ရုက်ခစိုးယတြာ

Astrology
ရုက်ခစိုးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရုက်ခစိုးယတြာဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရုက်ခစိုးယတြာ

thayရေးရှင်ရေးတမျှ အရေးကြီးသော ကိစ္စ ရှိလာလျှင်လုပ်ပါ
ယခု ယတြာအား အမှန်တကယ်လိုအပ်လာမှသာ အသုံးပြုပါလေ။

အိုးအိမ်လိုချင်သူများ အလုပ်လိုချင်သူများ ဝန်ထမ်းများနေရာကောင်းရစေဖို့ နေရာပြောင်း အလုပ်ပြောင်း ကိစ္စများ ရာထူးတိုးချင်သူများ ကားကိစ္စအဆင်ပြေချင်သူများ
အလုပ်အကိုင်အဆင်ပြေချင်သူများ အချစ်ရေး အိမ်ထောင်ရေး ကိစ္စ အဆင်ပြေချင်သူများ အကြွေးတောင်းမရသူများ အကြွေးပြန်ဆပ်ချင်သူများ ငွေကြေးအကူအညီ လိုချင်သူများ စသဖြင့် မည်သည့်အခက်ခဲ ကိစ္စမဆို ရုက္ခစိုးယတြာ ပြုလုပ်လို့ရ၏။
သစ်ပင်ကြီးလေ ညောင်ပင်ကြီးလေ ရုက္ခစိုးသည် အသက်ကြီးလေ ပါဝါကြီးလေပါပဲ ရုက္ခစိုးငယ်တွေက လုပ်နိုင်တာနည်းတယ်

ရုက္ခစိုးကြီးတွေက အများကြီးလုပ်နိုင်တယ် ရုက္ခစိုးကြီးတွေက မျက်ခွံတွေပိပြီး မျက်စိပေါ်အုပ်ပိနေတယ် မမြင်ရဘူး နောက်ပြီး ရုက္ခစိုးကြီးတွေက လူတွေပြောတာကို သိပ်မကြားရဘူး မြင်လည်း သိပ်မမြင်ကြတော့ဘူး အနံ့ခံအာရုံ အလွန်ကောင်းကြတယ် ရုက္ခစိုးငယ်တွေက မြင်တယ်ကြားတယ် သူတို့လုပ်ပေးနိုင်တာနည်းတယ်
ရုက္ခစိုးကြီးတွေက သက်တမ်းရှည်အပင်တွေမှာရှိတယ် နေထွက်လာတာနဲ့ သူတို့က မရှိကြတော့ဘူး သွားလှူဆုတောင်းလည်း အလကားပါပဲ။

နံနက်(၅)နာရီ မထိုးခင်မှာ လှူဒါန်းဆုတောင်းရတယ်။
နံနက်(၅)နာရီထက် နောက်မကျအောင် ကောက်ညှင်းပေါင်း ပူပူလေး သွားလှူရတယ်။ ထန်းလျက် ခဲလည်း ထည့်လို့ရတယ်။

ရုက္ခစိုးတွေအားလုံး ကောက်ညှင်းပေါင်းကြိုက်တယ် ကောက်ညှင်းပေါင်းသွားတင်လိုက်တာနဲ့ အနံ့ရပြီး မျက်ခွံကို လက်နဲ့မပြီးကြည့်တယ်။ သူ့ကိုလှူဒါန်းတာ ဆိုရင်တော့ စားသုံးတယ်ပြီးရင် လှူဒါန်းသူရဲ့ အခက်အခဲကိုကြည့်ပြီး အဆင်ပြေအောင် ကူညီပံ့ပိုးပေးတယ်။

အဲ့လို လှူဒါန်းပြီးတဲ့ အခါမှာ ညောင်ရွက်တစ်ရွက် ကိုခူးလာပြီး ထိုညောင်ရွက်ပေါ်တွင် ဖယောင်းတိုင်ထွန်းရမည်။ တစ်နေ့လျှင်(၈) တိုင်ထွန်းရမည်။ (၈)ရက်ထွန်းရမည်။ ထိုသို့ဖယောင်းတိုင်မီးထွန်းတိုင်းထွန်းတိုင်း ထိုအပင်မှာရှိတဲ့ ရုက္ခစိုးအားတိုင်တည်၍ မိမိ၏ပြဿနာ အသေးစိတ်ကို တတွတ်တွတ်ရွတ်ဆို ဆုတောင်းရမည်။ အကယ်၍ ထိုသစ်ပင်မှ ရုက္ခစိုး(သို့) ပုဂ္ဂိုလ် သည် မိမိ၏ ပြဿနာများအား ဖြေရှင်းပေးနိုင်သော အစွမ်းမရှိပါကလည်း အစွမ်းရှိသော နီးစပ်ရာအပင်မှ ရုက္ခစိုး ပုဂ္ဂိုလ် များအား တဆင့်အကြောင်းကြားပေးပါရန် တတွတ်တွတ် ပြောဆိုပေးရမည်။

ရုက်ခစိုးဂါထာ

အာကာသဋ္ဌာန ဘူမဋ္ဌာစ
ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ
ဣဒ္ဓိ မန္တောစ ယေဒေဝါ
မံပါလေတု ပတိစ်ဆိတံ ။
ဟူ၍ ၄၉ ခေါက်ရွတ်ဆိုပါ။

မည်မျှကြီးမားသော အခက်အခဲပြဿနာဖြစ်စေ ဤယတြာပြုလုပ်လျှင် ပြေလည်သွားသည်သာဖြစ်၏။

မှတ်ချက်။ ။ အနီးအနားမှာ ညောင်ပင်ကြီး မရှိသူများ၊ မိမိနေထိုင်ရာအိမ်အနီးနားမှ သစ်ပင်ကြီးတစ်ပင်မှာ ပြုလုပ်ပါလေ။
ခုနစ်ရက်သားသမီးအပေါင်း စိတ်၏ ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမာခြင်း နှင့်ပြည်စုံပါစေကြောင်း ကျွန်ုပ်အောင်ချစ်မင်းမှ ဆုတောင်းပေးလိုက်ပါသည်။

ရေးသားသူ –Zune Lay Nwe Astrologer

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။