရည်သောက်ပေးရသည်။ ၀မ်းတွငရှိအမူန့်အမွှားများ ဆံပင်ထွေးများအညစ်အကြေးနှင့် အတူပါသွားတော့သည်။

(၂) သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ်တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိစားပြီး ၀မျးနုတျပေး၍လည်းမလိုလားအပ်သောအမှုန့်များ၊ဆံပင်ချည်ထွေးများ ကျစေပါသည်။

ဆံပင်ညှပ်သမားဆရာတစ်ဦးပြောပြသော နည်းဖြစ်ပါ သည်။ဆံပင်ညှပ်ခြင်းဖြင့်

အသက်မွေး၀မ်းပြုရာက၀မ်း တွင်းသို့ ဆံပင်စများ၀င်သည်များလာကာ ဗိုက်အောင့် သည်ဆို၍ ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။

နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေးနှင့်အတူ ဆံပင်ထွေးများ ကျသွားသည်ဟုဆိုပါသည်။ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရသော ဆေးနည်းဖြစ်သည်ဟု ဆိုပါသည်။

သပြေသီး

၂၀၀ရခုနှစ်က အိန္ဒိယနိုင်ငံထုတ်ဆေးပညာဂျာနယ်တွင် သပြေသီးမှည့်သည့် ရင်သားကင်ဆာမဖြစ်ပွား စေအောင် ကာကွယ်ပေးနိုင်သည့်အပြင် ၊ရင်သားကင်ဆာဝေဒနာရှင်တို့ သပြေသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမပြန့်ပွားအောင် ထိန်းထားနိုင်သည်ဆိုပါသည်။

၂၀၀၉ခုနှစ်တွင်လည်း အမေရိကန်ပြည်ထောင်စု ဆေးဝါးတက္ကသိုလ်မှ သပြေသီးကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွားအောင် ထိထိ ရောက်ရောက်ကာကွယ်ပေးနိုင်ကြောင်း အဖြေထွက်ရှိ ပါသည်။

ဦးရေပြားဘောက်ထခြင်း

သပြေသီးသတ္တုရည်ကို လိမ်းပေးပါက ဘောက်ထဦး ရေပြားမှိုစွဲခြင်း ရောဂါပျောက်ကင်းစေသည်။

ဆီးလွန်ရောဂါနှင့်သပြေသီး

သပြေသီးတွင် ချိုဖန်သောအရသာရှိသည်။ သပြေသီးချိန် တွင် သပြေသီးမှည့်ကို စားပေးခြင်း၊သပြေခေါက်ကို အမှုန့်ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်း နံက်ညစား ပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကို သက်သာပျောက် ကင်းစေပါသည်။

သပြေစေ့

ဆီးချိုရောဂါအတွက် အပင်တွင် ဆေးစွမ်းအကြီးဆုံးက သပြေသီးမှည့်၏အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ အခြောက်လှန်း အမှုန့်ပြုပြီး နေ့စဉ်လက်ဖက်စားဇွန်း(၁) ဇွန်းနှုန်း နံနက်ညသောက်ပေးပါကဆီးချို တကယ်ပျောက် သည်ဆိုပါသည်။

အိန္ဒိယဆေးကျမ်းများတွင် သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေး အဖြစ်တိုက်ကြွေးသည့် အပြင် မှက်၊ခြင်၊တို့ မကိုက်စေရန် သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက်လိမ်း ကျံကြသည်။

သပြေပင်နှင့်ပတ်သက်သော များစွာသောဆေးအသုံး တို့ရှိနေပါသေးသည်။

(အစာမကြေသူများ၊ကိုယ်၀န်ဆောင်သူများနှင့်မတည့်ပါဆေးဖက်၀င်သည်ဆိုသော်လည်းလွန်လွန်ကျွံကျွံမစားသုံးသင့်ပါ။)

