အရွယ်အစားကွာခြားမှုကို ချစ်ခြင်းမေတ္တာတရားက အနိုင်ယူသွားတယ်ဆိုတဲ့စုံတွဲ

Celebrity International News

အရွယ်အစားကွာခြားမှုကို ချစ်ခြင်းမေတ္တာတရားက အနိုင်ယူသွားတယ်ဆိုတဲ့စုံတွဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရွယ်အစားကွာခြားမှုကို ချစ်ခြင်းမေတ္တာတရားက အနိုင်ယူသွားတယ်ဆိုတဲ့စုံတွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရွယ်အစားကွာခြားမှုကို ချစ်ခြင်းမေတ္တာတရားက အနိုင်ယူသွားတယ်ဆိုတဲ့စုံတွဲ

အချစ်စစ်အချစ်မှန်ဆိုသည်မှာ အသားအရောင် ကွာခြားမှု၊ လူမျိုးရေး ကွာခြားမှု၊ ဘာသာတရားကွာခြားမှု၊ နယ်နိမိတ်ကွားခြားမှုစတဲ့စတဲ့အလွှာတွေကို တော်လှန်ရဲသူပါ။ တစ်ခါတလေမှာ လိင်ကွာခြားမှု၊ လိင်မကွာခြားမှု တံတိုင်းတွေကိုတောင် အချစ်စစ်အချစ်မှန်ကကျော်လွှားနိုင်ပါတယ်။

အခုစုံတွဲလေးတစ်တွဲက အချစ်ကို ယုံကြည်ကိုးကွယ်ကြသူတွေရဲ့ စံပြလေးတစ်ခု ဖြစ်နိုင်ပါတယ်။
လူနှစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူတို့တစ်တွေဟာ ခန္ဓာကိုယ်အရွယ်အစား ဘယ်လောက်ကွာခြားလဲဆိုတာ မြင်သာစေမှာပါ။

ဒါပေမယ့် သူတို့စုံတွဲဟာ သာတူညီမျှ ချစ်ခြင်းမေတ္တာနဲ့ နှစ်ယောက်တစ်ဘဝကို ပုံဖော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အမျိုးသမီးကတော့ အိုင်ဗရီကို့စ်အဆိုတော်၊ မော်ဒယ်တစ်ဦးဖြစ်ပြီး အမည်မှာ Eudoxie Yao ဖြစ်ပါတယ်။သူမရဲ့ချစ်သူအမျိုးသားရဲ့ အနုအမည်ကတော့ Grand P လို့ သိရပြီး အမည်မှန်ကတော့ Moussa Sandiana Kaba ဖြစ်ပါတယ်။

သူဟာ ဂီနီနိုင်ငံသား တေးဂီတပညာရှင်တစ်ဦးလို့လည်း သိရပါတယ်။ သူတို့နှစ်ယောက်ကို လူတွေက လိုက်ဖက်ညီတဲ့စုံတွဲလို့ မထင်မြင်ကြပါဘူး။ နောက်ပြီး လူတစ်ချို့က အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဝေဖန်ချက်တစ်ခုကတော့ သူတို့တစ်တွေဟာ တစ်ယောက်ကို တစ်ယောက်မချစ်ဘဲ လူစိတ်ဝင်စားမှုများလေ သူတို့အတွက်စီးပွားရေးအရတွက်ခြေကိုက်လေသဘောမျိုးနဲ့ ဟန်ဆောင်ပန်ဆောင် တွဲနေကြတယ်လို့ စွပ်စွဲထားပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း နစ်နစ်နာနာပြောပြီး ဝေဖန်သူတွေကို မကြာခဏ ကြုံနေရပါတယ်။ သူတို့ကို ဝေဖန်နေသူတွေကို မော်ဒယ် Yao က-” ရုပ်ပိုင်းဆိုင်ရာဆိုတာ ကျွန်မတို့ ထည့်မတွက်တဲ့ ကိစ္စပါ … ကျွန်မတို့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေကြပါတယ် …

ဒါကဘဝမှာ အရေးကြီးဆုံးပဲလေ … ကျွန်မတို့ကို ထောက်ခံကြသူတွေကို ကျေးဇူးတင်ပါတယ် … တကယ်တော့ အချစ်စစ်တစ်ခုမှာရုပ်ပိုင်းဆိုင်ရာ ကွဲပြားခြင်းဆိုတာ အရေးမပါပါဘူး … “လို့ တုန့်ပြန်ခဲ့ပါတယ်။ Yao ဟာ အင်စတာဂရမ်မှာ ပရိသတ် (၁)သန်းနီးပါး ပိုင်ဆိုင်ထားပါတယ်။

Grand ကတော့ သူတို့နှစ်ယောက် မကြာခင် လက်ထပ်ကြဖို့ စိတ်ကူးနေကြပါတယ်တဲ့။ အခြားတစ်ဖက်မှာတော့ Yao က ခင်ပွန်းလောင်း Grand ကိုတခြားအမျိုးသမီးတွေနဲ့ အချစ်ရေးအချစ်ရာမှာ ကင်းကင်းရှင်းရှင်း နေဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။ သူမက ” ရှင်က ကျွန်မကို ဇနီးတစ်ယောက်ဖြစ်စေချင်တယ်ပြောတယ် … ဒါပေမယ့် ပရိသတ်တွေနဲ့ နှုတ်ခမ်းချင်းနမ်းတာမျိုးကို ရှင်ပဲ အမြဲလုပ်တယ် “လို့ သဝန်တိုစွာ တားမြစ်ခဲ့ပါတယ်။

သူမက ” (ပရိသတ်တွေနဲ့ ဖက်လှဲတကင်းနေတတ်တဲ့) ဒီလိုအခြေအနေမှာ ကျွန်မမိဘတွေက ရှင်နဲ့ လက်ထပ်ပွဲကို ငြင်းပယ်လိမ့်မယ်ဆိုတာရှင် တွေးမိကောင်း တွေးမိပါလိမ့်မယ် … ဒါပေမယ့် ရှင်ကိုယ်တိုင် ရုန်းကန်ရမယ် … ဘာကြောင့်ဆိုတော့ ရှင်ချစ်တာကို ကျွန်မ သိနေရင် ပြီးတာပဲလေ .လို့ ပြောခဲ့ပါတယ်။ သူတို့စုံတွဲကို လက်ခံအားပေးနေကြသူတွေလည်း မြောက်များစွာ ရှိပါတယ်။

ရေးသားသူ – Shwe Ka Thit News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။