ယူအက်ဖ်စီပြိုင်ပွဲတွင် ပီရူးဖိုက်တာကို မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူအာဗန် အမှတ်ဖြင့် အနိုင်ရ

International News Sports
ယူအက်ဖ်စီပြိုင်ပွဲတွင် ပီရူးဖိုက်တာကို မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူအာဗန် အမှတ်ဖြင့် အနိုင်ရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ယူအက်ဖ်စီပြိုင်ပွဲတွင် ပီရူးဖိုက်တာကို မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူအာဗန် အမှတ်ဖြင့် အနိုင်ရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ယူအက်ဖ်စီပြိုင်ပွဲတွင် ပီရူးဖိုက်တာကို မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူအာဗန် အမှတ်ဖြင့် အနိုင်ရ

အမေရိကန်ပြည်ထောင်စု၌ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည့် UFC 295 ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲတွင် မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား MMA ဖိုက်တာ ဂျော့ရှူအာဗန်က ပြိုင်ဘက်ဖြစ်သူ ပီရူးဖိုက်တာ ကယ်ဗင်ဘော့ဂျာကို အမှတ်ဖြင့် အနိုင်ရရှိသွားခဲ့ကြောင်းသိရသည်။

အဆိုပါပွဲ၏ ပထမအချီ၌ ကယ်ဗင်ဘော့ဂျာ၏ လက်သီးတွဲလုံးများ ဂျော့ရှူအာဗန်ကို ထိချက်မှန်ခဲ့သည်။ ငါးမိနစ်သုံးချီ ထိုးသတ်ရသည့်ပွဲစဉ်၏ ဒုတိယ၊ တတိယအချီများတွင် ဂျော့ရှူအာဗန်အနေဖြင့် ကီဗင်ဘော့ဂျာကို နည်းစနစ်ပိုင်းအသာဖြင့် ဖိအားပေး ထိုးသတ်နိုင်ခဲ့ကာ ပွဲအပြီးတွင် အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ပွဲရရှိခဲ့သည့် ချင်းဖိုက်တာ ဂျော့ရှူအာဗန်အနေဖြင့် UFC ပြိုင်ပွဲတွင် ဒုတိယမြောက်နိုင်ပွဲကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ ဂျော့ရှူအာဗန်အနေဖြင့် UFC ပြိုင်ပွဲတွင် နှစ်ပွဲကစား၊နှစ်ပွဲနိုင်ရလဒ်ရရှိထားကြောင်း သိရသည်။

ရေးသားသူ –The Standard Time Daily

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။