သပြေသီး နှင့် ကျန်းမာရေး။

(၁) သပြေသီးမှည့်ထဲရှိ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ နဲ့ anthocyanin ဓာတ်တို့က ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အပြင်၊ ရင်သားကင်ဆာဝေဒနာသည်များ စားသုံးပေးခြင်းဖြင့် ကင်ဆာဆဲလ်များ ဆက်လက်ပြန့်မပွားနိုင် အောင် သပြေသီးမှည့်တွေက ဟန့်တားပေးနိုင်ကြောင်း ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံ၏ Journal of Physiology and Pharmacology(ခေါ်)ဆေးပညာဂျာနယ်မှာ အကျယ်တဝင့် ရေးသားဖော်ပြထား ပါတယ်။ ဒါတင်မကသေးပါဘူး။ ၂၀၀၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုရှိ University of Rhode Island(ခေါ်) ဆေးဝါးတက္ကသိုလ်မှာ သပြေသီးမှည့်တွေကို ဓာတ်ခွဲစမ်းသပ် ခဲ့ရာ၊ ရင်သားကင်ဆာဖြစ်မလာအောင် ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ အဖြေထွက်ရှိခဲ့ပါတယ်။

(၂) ၂၀၀၉ ခုနှစ် က အိန္ဒိနိုင်ငံမှာ သပြေသီး မှည့်ဖြင့် ကြွက်များကိုဆေးသုတေသနပြုခဲ့ရာ၊ သွေးထဲရှိဂလူးကို့စ်ပမာဏကို ကျစေရုံ မျှမက၊ အစာအိမ် အက်ဆစ် အထွက်များခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်တယ်လို့အိန္ဒိယဆေးဂျာနယ်များမှာ မှတ်တမ်းတင်ဖော်ပြ ထားပါတယ်။

(၃) အစာမကျေ ရင်ပြည့်ခြင်းအတွက် သပြေသီးကို ဆားအနည်းငယ်တို့၍စားပေးပါ။

(၄) သပြေသီးမှည့်များဟာ ခန္ဓာကိုယ်အ တွက် မရှိမဖြစ်လိုအပ်နေတဲ့ အင်ဆူလင်ထုတ်ပေးနိုင်သော ပန်ကရိယကို အားကောင်းစေပါတယ်။ အဲဒီလို ပန်ကရိယကို ကျန်း မာစေနိုင်တာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တဲ့အတွက် ဆီးချိုရောဂါဝဒနာ သည်များ သပြေသီးမှည့်ကို မကြာခဏ စားသုံးပေးသင့်ပါတယ်။

(၅) လိပ်ခေါင်းသွေးယိုစီးသူများအနေဖြင့် နံက် စောစော သပြေသီးမှည့်ကို ပျားရည်ဖြင့်စားပေးခြင်းဖြင့် လွန်စွာ ဆေးစွမ်းထက်စေပါတယ်။

(၆) သပြေသီးထဲရှိ အင်ဇိုင်းဓာတ်များက အသည်းကိုကျန်းမာစေပြီး၊ အသည်းကြီးခြင်းမှ လည်း ကာကွယ်ပေးပါတယ်။

(၇) ဦးရေပြားနှင့် အရေပြားယားနာမှိုစွဲခြင်းတို့အတွက် သပြေသီးသတ္တုရည်ကို ယုံကြည်စိတ်ချစွာ လိမ်းပေးပါ။

(၈) သပြေသီးရဲ့သဘာဝချိုအေးဓာတ်က လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

(၉) ဝမ်းဗိုက် အတွင်းထဲသို့ မတော်တဆ ဆံပင်/ဆံစများ နဲ့သံမှုံ/သံစများဝင်သွားတဲ့အခါ၊ သပြေသီးစားပေးခြင်းဖြင့် ၎င်းတို့ကို သူ့အလိုလို ကျေပျက်သွားစေကြောင်း မြန်မာ့ဆေးကျမ်းများမှာ ညွှန်းဆိုထားပါတယ်။

(၁၀) သပြေသီးမှည့် သတ္တုရည်ကို အဝတ်ဖြင့်စစ်၍ ပုလင်းတွင်ထည့်ပြီး ၅-ရက်ခန့် ကြာတဲ့အခါမှာ အချဉ်ပေါက်လာပါတယ်။ ၎င်းကို သပြေသီးပုန်းရည်လို့ခေါ်ပါတယ်။ ထိုသပြေ သီးပုန်းရည်ကို လေထိုးလေအောင့်၊ သရက်ရွက်ကြီးခြင်း နှင့် ကာလဝမ်း ရောဂါတို့အတွက် သောက်သုံးပေးနိုင်ပါတယ်။

