ရေခဲရေအမြဲသောက်ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာမလဲ

Health Knowledge
ရေခဲရေအမြဲသောက်ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာမလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေခဲရေအမြဲသောက်ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာမလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရေခဲရေအမြဲသောက်ရင် ဘယ်လိုဆိုးကျိုးတွေဖြစ်လာမလဲ

ရေခဲရေဆိုတာ သောက်လိုက်ရင် အေးနေလို့ လူတိုင်းက သောက်ကြပါတယ်။ရေခဲရေကို အမြဲတမ်းသောက်နေတဲ့သူတွေ ဘယ်လိုဆိုးကျိုးတွေကြုံရမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

ပူအိုက်နေတဲ့ရာသီမှာရေခဲရေအေးအေးလေးသောက်ရင်ရင်ထဲအေးသွားပေမယ့် ခဏတာပဲအေးစေတာဖြစ်ပြီးတော့ ဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။

ရေခဲရေကိုအမြဲတမ်းသောက်နေတဲ့သူတွေဘယ်လိုဆိုးကျိုးတွေကြုံရမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

အစာခြေဖို့ခက်ခဲသွားစေတယ်

ရေခဲရေအစာအိမ်ထဲကိုရောက်သွားတဲ့အခါမှာ အစာခြေဖျက်တဲ့လုပ်ငန်းစဉ်ကို ပိုမိုခက်ခဲသွားစေပါတယ်။ရေခဲရေကြောင့် ဗိုက်ထဲမှာ မအီမသာဖြစ်တာ လေထတာ အစာမကြေတာတွေလည်းဖြစ်နိုင်ပါသေးတယ်။

လည်ချောင်းနာစေတယ်

ရေခဲရေသောက်ပါများရင် လည်ချောင်းကို ခြောက်သွေ့စေပြီးတော့ လည်ချောင်းနာတာဖြစ်စေပါတယ်။လည်ချောင်းထဲက ချွဲတွေက လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းပေးဖို့ အတွက်အနွေးဓာတ်တစ်ခုအနေနဲ့ပါရှိနေတာပါ။ရေခဲရေကြောင့်ချွဲတွေက လေပြွန်ထဲမှာ ပိတ်ပြီးတော့ လည်ချောင်းနာလာစေတာပဲဖြစ်ပါတယ်။

အဆီပိုတွေစုလာစေတယ်

ရေခဲရေသောက်လိုက်တာနဲ့ ခန္ဓာကိုယ်တွင်းက အပူချိန်တွေကျသွားပါတယ်။အပူချိန်ကျသွားတာနဲ့ အဆီတွေစုသွားစေတာမလို့ ချေဖျက်ဖို့ပိုပြီးခက်ခဲစေပါတယ်။အစာချေတဲ့လမ်းကြောင်းထဲမှာ အဆီတွေခဲသွားစေတာက ချေဖျက်ဖို့လည်းခက်ခဲစေသလို အဆီပိုတွေစုလာစေပါတယ်။

ဝမ်းချုပ်စေတယ်

ရေခဲရေက စားလိုက်တဲ့ အစာတွေကို ခဲသွားစေတာမလို့ အစောမချေနိုင်ပဲ ဝမ်းချုပ်တာတွေဖြစ်လာစေပါတယ်။အစာစားရင် ရေခဲရေသောက်ပြီးမစားသင့်ပါဘူး။

ခေါင်းကိုက်စေတယ်

ရေခဲရေသောက်လိုက်တာနဲ့ အအေးဓာတ်က ကျောရိုးထဲက အာရုံခံအကြောဆီရောက်သွားပြီးတော့ ဦးနှောက်ကို အချက်ပြပေးလိုက်ပါတယ်။ရုတ်တရပ်အအေးဓာတ်ကို အာရုံခံလိုက်ရတဲ့ ဦးနှောက်က ခေါင်းကိုက်တာမျိုးထပြီးဖြစ်စေနိုင်တာပါ။

ရေခဲရေက သောက်ရင်သာ အေးမြမှုကိုရစေတာ သူ့ကိုအမြဲသောက်ရင် ဆိုးကျိုးတွေရှိနေတာမလို့ တတ်နိုင်သလောက် လျှော့သောက်ကြပါ။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။