ဒီနေ့ အလုပ်မသွားပါနဲ့

International News Local News

ဒီနေ့ အလုပ်မသွားပါနဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့သားသမီးဒုက္ခရောက်တော့မယ်ဆိုကြိုသိလို့”ဒီနေ့ အလုပ်မသွားပါနဲ့” လို့ လေယာဉ်မယ် အိုရှင် အက်လီ မာဂါကို သူ့အဖေက နီပေါနိုင်ငံမှာ လေယာဉ်ပျက်ကျတဲ့နေ့က ပြောခဲ့ ဆိုတဲ့ဆောင်းပါးလေးပဲ ဖြစ်ပါတယ်။

“ဒီနေ့ အလုပ်မသွားပါနဲ့” လို့ လေယာဉ်မယ် အိုရှင် အက်လီ မာဂါကို သူ့အဖေက နီပေါနိုင်ငံမှာ လေယာဉ်ပျက်ကျတဲ့နေ့က ပြောခဲ့တာပါ။ အိန္ဒိယမှာ ပညာသင်ကြားခဲ့တဲ့ အသက် ၂၄ နှစ် အရွယ် အိုရှင်က နီပေါနိုင်ငံမှာ လေယာဉ်ပျက်ကျလို့ thayဆုံးသွားခဲ့ပါတယ်။ လေယာဉ်ပျက်ကျတဲ့နေ့၊ ဇန်နဝါရီ ၁၅ ရက်နေ့က အိုရှင်ဟာ အလုပ်ပြီးရင် မိသားစုနဲ့အတူ Maghe Sankranti ပွဲတော်ကို ကျင်းပဖို့ ပိုခါရာမြို့ကနေ ပြန်လာခဲ့မယ်လို့ ကတိပေးပြီး နေအိမ်ကနေ ထွက်သွားခဲ့တာပါ။

မနက်စောစောလောက်မှာ သူ့ကို အခါကြီးရက်ကြီးမှာ အလုပ်မသွားဖို့ ပြောခဲ့တယ်လို့ သူ့ရဲ့ဝမ်းနည်းပူဆွေးနေတဲ့ ဖခင်ဖြစ်သူ အငြိမ်းစားစစ်မှုထမ်းမိုဟမ် အက်လီ မာဂါက ပြန်ပြောပြပါတယ်။ ဖခင်ဖြစ်သူ အလုပ်မသွားခိုင်းတဲ့နေ့မှာပဲ Yeti လေကြောင်းလိုင်းရဲ့ 9N-ANC ATR-72 လေယာဉ်ပျက်ကျပြီး thayဆုံးခဲ့သူတွေထဲမှာ လေယာဉ်မယ်လေး အိုရှင်ပါဝင်ခဲ့ပါတယ်။ လေယာဉ်ပျက်ကျတဲ့သတင်းကြားရတဲ့အချိန်မှာ အိုရှင်ရဲ့မိသားစုက အိမ်မှာ ပွဲတော်ကို ဆင်နွှဲဖို့ ပြင်ဆင်နေခဲ့တာပါ။ သူ့အဖေနဲ့အမေတို့က ပိုခါရာမြို့ဆီ သွားပြီး သမီးဖြစ်သူရဲ့ရုပ်အလောင်းကို အတည်ပြုခဲ့ပါတယ်။

အိုရှင်က Yeti လေကြောင်းလိုင်းမှာ အလုပ်လုပ်တာ (၂) နှစ်ရှိပါပြီ။ အိုရှင်ဟာ မဒီမြို့ကဖြစ်ပြီး အလုပ်စလုပ်တဲ့အချိန်မှာ ခတ္တမန္ဒူမြို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ (၆) လလောက်က သူ့မိသားစုနဲ့ မွေးချင်းမောင်နှမ (၃) ဦးကို ခတ္တမန္ဒူမြို့မှာ သူနဲ့အတူ နေထိုင်စေခဲ့တယ်။ အိုရှင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ပိုခါရာမြို့မှာ လက်ထပ်ခဲ့ပြီး သူ့ခင်ပွန်းက ဗြိတိန်မှာ ရှိ‌နေပါတယ်။

အခုအချိန်အထိ ရုပ်အလောင်း ၇၀ ကို ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် (၂) လောင်းကျန်ရှိနေသေးတယ်လို့ နီပေါရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။