အဖြူရောင်ဝတ်စုံနဲ့နတ်သမီးလေးလို လှပနေတဲ့ သရုပ်ဆောင် အကယ်ဒမီ မေမြင့်မိုရ်

Celebrity Local News
အဖြူရောင်ဝတ်စုံနဲ့နတ်သမီးလေးလို လှပနေတဲ့ သရုပ်ဆောင် အကယ်ဒမီ မေမြင့်မိုရ်

မင်းသမီးလေးမေမြင့်မိုရ်ဟာဆိုရင် အနုပညာလောကထဲကို MRTV-4 ဇာတ်လမ်းတွဲ မင်းသမီးအဖြစ်ဝင်ရောက်လာခဲ့ပြီးပန်းနုသွေးဆိုတဲ့ ဇာတ်ကောင်နဲ့ပဲ ပရိသတ်တွေရဲ့ အားပေးမှုကိုတပွေ့တပိုက်ကြီးသိမ်းပိုက်သွားခဲ့သူပဲဖြစ်ပါတယ်။

သူမရဲ့ မြန်မာဆန်တဲ့အလှတရားတွေ ကလည်း သူမကိုနာမည်ပိုကျော်ကြားစေခဲ့ပါ တယ်။ အခုချိန်မှာတော့ အနုပညာလှုပ်ရှားမှု တွေ ဆက်တိုက်ပြုလုပ်နေပြီး လက်ရှိMRTV-4 မှာပြသနေတဲ့ “ကာရန်လွဲမေတ္တာ” ဆိုတဲ့ ဇာတ်လမ်းမှာလည်း အဓိကနေရာကနေ ပါဝင် သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။မေမြင့်မိုရ်ဟာဆိုရင် အနုပညာအလုပ်တွေကို ပိုမိုလုပ်ကိုင်လာပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာ ပါဝင်သရုပ်ဆောင်ရင်း “ မုန်းခွင့် ” ရုပ်ရှင် ဇာတ်ကားကြီးများဖြင့် (၂၀၂၃) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု) အကယ်ဒမီရရှိခဲ့တာ ဖြစ်ပါတယ်။

အခုတစ်ခါမှာတော့ အဖြူရောင်ဝတ်စုံလေးနဲ့ နတ်သမီးတစ်ပါးလို လှပနေတဲ့သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှလာတာပဲဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။