ဆရာဝန်ဟန်ဆောင်ပြီး ဆေးရောင်းတဲ့ TikTok နာမည်ကျော် တစ်ဦးကို ဖမ်းဆီး

Celebrity International News
ဆရာဝန်ဟန်ဆောင်ပြီး ဆေးရောင်းတဲ့ TikTok နာမည်ကျော် တစ်ဦးကို ဖမ်းဆီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆရာဝန်ဟန်ဆောင်ပြီး ဆေးရောင်းတဲ့ TikTok နာမည်ကျော် တစ်ဦးကို ဖမ်းဆီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆရာဝန်ဟန်ဆောင်ပြီး ဆေးရောင်းတဲ့ TikTok နာမည်ကျော် တစ်ဦးကို ဖမ်းဆီး

ဆေးဘက်ဆိုင်ရာ အတွေ့အကြုံမရှိပေမဲ့ ဆရာဝန်အဖြစ် ဟန်ဆောင်ပြီး ကျန်းမာရေး အကြံပေးမှုတွေ လုပ်နေတဲ့ တောင်အာဖရိက လူငယ်တစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိတဲ့ မက်သရူးလာနီဟာ သူ့ကိုယ်သူ တောင်အာဖရိကရဲ့ အသက်အငယ်ဆုံး ဆရာဝန်တစ်ဦးအဖြစ် ကြေညာခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ ကျော်ကြားလာခဲ့တာပါ။ TikTok ပေါ်မှာ follower ၃ သိန်းကျော်ရှိပါတယ်။

ဉာဏ်ရည်ထက်မြက်လွန်းတဲ့အတွက် အတန်းကျော်တက်ခွင့်ရခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာ အထက်တန်းကျောင်း အောင်မြင်ခဲ့ပြီး ဝစ်တက္ကသိုလ်မှာ ဆေးပညာသင်ယူခဲ့တယ်လို့ မက်သရူးလာနီက TikTok မှာ ပြောခဲ့ဖူးပါတယ်။ သူဟာ ဝတ်စုံအဖြူ ဝတ်၊ လည်ပင်းမှာ နားကြပ်ချိတ်ကာ ဆေးရုံမှာ လှည့်လည်နေပုံ တင်လေ့ရှိသလို ကျန်းမာရေးအကြံပေးတာတွေလည်း လုပ်လေ့ရှိပါတယ်။ ဆေးဝါးတွေလည်း ရောင်းချပါတယ်။ ဒါပေမဲ့ လာနီက ဆရာဝန်အစစ် မဟုတ်ပါဘူး။ ဟန်ဆောင်လိမ်ညာနေသူပါ။

ပြီးခဲ့တဲ့လမှာတော့ ဂျိုဟန်နက်စဘတ်မြို့မှ ဟယ်လင်ဂျိုးဆက်ဆေးရုံအတွင်း မက်သရူးလာနီကို ဖမ်းဆီးခဲ့တာပါ။ သူက ဆရာဝန် ဟန်ဆောင်ပြီး ဆေးရုံအတွင်း လှည့်လည်သွားလာနေတုန်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အဖမ်းခံရချိန်မှာ လာနီက ရေအိမ်သွားခွင်ပြုပါလို့ တောင်းဆိုခဲ့ပြီး ပြတင်းပေါက်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမဲ့ လုံခြုံရေးအစောင့်အကြပ်တွေက သူ့ကို ဖမ်းဆီးပြီး ရဲလက်အပ်နိုင်ခဲ့ပါတယ်။

ပန်ခရိယကင်ဆာအကြောင်း သူတင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ သံသယဖြစ်စရာ အကြံပြုချက်တွေ ပါဝင်ရာကနေ အစပြုပြီး ဆရာဝန်ဟန်ဆောင်နေမှန်း ပေါ်ပေါက်ခဲ့တာပါ။ ဝစ်တက္ကသိုလ်နဲ့ တောင်အာဖရိကနိုင်ငံ ကျန်းမာရေးကောင်စီက လာနီဟာ သူတို့ဆီမှာ ပညာသင်ဖူးခြင်း မရှိသလို အဖွဲ့ဝင်မဟုတ်ကြောင်း အတည်ပြုခဲ့ပြီးနောက် TikTok ကလည်း သူ့ရဲ့ဗီဒီယိုတွေကို ဖြုတ်ချပစ်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။