Netflix ဇာတ်ကားအများစုဟာ ရုံတင်ပြသဖို့ အတွက် အဆင့်အတန်းမမှီကြောင်း ရုပ်ရှင်ရုံ အကြီးအကဲ တစ်ဦးမှဆို

International News

Netflix ဇာတ်ကားတွေဟာ ရုံတင်ပြသဖို့ အဆင့်အတန်းမမှီကြောင်း Vue International ရဲ့ founder တစ်ဦးဖြစ်သူ Tim Richard က ဆိုပါတယ်။ Vue International ဆိုတာကတော့ ကမ္ဘာ့အကြီးဆုံး လုပ်ငန်းတွေထဲက တစ်ခုပါ။

ကိုဗစ်ကာလမှာ ရုပ်ရှင်ရုံတွေ ပိတ်ထားတာ အတော့်ကိုကြာပါပြီ။ ရုပ်ရှင်ရုံတွေ ပိတ်ထားရုံသာမကပဲ ရုပ်ရှင်ရိုက်ကူးရေး ထုတ်လုပ်ရေး စတဲ့ ရုပ်ရှင်နဲ့ ပတ်သတ်တဲ့ ကဏ္ဍတွေ အကုန်လုံး ရပ်နားထားခဲ့ရတာပါ။ Tenet လိုကားမျိုး ရုံတင်တာတောင် အရှုံးပေါ်ပါတယ်။ Christopher Nolan လို ဒါရိုက်တာရဲ့ကားတောင် ဒီကာလမှာ အရှုံးပေါ်ရင် တခြားသူတွေဆို မပြောပါနဲ့တော့

ဒီအချိန်မှာ ပြုံးနေနိုင်တာကတော့ Netflix တို့ Disney++ တို့လို streaming service တွေပါပဲ။ လွယ်ကူ။မြန်ဆန်။ သက်သာတဲ့ ဒီပလက်ဖောင်းတွေဟာ အခုကာလမှာတော့ ရုပ်ရှင်ကြည့်သူတွေရဲဲ့ အသည်းစွဲဖြစ်လာတော့တာပါပဲ။ ဒါက ရုပ်ရှင်ရုံတွေ အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပီလား။

CJ cinema summit ဆိုတဲ့ Podcast show တစ်ခုပြီးခဲ့တဲ့အချိန်မှာ “ ငါ မင်းတို့အားလုံးကို စိန်ခေါ်တယ်ကွာ Netflix မှာ မင်းတို့နောက်ဆုံးကြည့်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ခုကိုပဲ ပြောပြစမ်းပါ” ဆိုပြီး Tweet ခဲ့ပါတယ်။ အဲ့ဒါကို Tim Richards က Netflix ရဲ့ ဇာတ်ကားတွေဟာ ရုံတင်ဖို့ကို အဆင့်မမီဘူးဆိုပြီး မှတ်ချက်ပေးခဲ့တာပါ။

Tim Richards ပြောတာလည်း ဟုတ်တော့ ဟုတ်ပါတယ်။ Netflix အနေနဲ့ စောက်တလွဲတွေ လုပ်နေတာ မနည်း ကြာပါပြီ။ Project Power, Enola Holmes, Extraction စတဲ့ဇာတ်ကားတွေကလည်း ထင်သလောက် ရင်ထဲမရောက်ခဲ့ပါဘူး။ သို့ပေမယ့် တစ်ဖက်မှာလည်း အနှစ်သာရ ပြည့်ဝတဲ့ Roma တို့၊ The Irishman တို့၊ The Devil All the Time တို့လို ဇာတ်ကားတွေဟာ Netflix ကပဲ ထွက်ရှိခဲ့တာပါ။

Streaming Service ဖြစ်တည်မှုနဲ့ ရုပ်ရှင် အရည်အသွေးနဲ့ ဆိုင်မနေတာတော့ အမှန်ပါ။

ပရိသတ်ကြီးရော ဒီအဆိုကို လက်ခံကြလား။

Netflix ဇာတ်ကားတွေဟာ ရုံတင်ဖို့ အဆင့်မမီဘူးဆိုတာရော ဟုတ်ရဲ့လား။

ကွန်းမန့်မှာ ဆွေးနွေးငြင်းခုံသွားလို့ ရပါတယ်နော်။

Leave a Reply