ရတနာတွေ ၀တ်ဆင်တော့မည်ဆိုရင် သတိထား

Astrology
ရတနာတွေ ၀တ်ဆင်တော့မည်ဆိုရင် သတိထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရတနာတွေ ၀တ်ဆင်တော့မည်ဆိုရင် သတိထား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရတနာတွေ ၀တ်ဆင်တော့မည်ဆိုရင် သတိထား

များသောအားဖြင့် မိမွေ ဖမွေစသည်ဖြင့် လက်စွပ် လက်ကောက် ဆွဲကြိုး အမွေရတနာလေးတွေ ၀တ်ဆင်တော့မည် ဆိုရင် တခုသတိထားရမှာက ပထမလူရဲ့ ဓါတ်ဝင်နေတဲ့ ပစ္စည်းက နောက်လူတယောက် ၀တ်ဆင်မည့်သူနဲ့ကော ဓါတ်တည့်မတည့် မသိနိုင်ပါဘူး။

ရတနာ ပစ္စည်းက အသစ်ဖြစ်နေရင် ကိစ္စမရှိပေမဲ့ပစ္စည်းပေးသူက သူအမြဲဝတ်ဆင်နေတဲ့ရတနာ ၊နာမကျန်းဖြစ်နေရင်း ချွှတ်ပေးတဲ့ရတနာ သို့မဟုတ် မthayခင်ချွတ်ပေးတဲ့ ရတနာတွေ ဖြစ်ခဲ့ရင် ပေးသူရဲ့ မကောင်းတဲ့ ဓါတ်က ဆက်ပြီးဝတ်ဆင်တဲ့ နောက်တယောက်ထံကို ကူးစက်သွားတာပါပဲ။ ဒီရတနာပစ္စည်းကို ချွတ်လိုက်တော့ မှ အကောင်းပကတိပြန်ဖြစ်သွားတာတွေလည်း ကြုံတွေ့ရခဲ့ဖူးပါတယ်။

ဒါ့ကြောင့် စိန်ရွှေရတနာ လက်ဝတ်လက်စား ၀ယ်သူတွေ တခုသတိထားပါ ။ လူတကာဝတ်ဆင်ပြီးသားတွေမှာ သူ့ဓါတ်နဲ့သူပါနေတတ်ပါတယ် နောက်တယောက်နဲ့ တည့်ချင်မှ တည့်မှာပါ။ ဒါ့ကြောင့် အမွေရလို့ဖြစ်စေ ၊ ကိုယ့်ဘာသာ ၀ယ်ဝတ်ဝတ် ဘယ်သူ့ပစ္စည်းဖြစ်ဖြစ် ၀တ်တော့မယ် ၊ပထမဦးဆုံး ရေ သို့မဟုတ် အရက်ပြန်နဲ့သေသေချာချာ ဆေးကြောပြီးမှ ၀တ်ဆင်ကြပါ။ ဒါမှ မူလဓါတ်ဟောင်းတွေ ပျောက်ပြီးနောက်လူနဲ့လည်း အဆင်ပြေပါလ်ိမ့်မည် ။ဒီနေရာမှာ တခုသတိထားရမှာက ဆားရည်နဲ့ မဆေးဖို့ပါဘဲ။ ဆားရည်က တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကို ပျက်စီးစေတတ်လို့ပါ။

ရေးသားသူ – ဇာဇာ(ခ)ဇွန်လေးနွယ် ဆန်းပညာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။