အမျိုးသားဥယျာဉ်ပေါင်း ၆၃ ခုလုံးကို သွားရောက်လည်ပတ်ခဲ့ပြီးပြီဖြစ်တဲ့ ၃ နှစ်သမီးလေး

International News
အမျိုးသားဥယျာဉ်ပေါင်း ၆၃ ခုလုံးကို သွားရောက်လည်ပတ်ခဲ့ပြီးပြီဖြစ်တဲ့ ၃ နှစ်သမီးလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမျိုးသားဥယျာဉ်ပေါင်း ၆၃ ခုလုံးကို သွားရောက်လည်ပတ်ခဲ့ပြီးပြီဖြစ်တဲ့ ၃ နှစ်သမီးလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမျိုးသားဥယျာဉ်ပေါင်း ၆၃ ခုလုံးကို သွားရောက်လည်ပတ်ခဲ့ပြီးပြီဖြစ်တဲ့ ၃ နှစ်သမီးလေး

ဂျာနီ ကာစတီလို ဆိုတဲ့ ၃ နှစ်သမီးလေးဟာ မိဘတွေနဲ့အတူ အမေရိကန်နိုင်ငံက အမျိုးသားဥယျာဉ်ပေါင်း ၆၃ ခုလုံးကို လည်ပတ်ပြီးသွားပြီးပါပြီ။ မိဘတွေဖြစ်တဲ့ အဲရစ်နဲ့ ဗာလာရီ ကာစတီလိုတို့ဟာ ၂၀၂၀ ခုနှစ်မှာ ဂျာနီကို မွေးဖွားခဲ့ပြီး မကြာခင်မှာ သူ့ရဲ့ပထမဆုံးလည်ပတ်မှုစတင်ခဲ့တာပါ။ အဲဒီတုန်းက သူတို့မိသားစုဟာ ကော်လိုရာဒိုပြည်နယ်က Pikes Peak ကို လည်ပတ်ခဲ့တာပါ။

ပထမဆုံးလည်ပတ်မှုကနေစပြီး နောက်ပိုင်းမှာ နိုင်ငံတစ်ဝှမ်းက အမျိုးသားဥယျာဉ်တွေကို လည်ပတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဂျာနီလေး အသက် ၁ နှစ်ပြည့်ချိန်အထိ အမျိုးသားဥယျာဉ်ပေါင်း ၂၁ ခုကို လည်ပတ်မယ်ဆိုတဲ့ ကနဦးရည်မှန်းချက်ရှိခဲ့တာပါ။ အဲဒီလိုနဲ့ ဂျာနီလေး အသက် ၂ နှစ်မှာ အမျိုးသားဥယျာဉ် ၄၂ ခု၊ အသက် ၃ နှစ်မှာ အမျိုးသားဥယျာဉ် ၆၃ ခု ပြည့်သွားခဲ့ပါတယ်။

စက်တင်ဘာလက ဂျာနီရဲ့အသက် ၃ နှစ်ပြည့်ပြီးနောက် အောက်တိုဘာမှာ ၆၃ ခုမြောက် အမျိုးသားဥယျာဉ် Lake Clark National Park ကို လည်ပတ်ခဲ့ကြတာပါ။ ဂျာနီကို ခေါ်သွားပြီး လည်ပတ်ဖို့အတွက် သူတို့မိသားစုတွေ ပြင်ဆင်မှုတွေလုပ်ခဲ့ရပါတယ်။ ဂျာနီလေး အပြင်ရာသီဥတုဒဏ်ခံနိုင်ဖို့၊ တောင်တက်ရမှာလည်း အဆင်ပြေဖို့ လေ့ကျင့်ပြင်ဆင်မှုတွေလုပ်ခဲ့ရပါတယ်။

ဥယျာဉ်ပေါင်း ၆၃ ခုကို လည်ပတ်ဖို့အတွက် ပြည်နယ် ၃၃ ခုနဲ့ အမေရိကန်နယ်မြေ ၂ ခုတွေကို ဖြတ်ကျော်သွားလာခဲ့ရပါတယ်။ ဂျာနီနဲ့ အခုလိုလည်ပတ်သွားလာရတာက ကလေးရဲ့အနာဂတ်မှာ အကောင်းဆုံးအရာဖြစ်မယ်လို့ အဲရစ်တို့က ယုံကြည်ထားကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။