ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံထဲ မြန်မာ နံပါတ် ၆ ချိတ်

International News
ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံထဲ မြန်မာ နံပါတ် ၆ ချိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံထဲ မြန်မာ နံပါတ် ၆ ချိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံထဲ မြန်မာ နံပါတ် ၆ ချိတ်

အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ လူမှုကယ်ဆယ်ရေး အကူအညီပေးဆုံး နိုင်ငံအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဒီလို အရွေးခံရတာ ခြောက်နှစ်ဆက်တိုက် ရှိလာပါတယ်။

ကမ္ဘာပေါ်မှာ အလှူအတန်း အရက်ရောဆုံး နိုင်ငံတွေစာရင်းမှာ အင်ဒိုနီးရှားက ထိပ်ဆုံးကဖြစ်ပြီး သူ့နောက်မှာ ယူကရိန်းနဲ့ ကင်ညာတို့ကို သတ်မှတ်ကြောင်း ဗြိတိန် အခြေစိုက် Charities Aid Foundation က ထုတ်ပြန်ပါတယ်။

အခြေအနေပုံမှန်ရှိနေချိန်မှာ သူစိမ်းတွေကိုလှူဒါန်းတာ ဖြစ်ဖြစ် လူမှုအကူအညီ ပေးတာဖြစ်ဖြစ်ဘယ်လောက် လှူဒါန်းဆောင်ရွက်လိုစိတ် ရှိသလဲ ဆိုတာကို နိုင်ငံပေါင်း ၁၄၀က လူတွေကို စစ်တမ်းကောက်ယူကာ အစီအရင်ခံစာ ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ထိပ်တန်းရောက် အလှူအတန်းအရက်ရောဆုံး ၁၀ နိုင်ငံထဲမှာ လိုင်ဘေးရီးယား၊ မြန်မာနဲ့ နိုင်ဂျီးရီးယား တို့လို ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည်တချို့ ဒါမှမဟုတ် နိုင်ငံရေး တည်ငြိမ်မှု မရှိတဲ့နိုင်ငံတွေလည်း ပါ၀င်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။