အစ္စရေး မပါတဲ့ နိုင်ငံတကာ ညီလာခံမှာ ဂါဇာမှာ အပစ်ရပ်ဖို့ ပန်ကြား

International News
အစ္စရေး မပါတဲ့ နိုင်ငံတကာ ညီလာခံမှာ ဂါဇာမှာ အပစ်ရပ်ဖို့ ပန်ကြား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစ္စရေး မပါတဲ့ နိုင်ငံတကာ ညီလာခံမှာ ဂါဇာမှာ အပစ်ရပ်ဖို့ ပန်ကြား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစ္စရေး မပါတဲ့ နိုင်ငံတကာ ညီလာခံမှာ ဂါဇာမှာ အပစ်ရပ်ဖို့ ပန်ကြား

အနောက်ဘက်ကမ်းမှာ အစ္စရေး စီးနင်းမှုတွေ ပါလက်စတိုင်းthayဆုံးသူ ရာချီ ရှိလာ

ဂါဇာမှာ ချက်ချင်း အပစ်ရပ်ပြီး စာနာမှု အကူအညီတွေ ၀င်ပေးခွင့်ပြုဖို့ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ညီလာခံက ကိုယ်စားလှယ်တွေက ပန်ကြားလိုက်ပါတယ်။

နော်ဝေ ဒုက္ခသည် ကောင်စီက ယန်း အဂ်လန် ကတော့ လုံး၀ အပစ်ရပ်ဖို့ လိုတယ်လို့ ပြောပြီး အစ္စရေးက ဂါဇာကို ဝင်ရောက် စီးနင်းတာဟာ အကုန်လုံးကို ခြုံပြီး အပြစ်ပေးနေသလိုပဲလို့ ဆိုပါတယ်။

အဲဒီညီလာခံမှာ အစ္စရေး ကိုယ်စားလှယ် တက်ရောက်မှု မရှိခဲ့ပါဘူး။

“ဂါဇာ ၊ ဂျေရုဆလင်နဲ့ ဂျော်ဒန်အနောက်ဘက်ကမ်းက ပါလက်စတိုင်းပြည်သူတွေဟာ နိုင်ငံတကာရဲ့ ကာကွယ်စောင့်ရှောက်မှုပေးဖို့ လိုနေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း မျက်နှာလိုက်တာမျိုး မရှိသင့်ဘူး။ ဒီစစ်ပွဲကို အပြီးသတ်အောင် လုပ်ရမယ်။ ဂါဇာမှာ ဝင်ရောက် စီးနင်းမှုတွေ ရပ်ပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာပြေးနေရတဲ့ အခြေအနေကို အဆုံးသတ်ဖို့ လိုပါတယ်”လို့ ပါလက်စတိုင်း အာဏာပိုင်တွေကို ကိုယ်စားပြုတဲ့ ဝန်ကြီးချုပ် မိုဟာမက် ရှာတေးရက်က ပြောပါတယ်။

ဒီညီလာခံကို ဦးဆောင်ကျင်းပတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းကလည်း သူ့အနေနဲ့ လူသားချင်း စာနာမှုအရ အပစ်ရပ်ထား စေလိုပြီး သူတို့လှူမယ့်ပမာထက် ထပ်ဆောင်းပြီး ဒေါ်လာ ၆သန်းဖိုးအကူအညီပေးသွားမယ်လို့ ကတိပေးလိုက်ပါတယ်။

ပါလက်စတိုင်းဒုက္ခသည်တွေ အတွက် ကုလအေဂျင်စီ ကတော့ လက်ရှိ ဂါဇာရဲ့ အခြေအနေဟာ အကြီးအကျယ် ဆိုးရွားလှတယ်လို့ ပြောပါတယ်။

ဂါဇာတောင်ပိုင်းကို မြောက်ပိုင်းက ပါလက်စတိုင်းတွေ ရွှေ့ဖို့ အချိန်ပေး

အစ္စရေးဟာ ဂါဇာမြောက်ပိုင်းက ပါလက်စတိုင်း အရပ်သားတွေကို တောင်ပိုင်းကို ရွှေ့ဖို့ ထပ်မံ လမ်းဖွင့်ပေးနေပါပြီ။

အဓိက လမ်းမကြီး ဖြစ်တဲ့ ဆာလာ အယ်လ် ဒင်း လမ်းကို ဒီမနက် ဒေသစံတော်ချိန် ၁၀ နာရီကနေ ၆ နာရီကြာ ဖွင့်ပေးမယ်လို့ အစ္စရေး ပြောခွင့်ရသူက ဆိုပြီး ဒါဟာ အရင်နေ့တွေတုန်းက ဖွင့်ပေးတဲ့အချိန်ထက် ပိုမိုကြာမြင့်ပါတယ်။

မနေ့ ဗုဒ္ဓဟူးနေ့ကတော့ မြောက်ပိုင်းကနေ ပါလက်စတိုင်း ငါးသောင်းနီးပါး ခြေကျင် ထွက်ခွာလာကြတယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂါဇာစီးတီးမှာ စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်နေပြီး ဒေသခံတွေကတော့ သူတို့ဟာ လူပေါင်းထောင်နဲ့ချီ ခိုလှုံနေတဲ့ အနားက ဆေးရုံ ၂ ရုံကို ပြောင်းရွှေ့နေကြတယ်လို့ ပြောပါတယ်။

အနောက်ဘက်ကမ်းမှာလည်း အစ္စရေးစီးနင်းမှုကြောင့် ပါလက်စတိုင်းတွေ thayဆုံးနေ

ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းမှာ ဂျန်နင်း ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၅ယောက် thayဆုံးပြီး ၆ ယောက် ဒဏ်ရာရသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစ္စရေး စစ်တပ်က တစုံတရာပြောတာ မရှိပေမယ့် စစ်သွေးကြွလို့ သံသယရှိတဲ့ အဖွဲ့တဖွဲ့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အစီရင်ခံစာတရပ် ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်အဖွဲ့က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အနောက်ဘက်ကမ်း ဒေသမှာ အစ္စရေး စစ်တပ်ရဲ့ လက်ချက်ကြောင့် thayဆုံးသူ ပါလက်စတိုင်း အယောက် ၁၆၀ ကျော် ရှိခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။