သားလေးရွှေပိုင်ရဲ့ကုသိုလ်ကံကြောင့် ကြီးပွားချမ်းသာလာတယ်ဆိုတဲ့ အဆိုတော်ဇော်ပိုင်

Celebrity Local News
သားလေးရွှေပိုင်ရဲ့ကုသိုလ်ကံကြောင့် ကြီးပွားချမ်းသာလာတယ်ဆိုတဲ့ အဆိုတော်ဇော်ပိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သားလေးရွှေပိုင်ရဲ့ကုသိုလ်ကံကြောင့် ကြီးပွားချမ်းသာလာတယ်ဆိုတဲ့ အဆိုတော်ဇော်ပိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သားလေးရွှေပိုင်ရဲ့ကုသိုလ်ကံကြောင့် ကြီးပွားချမ်းသာလာတယ်ဆိုတဲ့ အဆိုတော်ဇော်ပိုင်

အဆိုတော် ဇော်ပိုင် ကတော့ အထူးမိတ်ဆက်ပေး စရာမလိုလောက်အောင် ပရိသတ်တွေရင်းနှီးပြီး သားဖြစ်တဲ့ ဝါရင့်အဆိုတော်တစ်ယောက် ဖြစ်ပြီး VCD တစ်ခေတ်လုံးမှာ သျှမ်းသျှမ်းတောက် ရေပန်းစားခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါ တယ်။ ယနေ့ချိန်ထိ လည်း ပရိသတ်တွေ ကြိုက်နှစ်သက်မယ့်သီချင်းတွေကို တင်ဆက်ရင်း အဆိုတော်တစ်ယောက် အဖြစ် အနုပညာအလုပ် တွေကို လုပ်ကိုင်နေဆဲဖြစ်သလို တစ်ဖက်မှာလည်း သာယာအေးချမ်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားနိုင်တဲ့ အိမ်ထောင်ဦးစီးတစ် ယောက်လည်းဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီဖြစ်တဲ့ သားသားလေး ရွှေပိုင်ဟာ မကြာခဏဆိုသလို အင်တာဗျူးတွေကို ဖြေကြားနေပြီဖြစ်ပြီး ပရိသတ် တွေ သူ့ကိုချစ်လာအောင် သတိထားမိစေခဲ့တဲ့ အရာတစ်ခုကတော့ စကားပြော ယဉ်ကျေးပြီး နူးညံ့တာလေးဖြစ်ပါတယ်။ သူ့ထက် အသက်အရွယ်ကြီးတဲ့ သူတွေက နုတ်ဆက် စကားပြောသည်ဖြစ်စေ ၊အင်တာဗျူးမေးမြန်းသည်ဖြစ်စေ ပြန်ဖြေချိန်မှာ “ဟုတ်ကဲ့ … ခင်ဗျ” ဆိုတဲ့ အသုံးအနှုန်းလေးကို စကားလုံးတိုင်း မှာ သုံးနှုန်းပြောဆိုတတ်ပြီး တချို့ ပရိသတ်တွေ ကတောင် ရွှေပိုင်လို သားလေးမျိုး လိုချင်တယ်လို့ တောင် မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဇော်ပိုင် ရဲ့ ကိုယ်ပွား ပုံတူလေးလို့ ဆိုရအောင် ရုပ် ချင်းဆင်တူတဲ့ သားချောလေးတစ်ယောက် ရှိပြီး သားသားလေးနာမည်ကတော့ ရွှေပိုင် ဖြစ်ပါတယ်။ လက်ရှိမှာရွှေပိုင်လေးဟာ အဖေဖြစ်သူလိုပဲ အနုပညာအလုပ်ကို လုပ်ကိုင်ရတာ ဝါသနာပါလာ သူလေးဖြစ်ပြီး ကြော်ငြာလေးတွေကို လက်လှမ်းမိ သလောက် စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Videoကြည့်ရန်-https://fb.watch/o9ClZa_-qp/

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။