အချစ်အတွက်ပေးဆပ်ကြသူများ(လက္ခဏာဗေဒင်)

Astrology
အချစ်အတွက်ပေးဆပ်ကြသူများ(လက္ခဏာဗေဒင်)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချစ်အတွက်ပေးဆပ်ကြသူများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချစ်အတွက်ပေးဆပ်ကြသူများ(လက္ခဏာဗေဒင်)

ကျွန်ုပ်တို့၏ လက်ဝါးပြင်များ၌ အချစ်ရေး ကံခေစေသော၊ အချစ်ကြောင့် ဘဝပျက်ရသော၊ အချစ်ကြောင့် နာကြင်ရသော ၊ အချစ်ကြောင့် ပေးဆပ်ရသော၊ စုံလုံးကန်း အချစ်၊ မျက်ကန်းအချစ် တို့ဖြစ်ပေါ်စေသည့် လက္ခဏာအမှတ်အသားများရှိကြပေသည်။ ထိုများစွာထဲမှ အောက်ပါ ပုံ ၁၊ ၂၊ ၃ အကြောင်းတို့ကို ရှင်းပြပေးပါအုံးမည်။

ပုံ – ၁

ပုံ – ၁ တွင် ပြထားသည်ကတော့ နှလုံးလမ်းကြောင်းထိပ်တွင် မျဥ်းကြောင်းတစ်ခုပိတ်ရပ်နေခြင်း ပဲ ဖြစ်ပါတယ်။ ကြက်ခြေခက် သဏ္ဍန်ဖြင့်တည်ရှိနေခြင်းဖြစ်ပါတယ်။ တိုသောမျဥ်းဖြစ်ပါတယ်။ စနေနှင့်ဆက်နွယ်ထားသောမျဥ်းများမဟုတ်ပါပေ။

တကယ်တော့ ထိုကဲ့သို့ မျဥ်းကြောင်းတစ်ခု သည် နှလုံးထိပ်တွင် ပိတ်ရပ်လျက်ရှိပြီး ကြက်ခြေခက်သဏ္ဍန် ဖြစ်ပေါ်နေပါက နှလုံးလမ်း ကြောင်းပျက်စီးစေသော အမှတ်အသားတစ်ခုပင်ဖြစ်ပါတယ်။

ထိုကဲ့သို့ မျဥ်းတိုလေးသည် နှလုံးလမ်းထိပ်တွင် ပိတ်ရပ်နေပါက ထိုသူတို့သည် အချစ်ကို ဦးစားပေးမှုလွန်ကဲကသူများဖြစ်ကြပါတယ်။ ထိုသူတို့သည် အချစ်ရေး အသည်းကွဲခြင်း၊ အချစ်ကြောင့် နာမျက်ပျက်ခြင်း၊ အချစ်ကြောင့် ဂုဏ်သက္ခာကျဆင်းခြင်း တို့ဖြစ်ပေါ်ကာ နောက်ဆုံးမှာတော့ တည်ဆောက်ထားတဲ့ အချစ်ဗိမ္မာန် ကြီး ပြိုကွဲပျက်စီးသွားတတ်ကြပါတော့တယ်။

ထိုသူတို့၏ ဘဝတွင် မိမိချစ်သောသူအား မေတ္တာမှန်များ ပေးတတ်ကြသော်လည်း မေတ္တာပေးလို့ မေတ္တာပြန်မရကြသူများသာ ဖြစ်ကြပါတော့တယ်။ ထိုသူတို့မှ မိမိချစ်သူအား ကြာရှည်စွာ ချစ်မိကြသော်လည်း နောက်ဆုံးတွင် မိမိပေးသည့် မေတ္တာများက အရာမထင်ပဲ အချစ်ဗိမ္မာကြီး ပြိုကွဲသွားကြရပါတော့တယ်။

စိတ်ဓာတ်ပြိုလဲလွယ်သော အမှတ်အသားများပါရှိလျှင် အသက် သေ သည် အထိပင် အချစ်ဒုက္ခခံစားကြရသူများဖြစ်ပါတော့တယ်။ ထိုသူတို့သည် အသည်းကွဲဖို့ဖြစ်လာကြသူများဖြစ်ကာ အချစ်အတွက် မိမိဘဝရဲ့ တစ်စိတ်တစ်ပိုင်းကိုပင် ပေးဆပ်ကြသူများပဲ ဖြစ်ပါတော့တယ်။

ပုံ – ၂

ပုံ ၂ တွင် ကံကြမ္မာထီးရိုးသည် နှလုံးလမ်းကြောင်း၌ ရပ်တန့်နေခြင်းပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ကံထီးရိုးသည် နှလုံးလမ်းကြောင်း၌ ရပ်တန့်နေပါက ထိုသူတို့သည်လည်း အချစ်အတွက်ပေးဆပ်ကြသူများပဲ ဖြစ်ပါတယ်။

