နှစ်သက်တမ်း ၈၆၀ ရှိတဲ့ တောင်ကိုရီးယားရဲ့ပြယုဂ် ကမ္ဘာဦးပင်ကြီး

International News
နှစ်သက်တမ်း ၈၆၀ ရှိတဲ့ တောင်ကိုရီးယားရဲ့ပြယုဂ် ကမ္ဘာဦးပင်ကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နှစ်သက်တမ်း ၈၆၀ ရှိတဲ့ တောင်ကိုရီးယားရဲ့ပြယုဂ် ကမ္ဘာဦးပင်ကြီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နှစ်သက်တမ်း ၈၆၀ ရှိတဲ့ တောင်ကိုရီးယားရဲ့ပြယုဂ် ကမ္ဘာဦးပင်ကြီး

နှစ်စဉ်နှစ်တိုင်း ဆောင်းဦးကာလနှောင်းပိုင်းရောက်ရင် တောင်ကိုရီးယားနိုင်ငံက ဘန်ဂျီရီရွာလေးကို ခရီးသည်ထောင်ချီ ရောက်လာလေ့ရှိပြီး နှစ်သက်တမ်း ၈၆၀ ရှိတဲ့ ကမ္ဘာဦးသစ်ပင်ကြီးရဲ့ အလှအပကို လာရောက်ခံစားကြလေ့ရှိပါတယ်။

ဂင်ဂိုပင်လို့လည်း ခေါ်ကြတဲ့ ဒီသစ်ပင်ကြီးက တောင်ကိုရီးယားနိုင်ငံရဲ့ အထင်ကရ ပြယုဂ်တစ်ခုပါပဲ။ ၁၀၄ ပေ မြင့်မားပြီး အကိုင်း၊ အခက်တွေ ဖြန့်ထွက် ဝေစည်နေတဲ့ အဝန်းအဝိုင်းက ၁၇ မီတာလောက် ရှိတယ်။ တစ်ပင်လုံး ဝါထိန်နေပြီး သစ်ရွက်ကြွေတွေကြောင့် မြေပြင်ပေါ်မှာလည်း အဝါရောင်ကော်ဇောကြီး ဖြန့်ခင်းထားသလို မြင်တွေ့ရမှာပါ။ ဒါကြောင့်လည်း တောင်ကိုရီးယားမှာတော့ ဒီအပင်ကြီးကို ကမ္ဘာ့အလှဆုံး သစ်ပင်လို့ တင်စားလေ့ရှိတယ်။

အရင်ကတော့ ဘန်ဂျီရီရွာက ဂင်ဂိုပင်ကြီးကို လာရောက်ကြည့်ရှုသူက အနည်းအကျဉ်းပဲ ရှိတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာတော့ ခရီးသွားမှုပုံစံ ပြောင်းလဲလာပြီး လူလူချင်း ထိတွေ့မှုနည်းတဲ့ ခရီးစဉ်တွေ ပိုရေပန်းစားလာရာကနေ ဂင်ဂိုပင်ကြီးဆီ အလည်လာတဲ့ ခရီးသည် ပိုများလာခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ လွန်မြောက်လာချိန်မှာလည်း ဂင်ဂိုပင်ကြီးဆီ လာရောက်သူ များနေဆဲပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။