(၁၁) သပြေသီးမှည့် ၅-လုံး ကို နံက်တိုင်း ၁၅-ရက်တိတိ စားပေးရင်း၊ သပြေပင်စည် အခေါက်မှုန့်တစ်ကျပ်သားကို နေ့စဉ် ရေအေးဖြင့် သောက်ပေးပါ။ အဲဒီလို အသီးရော၊ ပင်စည်အခေါက်မှုန့်တို့ကိုပါ နေ့စဉ်တွဲစာပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက် ကင်းစေနိုင်ပါတယ်။

သပြေသီးအစေ့ နှင့်ကျန်းမာရေး

(သပြေသီးအစေ့က အတန်ငယ်ချိုဖန်သောအရသာရှိပါတယ်။ သပြေတစ်ပင်လုံး၏ ဆေးဘက် အဝင်ဆုံး အစိပ်အပိုင်းဟာ သပြေသီးအစေ့ဖြစ်ကြောင်း မြန်မာ့ဆေးကျမ်းများတွင်သာမက၊ အရှေ့တောင်အာရှဆေးကျမ်းများနှင့် နိုင်ငံတကာ သိပ္ပံဆေးသု တေသီများက အကြံပြုထားကြပါတယ်။ ဒါကြောင့် သပြေသီးစားတဲ့အခါတိုင်း အစေ့ကိုပါ ဝါးစားသင့် ပါတယ်)

(၁) ဝမ်းပျက်၊ ဝမ်းသွားခြင်း၊ မီးယပ်ဝမ်း၊ သွေးဝမ်းစတဲ့ ဝမ်းရောဂါအမျိုးမျိုးအတွက် သပြေသီးအစေ့၊ သရက်စေ့၊ ကြစုသီးတို့ကို ဆတူရောလှော်၍ အမှုန့်ကြိတ်ချေကာ တစ်နေ့ ၂-ကြိမ်သောက်ပေးပါ။

(၂) သွေးဝမ်းသွားခြင်း အတွက် သပြေသီးအစေ့ ခြောက် မှုန့်နှင့် သကြားဆတူရော၍ တစ်နေ့ ၂-ကြိမ်သောက်ပေးပါ။

(၃) အရေပြားပေါ် ရှိထိခိုက်ဒဏ်ရာများနှင့် ခွဲစိပ်နာများတော်တော် နှင့် မကျက်ပါက သပြေသီးအစေ့ကို ရေဖြင့်ကြိတ်၍လိမ်းပေးပါ။

(၄) သပြေသီးအစေ့ခြောက်ကို အမှုန့်ပြုကာ၊ ရေကျက်အေးဖြင့် နေ့စဉ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို ဒိဌပျောက်ကင်းစေ ပါတယ်။ ဒါ့ပြင် ဆီးချိုကြောင့် အာခံတွင်းခြောက် ၍ရေငတ်ခြင်း မှလည်း သက်သာလာ စေပါတယ်။

(၅) သပြေစေ့ခြောက်မှုန့် ကို တစ်နေ့ ၂-ကြိမ်ကျ ၂-ဂရမ်စီ သောက်ပေးခြင်းဖြင့် ကိုလက်စ ထရော နဲ့အဆီများကို ကျစေပါတယ်။ နိုင်ငံတကာဆေးသုတေသီများကလည်း သပြေသီးစေ့ဟာ ကိုလက်စထရော ကျစေတဲ့ အခြားပဋိဇီဝဆေးများနှင့်အပြိုင် အစွမ်းထက်မြက်လှကြောင်း အကြံပြုထားကြပါတယ်။

(၆) ဆီးလွန် ရောဂါ၊ အစာအိမ်အက်ဆစ် စိမ့် ထွက်လွန်၍ အစာအိမ်လမ်းကြောင်းပြည်တည်နာများအတွက် သပြေသီးအစေ့ ခြောက်မှုန့်ကို တရုပ်တိုင်းရင်းဆေးများမှာ အသုံးပြုလေ့ရှိပါတယ်။

သပြေပင်အရွက် နှင့် ကျန်းမာရေး။(သပြေရွက်၏ အရသာဓာတ်က အေးမြစေပါတယ်)

