အဘမင်းသိင်္ခရဲ့ရွှေအဓိဌာန်

Astrology
အဘမင်းသိင်္ခရဲ့ရွှေအဓိဌာန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဘမင်းသိင်္ခရဲ့ရွှေအဓိဌာန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဘမင်းသိင်္ခရဲ့ရွှေအဓိဌာန်

ထီထိုးထားတဲ့သူတွေကောချမ်းသာထီပေါက်လိုတရ ရစေရန်ရွှေအဓိဌာန် အဓိဌာန်ဝင်မည့်သူများအတွက် ပုတီးစေတီခေါင်းကိုရွှေချထားသော နေ့နံ ၉လုံးပုတီး + ရွှေဘုရား ၇ဆူ ပုံတော်+ရွှေနားကွပ်ပန်းကန်+ဖယောင်းတိုင်ရွှေစေတီပုံလေးတွေကို ဖုန်းထဲ save print ထုတ်ပြီး ပလက်စတစ်လေးလောင်းထား တပတ်လျှင် ဗုဒ္ဓဟူး နေ့တိုင်း တဆူစီ ပူဇော်သွား တနှစ်ပတ်လုံးအတွက် ၄၉ပတ် ၇ထုံ (၇ဆူ ၇ပတ်ပြည့်လျှင် တစ်ထုံ တစ်ဆင့်) သတ်မှတ်သည်။

အဓိဌာန် ဝင်စဥ်အတွင်းရွှေနားကွပ် ပန်းကန်ဖြင့်သာထမင်းစားရမည်။ စားပြီးသားအကြွင်းအကျန် အမှိုက်အရိုးများကို ပန်းကန်ထဲ ကောက်မထည့်ရပါ။
ရွှေအဓိဋ္ဌာန်တော်ကြီး ဝင်ကြစို့…

အဘဆရာကြီးဒေါက်တာမင်းသိင်္ခ၏ မနောမယ ရွှေအဓိဋ္ဌာန်

အဘဆရာကြီးဒေါက်မင်းသိင်္ခ၏မနောမယရွှေအဓိဋ္ဌာန်ပြုရမည့်ရွှေစေတီ (၇)ဆူ
အရှင်ဘုရားဘုရားတပည့်တော်သည် အပတ်စဥ် ဗုဒ္ဓဟူး နေ့တိုင်း
၁။ ရွှေတိဂုံစေတီတော်
၂။ ရွှေကြက်ယက်စေတီတော်
၃။ ရွှေနတ်တောင် စေတီတော်
၄။ ရွှေနားပန်စေတီတော်
၅။ ရွှေမုဋ္ဌောစေတီတော်
၆။ ရွှေဘုန်းပွင့်စေတီတော်
၇။ ရွှေစာရံစေတီတော် တို့တွင် တပတ်လျှင် တဆူကျ ပူဇော်ပါမည် ဟု အဓိဌာန်ပြုပါသည်။

(၇)ရက်သားသမီးများအတွက်အဓိဋ္ဌာန်ပုတီး(၇)မျိုး

တနင်္ဂနွေနေ့။ ။ပိတောက်သား
တနင်္လာနေ့။ ။လက်ပံသား
အင်္ဂါ ။ ။သရက်သား
ဗုဒ္ဓဟူး ။ ။ကသစ်သား
ကြာသပတေး။ ။အင်ကြင်းသား
သောကြာ ။ ။စောင်းလျားသား
စနေ ။ ။လင်းလွန်းသားနှင့်အုန်းသားတစ်လုံးစီ စီပြီးလုပ်ရပါသည်။
မှတ်ချက်။၊ပုတီးခေါင်းတွင်ရွှေချရန်လိုအပ်ပါသည်။
(၉)လုံးပုတီးဖြစ်ရပါမည်။)

(အဓိဋ္ဌာန်ပြုလုပ်နည်း)

ရက်ပေါင်း(၃၆၅)ရက်တွင် ဗုဒ္ဓဟူးနေ့တိုင်း
ဗုဒ္ဓဟူး ထောင့်တွင်ဘုရားတစ်ဆူလျှင်
ပုတီး(၇)ပတ်ဖြင့်အဓိဋ္ဌာန်ပြုရပါသည်။

ရွှေအဓိဋ္ဌာန်ဂါထာတော်

ဝေရာ ဓံသီယ ဘောဂါစ၊
အနန္တာ ခိဏ ဘောဂဝါ၊
အနန္တာ ဘဇ္ဇ ပရိသော၊
ဘဝသော ပါပုဏေ သိဝံ။

အရှင်ဘုရားဘုရားတပည့်တော်သည်
နိဗ္ဗာန်မရမီစပ်ကြားဖြစ်လေရာ ဘ၀တိုင်းမှာ ရန်သူမျိုးငါးပါးဖျက်ဆီးလို့မရတဲ့ပစ္စည်းဥစ္စာရှိပါစေ။
ပစ္စည်းဥစ္စာနဲ့ပြည့်စုံပါစေ။
အတိုင်းမသိအဆုံးမရှိ ပစ္စည်းဥစ္စာချမ်းသာပါစေ။
အတိုင်းမသိတဲ့ ပရိသတ်လည်းကိုယ့်မှာရှိပါစေလို့ အနက်အဓိပ္ပါယ်ရပါတယ်။ ပုတီးစိတ်ပြီးတိုင်း မိမိလိုချင်သော ဆုအားတောင်းဆိုနိုင်ပါသည်။

ရွှေအဓိဋ္ဌာန်အောင်မြင်ပါကရရှိမည့်အကျိုးကျေးဇူး

၁။ပစ္စည်းများအားရန်သူမျိုးငါးပါးမဖျက်ဆီးနိုင်ခြင်း
၂။ပစ္စည်းဥစ္စာဓနအဆုံးအစမရှိပေါများချမ်းသာခြင်း
၃။ခြွေရံသင်းပင်းတပည့်လက်သားပေါကြွယ်ဝခြင်း
ဤအကျိုးတွေကိုရရှိစေပါတယ်။

အဓိဋ္ဌာန်ကိုကျောက်မြောင်းကျောက်တောလမ်းမှထွက်ရပ်ပေါက်သွားသောဘိုးတော်မှည့်မှတဆင့်အဘမင်းသိင်္ခမှလက်ဆင့်ကမ်းအဓိဋ္ဌာန်ပြုလုပ်ခဲ့ပါသည်။
အလွန်လည်းအောင်မြင်ပါသည်။

ထို့ကြောင့်(၇)ရက်သားသမီးအပေါင်းတို့အတွက်အောင်မြင်မှု့နှင့်စီးပွါးရေးကောင်းမွန်သောရွှေအဓိဋ္ဌာန်အားဖော်ပြလိုက်ပါသည်။မှတ်ချက်…မသွားနိုင်သူများ ပုံတော်ရှေ့မှာစိပ်၍ရပါသည်။

ရေးသားသူ –ဗေဒဝိဇ္ဇာကြီးဒေါက်တာမင်းသိင်္ခ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။