ထိုသူတို့သည် အချစ်အတွက် အရာရာပေးဆပ်ကြသူများဖြစ်ပြီး ချစ်သူမျက်နှာတစ်ချက်ညိုးသွားမည်ကို မခံတတ်လိုကြသူများပဲ ဖြစ်ပါတယ်။ ထိုသူတို့သည် ချစ်သူကို အရိပ်တကြည့်ကြည့် ကြည့်နေကြသူများ ဖြစ်ကြပြီး ချစ်သူက လုပ် လုပ်ပြန်ပြီ။ သွား သွားပြန်ပြီ။ ထိကဲ့သို့ အရိပ်တကြည့်ကြည့် ကြည့်နေတတ်ကြသူများ ဖြစ်ကြပါတယ်။ အချစ်ရေးတွင် လည်း သည်းခံနိုင်စိတ် အားနည်းကြသူများပဲ ဖြစ်ပါတယ်။

ထိုသူတို့သည် ချစ်သူအတွက်ဆိုလျှင် မီးပင်လယ်ကိုတောင် ဖြတ်ကျော်ဝံ့သူများဖြစ်ကြပါတယ်။ ထိုသူတို့သည် အချစ်အတွက် ဘဝကို စွန့်လွှတ်ရဲ ကြ သူများဖြစ်ကြပါတယ်။ ထိုသူတို့ အိမ်ထောင်ကျသော အခါတွင်လည်း အိမ်ထောင်ဖက်အပေါ် သက်ဆုံးတိုင် ပေးဆပ်ကြနေမြဲပဲ ဖြစ်ပါတော့တယ်။

ထိုသူတို့၏ အဆိုးရလဒ်ကတော့ ထိုသူတို့သည် စိတ်ညစ်စရာ တစ်ခုခုပေါ်လျှင် အဆုံးထိ စိတ်ဓာတ်ကျလွယ်သူများဖြစ်ကြပါတယ်။ (ကောင်းမွန်သင့်တင့်သော လက်ရေဇာ၊ လက်ပုံစံများပါဝင်ထားလျှင်တော့ စိတ်ဓာတ်ပြန်လည် မြှင့်တင် နိုင်စွမ်းရှိပါတယ်)။ ထိုသူတို့သည်လည်း အချစ်အတွက် ဘာမဆို စွန့်လွှတ်ရန် ဝန်မလေးသဖြင့် ထိုသူတို့၏ ဘဝတွင် ရည်ရွယ်ချက်အချို့၊ ဘဝတစ်စိတ်တစ်ပိုင်းအချို့ ကိုပင် ပဓနမထားပဲ ပျက်ဆီးခံကြသူများဖြစ်ကြပါတယ်။ ထို့ကြောင့် ထိုသူတို့သည်လည်း အချစ်အတွက်ပေးဆပ်ဖို့မွေးဖွားလာကြသူများပဲ ဖြစ်ပါတော့တယ်။

ပုံ – ၃

ပုံ – ၃ သည် ကြာသပတေးဂြိုလ်ခုံ အထက်ပိုင်းမှ အစပြုသော နှလုံးလမ်းကြောင်း ပိုင်ရှင်များ ဖြစ်ကြပါတယ်။ ဂြိုလ်ခုံတစ်ခုတွင် အပိုင်း သုံးပိုင်းခွဲခြားထားပါတယ်။ ဂြိုလ်ခုံ၏ အထက်ပိုင်း၊ အလယ်ပိုင်း၊ အောက်ခြေပိုင်း ဟူ၍ ဖြစ်ပါတယ်။ ယခု နှလုံးလမ်းကြောင်းသည် ကြာသပတေးဂြိုလ်ခုံ အထက်ပိုင်း လက်ညိုးအောက်ခြေမှ အစပြုလာသည့် နှလုံးလမ်းကြောင်း အမျိုးအစားပဲ ဖြစ်ပါတယ်။

ထိုသူတို့သည် ချစ်ခဲ့မိပါက ချစ်သူနှင့်အတူဆိုလျှင် တဲအိုပျက်တွင် အတူနေရနေရ၊ ထမင်းကြမ်းယပ်ခက်စားရစားရ၊ မီးပင်လယ်ကို လက်ပစ်ကူးရကူးရ ချစ်သူနဲ့ အတူတူရှိလျှင် ဘာမဆို ရင်ဆိုင်ရဲဝံ့သူများဖြစ်ကြပါတယ်။ မိိမိချစ်သူက ဘယ်လောက်ဆိုးဆိုး ဘယ်သူတွေက ဘယ်လောက်မကောင်းပြောပြော မိမိချစ်သူအတွက်ဆိုလျှင် ဘာကိုမှ ဂရုမစိုက်တတ်ကြသူများ ဖြစ်ကြပါတယ်။

ဒူးနဲ့မျက်ရည် သုတ်ရရင်တောင် အချစ်အတွက် အပစ်မမြင်တတ်ကြသူများပဲ ဖြစ်ပါတော့တယ်။ စံတင်လောက်သည့် အချစ်စိတ်ကိုပိုင်ဆိုင်ထားကြသူများဖြစ်ပြီး အချစ်အတွက် အသက်ကိုပင် စွန့်ရန် ဝန်မလေးတတ်ကြသူများဖြစ်ပါတော့တယ်။ တကယ်တော့ ထိုသူတို့သည် အချစ်ကြီးကြသူများဖြစ်လျက် အချစ်အတ်က်ပေးဆပ်ရန်အဆင်သင့်ဖြစ်နေတတ်ကြသူများပဲ ဖြစ်ပါတော့တယ်။

ရေးသားသူ – EC B.A.(Eng) လက္ခဏာနှင့်ကေပီရှေ့ပြေးနက္ခတ်ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။