Green Tea ကို ဆီးချိုရောဂါသည်တွေ ဘာလို့ သောက်သုံးပေးသင့်တာလဲ

Health Knowledge
Green Tea ကို ဆီးချိုရောဂါသည်တွေ ဘာလို့ သောက်သုံးပေးသင့်တာလဲ

ဆီးချိုရောဂါသည်တွေရဲ့ဘဝက သွေးအတွင်းသကြားဓာတ်ကို ထိန်းပေးနေရတာပါပဲ။ ဆီးချိုရောဂါလက္ခဏာရပ်တွေကို ထိန်းဖို့အတွက်၊ ကျန်းမာတဲ့ဘဝနဲ့ နေထိုင်ဖို့အတွက် သူတို့စားတဲ့သောက်တဲ့အရာတွေကို သတိထားစားဖို့လည်း အရေးကြီးပါတယ်။ သူတို့စားသုံးတဲ့အစားအစာတွေက ကယ်လိုရီဓာတ်နည်းသင့်ပါတယ်။

ဆီးချိုရောဂါသည်နဲ့ သင့်တော်တဲ့သောက်စရာကတော့ Green Tea ဖြစ်ပါတယ်။ Green Tea ကို လက်ဖက်စိမ်းလက်ဖက်ရည်လို့ ပြောကြပါတယ်။ မြန်မာလူမျိုးတွေ သောက်သုံးတဲ့ ရေနွေးကြမ်းနဲ့လည်း တူပါတယ်။ Green Tea မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတဲ့အတွက် ဆီးချိုရောဂါသည်တွေအတွက် သင့်တော်ပါတယ်။ ဆီးချိုရောဂါရဲ့လက္ခဏာရပ်တွေကိုလည်း ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

သုတေသီတွေက ဆီးချိုရောဂါအမျိုးအစား ၂ ခံစားနေရတဲ့လူတွေမှာ Green Tea ရဲ့အကျိုးသက်ရောက်မှုကို သိရဖို့အတွက် လေ့လာချက်များစွာပြုလုပ်ခဲ့ကြပါတယ်။ Green Tea က ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ချပေးတဲ့အပြင် သွေးအတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

ဂျပန်လူမျိုးတွေမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာတော့ တစ်နေ့ကို Green Tea ၆ ခွက် (သို့) ၆ ခွက်ထက် ပိုသောက်တဲ့လူတွေက အခြားသူတွေနဲ့ယှဉ်ရင် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၃၃ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာချက်မှာတော့ Green Tea က သွေးအတွင်း သကြားဓာတ်ကို ထိန်းပေးပြီး ဆီးချိုရောဂါလက္ခဏာရပ်တွေဖြစ်မလာအောင်လည်း ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။

Green Tea က သွေးအတွင်းသကြားဓာတ်ကို ဘယ်လိုထိန်းပေးလဲ

Green Tea ကို ပုံမှန်သောက်သုံးပေးတာက အတက်မြန်နေတဲ့ ဂလူးကို့စ်ပမာဏနဲ့ အင်ဆူလင်ပမာဏကို လျော့ချပေးပါတယ်။ Green Tea ရဲ့အကျိုးကျေးဇူးတွေက Polyphenols နဲ့ Polysaccharides ဆိုတဲ့ အန်တီအောက်စီဒန့်ဓာတ်တွေကြောင့်ဖြစ်ပါတယ်။ ဒီအန်တီအောက်စီဒန့်ဓာတ်တွေကလည်း သွေးဖိအားပမာဏကို ထိန်းပေးတာ နဲ့ မကောင်းတဲ့ကိုလက်စထရောပမာဏကို လျော့ချပေးတာတွေမှာ ထိရောက်မှုရှိပါတယ်။

Green Tea ကို တစ်နေ့ကို ဘယ်လောက်သောက်လို့ရလဲ

Green Tea က ကျန်းမာရေးနဲ့ ညီညွှတ်ပြီး ဆီးချိုရောဂါသမားတွေအတွက် ဘေးထွက်ဆိုးကျိုးမရှိတဲ့ လက်ဖက်ရည်အဖြစ် သိထားကြပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်နည်းနည်းပါဝင်တဲ့အတွက် သောက်သုံးတဲ့ပမာဏကို ဂရုစိုက်ဖို့တော့လိုပါတယ်။ တစ်နေ့ကို Green Tea ကို (၂-၃) ကြိမ် သောက်သုံးပေးလို့ရပါတယ်။

အကျိုးကျေးဇူးအများဆုံးရအောင် Green Tea ကို ဘယ်လိုသောက်သုံးမလဲ

ကျန်းမာရေးအကျိုးကျေးဇူး အများဆုံးရဖို့အတွက် Green Tea ထဲကို သကြားမထည့်ပါနဲ့။ အချိုအရသာမပါတဲ့ Green Tea က ပိုပြီးကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ အရသာပိုကောင်းဖို့အတွက်ဆိုရင် သံပရိုရည် (သို့) ပူစီနံအရွက်အနည်းငယ်ထည့်ပေးလို့ရပါတယ်။ Green Tea ကို (၂-၃) မိနစ်ထက်ပိုပြီး စိမ်မထားပါနဲ့။ အရသာ ပိုခါးသွားပါလိမ့်မယ်။ ဒါ့အပြင် ကျန်းမာရေးအကျိုးကျေးဇူးပိုရဖို့အတွက် tea bag ထက် လက်ဖက်စိမ်းအရွက်ကို ရွေးချယ်သင့်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။