ဘဲလေးကချေသည်ဖြစ်ချင်တဲ့ ငယ်ဘဝအိပ်မက်ကို အသက် ၆၀ ကျော်မှာအကောင်အထည်ဖော်နိုင်ခဲ့တဲ့ လမ်းသန့်ရှင်းရေးဝန်ထမ်း

International News
ဘဲလေးကချေသည်ဖြစ်ချင်တဲ့ ငယ်ဘဝအိပ်မက်ကို အသက် ၆၀ ကျော်မှာအကောင်အထည်ဖော်နိုင်ခဲ့တဲ့ လမ်းသန့်ရှင်းရေးဝန်ထမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘဲလေးကချေသည်ဖြစ်ချင်တဲ့ ငယ်ဘဝအိပ်မက်ကို အသက် ၆၀ ကျော်မှာအကောင်အထည်ဖော်နိုင်ခဲ့တဲ့ လမ်းသန့်ရှင်းရေးဝန်ထမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘဲလေးကချေသည်ဖြစ်ချင်တဲ့ ငယ်ဘဝအိပ်မက်ကို အသက် ၆၀ ကျော်မှာအကောင်အထည်ဖော်နိုင်ခဲ့တဲ့ လမ်းသန့်ရှင်းရေးဝန်ထမ်း

လမ်းသန့်ရှင်းရေးဝန်ထမ်းတစ်ဦးဟာ အသက် ၆၀ ကျော် အရွယ်မှာ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘဲလေးကချေသည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ တရုတ်အမျိုးသား လျူရှီချင်းဟာ ဆင်းရဲသားမိသားစုကနေ မွေးဖွားလာသူပါ။ ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလမှာ The Red Detachment of Women ဘဲလေးအကအဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ပြီးကတည်းက ဘဲလေးကချေသည် ဖြစ်ချင်စိတ် ကိန်းအောင်းခဲ့ပါတယ်။

ဒါပေမဲ့ မိသားစုအခြေအနေကြောင့် စားဝတ်နေရေးက နံပါတ်(၁) ဦးစားပေးဖြစ်ခဲ့ပြီး ဘဲလေးကချေသည်ဖြစ်ရေး အိပ်မက်ကို ဘေးချိတ်ထားခဲ့ရပါတယ်။ မိဘလက်ငုပ်လက်ရင်းဖြစ်တဲ့ တောင်ယာလုပ်ငန်းကိုပဲ သူ လုပ်ခဲ့တယ်။ အပိုဝင်ငွေရအောင် လမ်းသန့်ရှင်းရေးအလုပ်လည်း လုပ်ရင်းနဲ့ပေါ့။ ဒါပေမဲ့ ဘဲလေးကချေသည် ဖြစ်ချင်စိတ်ကိုတော့ သူ မမေ့လျော့ခဲ့ပါဘူး။

အသက် ၅၃ နှစ်အရွယ်မှာတော့ ဘဲလေးကချေသည်ဖြစ်အောင် လုပ်မယ်လို့ သူ စိတ်ပိုင်းဖြတ်ခဲ့တယ်။ အသက် ၅၀ ကျော်အရွယ်ဆိုတာ လှုပ်ရှားမှုများသွားရင်တောင် အရိုးအဆစ်တွေ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ ဘဲလေးအကဆိုတာ ပုံမှန်လေ့ကျင့်မှုမရှိရင် အခုလို အသက်အရွယ်မျိုးမှာ စတင်လေ့ကျင့်ဖို့ အင်မတန် ခက်ခဲပါတယ်။ ကြံ့ခိုင်မှု၊ ပျော့ပျောင်းမှု အများကြီး လိုပါတယ်။ ဒါပေမဲ့ လျူရှီချင်းက သူ့အိပ်မက်ကို လက်မလျှော့ခဲ့ပါဘူး။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ သူ တစိုက်မတ်မတ် ကြိုးပမ်းခဲ့တယ်။

” ဘဝတစ်လျှောက်လုံး ဘဲလေးကချေသည် ဖြစ်ချင်ခဲ့တာပါ။ တစ်နေ့မှာတော့ တီဗီကနေ ဘဲလေးအက သင်ရိုး ပြနေတာ တွေ့ပြီး ကျွန်တော်လည်း သင်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ လျူရှီချင်းက ဆိုပါတယ်။ လျူရှီချင်းက ဗိုက်အောင့်ရောဂါ ရှိပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး နေ့တိုင်းလိုလို ဘဲလေးအက လေ့ကျင့်ခဲ့ပြီးနောက်မှာတော့ သူ့ရောဂါပါ ပျောက်သွားခဲ့ပါတယ်။ အခုတော့ လျူရှီချင်းက သူ့ရဲ့ငယ်ဘဝအိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဘဲလေးကချေသည် ဖြစ်လာခဲ့ပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။