၈ ကြိမ်မြောက် Ballon d’Or ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ

International News Sports
၈ ကြိမ်မြောက် Ballon d’Or ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့၈ ကြိမ်မြောက် Ballon d’Or ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၈ ကြိမ်မြောက် Ballon d’Or ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီ

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဟာလန်းနဲ့ အမ်ဘာပေတို့ကို ကျော်ဖြတ်ပြီး ၂၀၂၃ ခုနှစ်အတွက် Ballon d’Or ဆု ဆွတ်ခူးသွားခဲ့ပါတယ်။

မက်ဆီအတွက် ၈ ကြိမ်မြောက် Ballon d’Or ဆွတ်ခူးနိုင်မှုဖြစ်ပါတယ်။

8 ကြိမ်မြောက် Ballon d’Or ဆုကိုလက်ခံရင်း မက်ဆီ က ” ဒီနေ့ ကျွန်တော် ဒီယေဂို (မာရာဒိုနာ) ကို အထူးပြုချင်ပါတယ် ။ သူ့အတွက် Happy Birthday ပါလို့ ​ဆုတောင်းဖို့ ဘောလုံး ချစ်မြတ်နိုးသူ ဒီလောက် ပေါများတဲ့ နေရာလောက် ပိုကောင်းမယ့် နေရာ မရှိတော့ပါဘူး ”

” ခင်ဗျား ဘယ်နေရာပဲ ရောက်နေပါစေ ဒီယေဂို ရေ… Happy Birthday ပါ ။ ဒီဆုကို ခင်ဗျားလည်း ပိုင်ပါတယ် ” ဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ 30 ရက်နေ့ဟာ အာဂျင်တီးနား ဂန္တဝင် ဒီယေဂို မာရာဒိုနာ ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ် ။မက်ဆီဖန် ပရိသတ်တွေအတွက်တော့ နေ့တနေ့ကို သတင်းကောင်းလေးနဲ့စတင်လိုက်ရပြီပဲဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay Sports

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။