သံပုရာသီးအဆောင်

Astrology
သံပုရာသီးအဆောင်

၁။သံပုရာသီး သုံးလုံးကို ဘုရားလွူပါ။ဆေးအဖြစ် လှူပါ၏။ဤကုသိုလ်ကြောင့်မိသားစု အနာရောဂါကင်းဝေးပါစေ။ကပ်ရောဂါကင်းဝေးပါစေ။မကောင်းဆိုးရွားတို့၏ရန်ဘေးကင်းဝေးပါစေ။ဆုတောင်းပါ။နွမ်းသွားရင်၊ပုတ်သွားရင် စွန့်ယူပြီး စွန့်ပစ်ပါ။အသစ်ထပ်လှူနိုင်တယ်။

၂။သံပုရာသီးတစ်လုံးကို အိမ်ရှေ့တံခါးအနီးတစ်နေရာရာမှာတင်ထားပါ။သို့မဟုတ် အိတ်လေးနဲ့ချိတ်ဆွဲထားပါ။နောက်ဖေးတံခါးမှာတစ်လုံး ထားပါ။

ဘေးရန်ကင်းပါစေ။
အနာရောဂါကင်းပါစေ။
ကပ်ရောဂါကင်းပါစေ။
မကောင်းဆိုးရွားတို့ရဲ့ရန်တွေကင်းပါစေ။
အဲဒီလိုပြောပြီး တင်ထားပါ။ပုတ်ရင်စွန့်ပစ်ပါ။မစားပါနဲ့။အသစ်ပြန်တင်ပါ။

၃။သံပုရာသီးတစ်လုံးကိုရေစင်စင်ဆေးပြီး
ဆောင်ထားပါ။ဘုရားဆေး၊တရားဆေး၊သံဃာဆေးလို့
ပါးစပ်ကပြောပြီး အဲဒီ သံပုရာသီးကို နမ်းပါ။ရှူပါ။နွမ်းရင် အသစ်ဆောင်နိုင်တယ်။မိသားစုဝင်တွေလည်း ဆောင်နိုင်ပါတယ်။သန့်သန့်ရှင်းရှင်းတော့ဆောင်ပါ။လိုအပ်ရင်ရေဆေးပါ။

ကျန်းမာရေးအတွင်အထောက်အပံ့ဖြစ်ပါလိမ့်မယ်။
ဒိဌ စိတ်ကြည်လင်လာမယ်။

အိမ်မှာ သန့်ပြန်လတ်ဆတ်လာလိမ့်မယ်။
မိသားစုပိုပြေလည်လာလိမ့်မယ်။
လာဘ်ရွှင်လာလိမ့်မယ်။

မကောင်းဆိုးရွားတွေရဲ့ရန်ကကင်းဝေးနေမယ်။
မုချမသွေ ထူးခြားပါလိမ့်မယ်။
အားလုံးနေကောင်းကျန်းမာ အစစအဆင်ပြေပါစေ။
အသေ၀နာ စ ဗာလာနံ။
အားလုံးသတ္တဝါ ချမ်းသာပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။