ဆေးဖက်ဝင် ဥသျှစ်ရွက်

Health Knowledge
ဆေးဖက်ဝင် ဥသျှစ်ရွက်

ဥသျှစ်ပင်ဆိုတာက အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ အပင်တမျိုးပါ။ ဆေးဖက်ဝင်အာနိသင်တွေလည်း ကြွယ်ပါတယ်။ အမြင့်ပေ ၃၀လောက်ထိရှိတဲ့ အပူပိုင်းဒေသအပင်တမျိုးပေါ့။ ဥသျှစ်ရွက်က အစိမ်းရောင်ရှိပြီး ခပ်ရှိန်ရှိန်းအနံ့မွှေးမွှေးလေးရှိပါတယ်။ အိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှာပေါက်ရောက်သလိုမြန်မာနိုင်ငံနဲ့ အခြားတောင်အာရှနိုင်ငံတွေမှာလည်းပေါက်ရောက်ကြပါတယ်။

ဥသျှစ်ရွက်ကပေးတဲ့ ကျန်းမာရေး

ဥသျှစ်ရွက်နုနုလေးတွေက တို့စားလို့ရပါတယ်။ ဒီတို့စားလို့ကောင်းတဲ့ ဥသျှစ်ရွက်လေး စားသုံးပေးတာက

ဆီးချိုကို ထိန်းပေးနိုင်တယ်

ဥသျှစ်ရွက်က သဘာဝ ဝမ်းနုတ်ဆေးတမျိုးပါ။ ဒီအာနိသင်က သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းမှန်တာက ပန်ကရိယကို အင်ဆူလင်ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးတာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။

ဝမ်းမှန်စေနိုင်တယ်

ဥသျှစ်ရွက်ကို နေ့စဉ်မှန်မှန်စားသုံးပေးတာက ဝမ်းချုပ်တာကို သက်သာစေနိုင်သလို ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေစနစ်ကို သန့်စင်စေပြီး အူမကြီးကို ကျန်းမာစေနိုင်ပါတယ်။

နှလုံးရောဂါ သက်သာစေနိုင်တယ်

ဥသျှစ်ရွက်က နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ သွေးတွင်းကိုလက်စထရောပမာဏကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါ မဖြစ်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ပန်းနာရင်ကျပ် နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်နိုင်တယ်

ဥသျှစ်ရွက်က အအေးမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဥသျှစ်ရွက်ကို အစိမ်းပဲ တို့စားစား၊ ရေနွေးဆူဆူထဲကို ထည့်ပြီး ပေါင်းခံရည်ကိုပဲ သောက်သောက် ပန်းနာရင်ကျပ်ရောဂါကို သက်သာစေပြီ အအေးမိတာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ပါးစပ်ထဲက အနာတွေကို သက်သာစေနိုင်တယ်

ဥသျှစ်ရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေပြီး ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်တာကြောင့် ခံတွင်းထဲက အနာတွေကို သက်သာစေဖို့ စားသုံးပေးလို့ ရပါတယ်။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်

ပူပြင်းတဲ့ နွေရာသီလို ရာသီမျိုးမှာ ခန္ဓာကိုယ် အပူချိန်ကို အကောင်းဆုံး ထိန်းညှိနိုင်ဖို့ ဥသျှစ်ရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ဥသျှစ်ရွက်က ကိုယ်တွင်းကအပူချိန်ကို ထိန်းညှိပေးပြီး ရေဓာတ်ဖြည့်ပေးနိုင်သလို အစာအိမ်တွင်းက အက်ဆစ်ပမာဏကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

အရေပြား ဓာတ်မတည့်တာကို သက်သာစေနိုင်တယ်

အရေပြားမှာ ဓာတ်မတည့်မှု တခုခုကြောင့် အဖုအပိမ့်တွေ ထွက်တဲ့အခါ ဥသျှစ်ရွက်ကို ရေစင်အောင် ဆေးလို့ ကြိတ်ခြေပြီး လိမ်းပေးလို့ ရပါတယ်။ ဥသျှစ်ရွက်ပြုတ်ရည်ကို သောက်ပေးလို့လည်း ရပါတယ်။

တန်ဆေး လွန်ဘေး

ဥသျှစ်ရွက်က ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမဲ့ ဥသျှစ်ရွက်ကို အလွန်အကျွံ စားသုံးမယ် ဆိုရင်ဝမ်းချုပ်တာ၊ လေအောင့်တာ၊ အစာအိမ်နာတာ၊ သွေးတွင်းသကြားဓာတ် ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သတိပေးချင်တာက ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် ဥသျှစ်ရွက်ကို စားမယ်ဆိုရင်တောင် သင့်တင့်တဲ့ ပမာဏပဲ စားပါ။

Credit to original uploader

ရေးသားသူ –Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။