ကျန်းမာသုခရစေဖို့ဆေးဝါးဓါတ်စာစားသုံးစို့

Astrology
ကျန်းမာသုခရစေဖို့ဆေးဝါးဓါတ်စာစားသုံးစို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျန်းမာသုခရစေဖို့ဆေးဝါးဓါတ်စာစားသုံးစို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျန်းမာသုခရစေဖို့ဆေးဝါးဓါတ်စာစားသုံးစို့

ဆေးမတိုး ဆေးမစူးဖြစ်နေသော မကျန်းမာသော သူများအတွက် ဆေးဝါးဓါတ်စာ ကျန်းမာရေး ယတြာရေးသား အပ်ပါသည် ။ အင်္ဂါဝိဇ္ဇာပညာရပ်များထဲမှ တစ်ခုအပါအ၀င်ဖြစ်သော မင်းကုသ ကိုဆောင်မှ ကောင်းသင့်စွာ ဆိုသည့်အတိုင်းအသုံးပြုနိုင်သလို ၊ပဉ္စပွတ်နှင့် ဆပွတ်ကို ဆောင်ဆိုသောနည်းအတိုင်း ဓါတ်စာကျွေးလျင် အမြန်ဆုံးပြန်လည်ကျန်းမာခြင်း ၊လူမမာ နလန်ထစေနိုင်သောကြောင့် ကျန်းမာရေးအညံ့ကြုံသူများ အသုံးပြုနိုင်ပါသည် ။ မိမိအသက်ကိုတည်ပြီး ၇ဖြင့်စားပါ။

၁ကြွင်းလျင်=သောကြာနေ့ နေ့လည် ၁၂နာရီ-၁း၃၀အတွင်း အုန်းသီးစားခြင်း ၊အုန်းရည်သောက်ခြင်း ၊ကြေးစည်သံ ၊ကြေးဖလားသံ ၊ သီချင်းသံ ၊ ဗြောသံ ၊ပုလွေသံ နားထောင်ပေးရပါမည် ။

၂ကြွင်းလျင်=စနေနေ့ နေ့လည် ၁၂နာရီ-၁း၃၀အတွင်း ကြံရည်၊ချင်းသုပ်၊ကြက်သားကြော် ၊အကြော်၊ ကိတ်မုန့် တမျိုးမျိုးကျွေးပြီး ၊ကျွန်းသားမီးသွေးကို ရှုခိုင်းလျင် အမြန်ဆုံးသက်သာပျောက်ကင်းမည်။

၃ကြွင်းလျင်= တနင်္ဂနွေနေ့ နေ့လည် ၁၂နာရီ-၁း၃၀အတွင်း ဆီးသီး၊ဆီးယို ၊သြဇာသီး၊ဆိတ်သား ၊ဆတ်သား ၊ ဆားမီးဖုတ် တမျိုးမျိုးကျွေးပြီး ၊ ဆန်ဆေးရည်လိမ်းပေးပါက အမြန်ဆုံးသက်သာ ပျောက်ကင်းမည်။

၄ကြွင်းလျင်= တနင်္လာနေ့ နေ့လည် ၁၂နာရီ-၁း၃၀အတွင်း ၀က်သား ၊သံပုရာရည် ၊ရှောက်သီး၊ လိမ္မော်သီး ၊ကန့်ကလာ ၊ရဲယိုသီး ၊လက်ဖက်ရည် တမျိုးမျိုးတိုက်ကျွေးပြီး ရေချိုးပေးပါက အမြန်ဆုံး သက်သာ ပျောက်ကင်းမည်။

၅ကြွင်းလျင်= အင်္ဂါနေ့ နေ့လည် ၁၂နာရီ-၁း၃၀အတွင်း ချဉ်ပေါင် ၊ကင်ပွန်း၊ဘဲသား၊သင်္ဘောသီး ၊ပေါင်မုန့် ၊ထောပတ် ၊မြေပဲ ၊ပြောင်းဖူး ၊ တမျိုးမျိုးတိုက်ကျွေးပြီး ပန်းများ၏ရနံ့ကို ရှုခိုင်းပါက အမြန်ဆုံး သက်သာ ပျောက်ကင်းမည်။

၆ကြွင်းလျင် = ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂နာရီ-၁း၃၀အတွင်း သီးစုံဟင်း ၊သကြား၊သစ်တော်သီး ၊ စပျစ်သီး ၊ ပန်းသီး တမျိုးမျိုးကျွေးပြီး သစ်သီးစုံဖျော်ရည်တိုက်ပေးပါက အမြန်ဆုံး သက်သာ ပျောက်ကင်းမည်။

၇/၀ ကြွင်းလျင် = ကြာသပတေးနေ့ နေ့လည် ၁၂နာရီ-၁း၃၀အတွင်း ထန်းရည် ၊နွားနို့ ၊ဒိန်ခဲ ၊ဒိန်ချဉ် ၊ထန်းလျက် ၊နာနတ်သီး ၊နံနံပင် ၊နှင်းသီး တမျိုးမျိုးတိုက်ကျွေးပြီး နှမ်းဆီလိမ်းပေးပါက အမြန်ဆုံး သက်သာ ပျောက်ကင်းမည်။

ရေးသားသူ –ZunelayNewAstrologer

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။