(၁) အပူကြောင့်ဖြစ်သော လျှာနဲ့လည်ချောင်းကွဲခြင်းတို့အတွက် အပြေရွက်နုလတ်လတ်ဆတ်ဆတ်ကို ရေနဲ့ရောကြိတ်ပြီး အာ ခံတွင်းထဲ ငုံထားပေးပါ။

(၂) မြင်းသရိုက်နာများအတွက် သပြေရွက်နုသတ္တုရည်ကို နွားနို့ရော၍့ ၇-ရက်ဆက်တိုက် သောက်သုံး ပေးပါ။

(၃) ကင်းကိုက်ခံရတဲ့အခါ၊ သပြေရွက်သတ္တုရည်လိမ်းပေးခြင်းဖြင့် ကင်းဆိပ်ကျစေပါတယ်။

(၄) မှက်-ခြင်များကိုက်ခြင်းမှ ကြိုတင်ကာကွယ်တဲ့အနေဖြင့် သပြေရွက်ကိုကျိတ်ခြေ၍ ရလာတဲ့သတ္တုရည်ကို ခြေ-လက်များမှာ လိမ်းကျံပေးပါ။

(၅) အိန္ဒိနိုင်ငံ ဆေးကျမ်းများမှာ အသည်းအားဆေးအဖြစ် သပြေရွက်ပြုတ်ရည်ကို တိုက်ကျွေးလေ့ရှိပါတယ်။

သပြေပင်စည်အခေါက် နှင့် ကျန်းမာရေး။(သပြေခေါက်အရသာက ဖန်ချိုသည့်အတွက် နှုတ်မြိန်စေ ပါတယ်)

(၁) ဆီးချိုရောဂါသည်များအတွက် ပင်စည်အတွင်းသားခေါက်ကို မီးမြှိုက်ပြာချ၍ နံက်-နေ့-ည အစာစားပြီးတိုင်း ရေဖြင့်သောက် ပါ။

(၂) သပြေခေါက်ကိုပြုတ်၍ ငုံဆေးအဖြစ်ငုံပေးခြင်းဖြင့် ခံတွင်းထဲရှိ အပူဖု-အပူနာများ ပျောက်ကင်းကာ သွားများပါခိုင်မာလာ ပါလိမ့်မယ်။

(၃) အပူလွန်၍ဖောက်ပြန်ခြင်း နှင့် မီးယပ်ဖြူဆင်းခြင်းတို့ အတွက် သပြေခေါက်ကို ၃-ခွက် ၂-ခွက်တင်ကြို၍ ထော ပတ်၊ ပျားရည်၊ သကြားရောကာ တစ်နေ့ ၂-ကြိမ် သောက်ပါ။

(၄) သပြေခေါက်ကို နွားနို့နှင့်ရောပြုတ်၍ တစ်နေ့၂-ကြိမ် သောက်ပြီးတိုင်း ထောပတ်စားပေးပါ။ သညျးခွဖေောကျပွနျသောေ ရာဂါအတွက် အကောင်းဆုံးဆေးဖြစ်ပါတယ်။

သတိပြုရန်

(က) သပြေသီးမှည့်ကို ကြိုက်တိုင်းအလွန်အကျွံမစားပါနှင့် ချွဲသလိပ်ထ၍ လေချုပ်စေပါတယ်။

(ခ) ကိုယ်ဝန်ဆောင် သည်များ မစားသင့်ပါဘူး။ ဓာတ်မတည့်၍ ကိုယ်ဝန်ပျက်ကျစေတတ်လို့ပါ။

(ဂ) သပြေသီးစားပြီး အီလည်လည် ခံစားရတဲ့အခါ၊ ဂျင်းစား ပေးပါ။

(ဃ) အမှည့်လွန်အသီးများစားမိပါက အစာအိမ်အချဉ်ပေါက် စေတတ်ပါတယ်။ အချဉ်ပေါက်တဲ့အခါ၊ ဇီယာမှုန့်ကို ဆား ပုတ်နှင့် ရောလှော်၍သောက်ပေးပါ။

(င) သပြေသီး နှင့် ပီလောပီနံ တို့ကို တွဲမစားသင့်ပါဘူး အဆိပ်ဖြစ်စေပါတယ်။

(စ) မကြာ ခဏ အစာမကျေဝမ်းကြောတင်းသူများအဖို့ သပြေရွက်နှင့် (လုံးဝ)မတည့်ပါဘူး။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။