Barbie ရုပ်ရှင်ပရိသတ်တွေကြားရေပန်းစားတဲ့ မင်းသားရိုင်ယန်ဂေါ့စလင်းရဲ့ပုံတူ Ken အရုပ်အသစ်

Celebrity International News
Barbie ရုပ်ရှင်ပရိသတ်တွေကြားရေပန်းစားတဲ့ မင်းသားရိုင်ယန်ဂေါ့စလင်းရဲ့ပုံတူ Ken အရုပ်အသစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Barbie ရုပ်ရှင်ပရိသတ်တွေကြားရေပန်းစားတဲ့ မင်းသားရိုင်ယန်ဂေါ့စလင်းရဲ့ပုံတူ Ken အရုပ်အသစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Barbie ရုပ်ရှင်ပရိသတ်တွေကြားရေပန်းစားတဲ့ မင်းသားရိုင်ယန်ဂေါ့စလင်းရဲ့ပုံတူ Ken အရုပ်အသစ်

Barbie ဇာတ်ကားထဲက မင်းသား ရိုင်ယန်ဂေါ့စလင်း သရုပ်ဆောင်ထားတဲ့ Ken က ပရိသတ်တွေကို ဆွဲဆောင်ထားနို်ငခဲ့ပြီး အလွန်ရေပန်းစားလာခဲ့တာပါ။ အဲဒါကြောင့်ပဲ မကြာသေးခင်က ဘာဘီရုပ်တွေ ထုတ်လုပ်တဲ့ Mattel ဟာရိုင်ယန်ဂေါ့စလင်းပုံတူ Ken အရုပ်အသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။

Mattel က Barbie ဇာတ်ကားထဲမှာ ရိုင်ယန်ဂေါ့စလင်း ဝတ်ဆင်ခဲ့တဲ့ Hoodie နဲ့ Ken အရုပ်ကို မိတ်ဆက်ခဲ့တာပါ။ အဲဒီအရုပ်က ရိုင်ယန်ဂေါ့စလင်းရဲ့မျက်နှာအသွင်အပြင်ကစပြီး အဝတ်အစားအထိ အတော်လေးတူပါတယ်။ ဒီအရုပ်ကို Mattel မိတ်ဆက်ပေးမှုက Barbie ရုပ်ရှင်ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဒီအရုပ်ကို Barbie ရုပ်ရှင်ပရိသတ်တွေ နှစ်ခြိုက်နေကြပါတယ်။ တချို့ဆို ၂ ရုပ်တောင် မှာယူထားတယ်လို့တောင် ဆိုကြပါတယ်။ ဒီအရုပ်ကို နိုဝင်ဘာ ၁၄ ရက်နေ့အထိ ကြိုတင်မှာယူရတာပါ။

Barbie ဇာတ်ကားထွက်ရှိခဲ့တုန်းက အတော်လေးပေါက်ခဲ့တာကြောင့် ရိုင်ယန်ဂေါ့စလင်းပုံတူ Ken အရုပ်အသစ်ကလည်း မှာယူတဲ့သူများမယ်ဆိုတာ အသေအချာပါပဲ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။