အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့ Queen Cleopatra

International News
အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့ Queen Cleopatra

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့ Queen Cleopatra ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုးဝါးဆုံး အခြေအနေကို ရင်ဆိုင်နေရတဲ့ Queen Cleopatra

Netflix ရဲ့ docudrama ဇာတ်လမ်းတွဲ Queen Cleopatra ဟာ စတင်မထုတ်လွှင်ခင်ကတည်းက သမိုင်းနယ်ပယ်၊ ရုပ်ရှင်နယ်ပယ်၊ လူ့အခွင့်အရေးနယ်ပယ်ကစလို့ ပညာရှင် အသိုင်းအဝိုင်းတွေအဆုံး ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပြီး ထုတ်လွှင့်ပြသခဲ့ချိန်မှာလည်း အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အပိုင်းလေးပိုင်းပါတဲ့ Queen Cleopatra ဇာတ်လမ်းတွဲဟာ လက်ရှိအချိန်မှာ Rotten Tomatos မှာ ဝေဖန်ရေးသမားရဗျူး 9 ခုနဲ့ Tomatometer ၁၁ ရာခိုင်နှုန်း သာရရှိထားပြီး Audience Score မှာတော့ ပရိသတ်ရဗျူးပေါင်း ၂၅၀၀ ကျော်နဲ့ ၂ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။

နောက်ထပ် ရုပ်ရှင်ဒေတာဘေ့စ်တစ်ခုဖြစ်တဲ့ IMDb မှာလည်း 1.2/10 ပဲ ရရှိထားပြီး မယုံကြည်ချင်စရာကောင်းလောက်တဲ့ Rating တွေရနေတာပါ။

Netflix ဟာ ဘယ်လိုစိတ်ကူးနဲ့ သမိုင်းပြောင်းပြန်လှန်တဲ့ Queen Cleopatra လို ဇာတ်လမ်းတွဲကို ဘာလို့ခွင့်ပြုတယ်ဆိုတာ မစဥ်းစားတတ်အောင်ပါပဲ။

Queen Cleopatra မှာ ကလီယိုပတ်ထရာနေရာအတွက် အာဖရိကန်-ဗြိတိန်သရုပ်ဆောင်တစ်ဦးကိုအသုံးပြုထားတဲ့အတွက် အီဂျစ်ရှေးဟောင်းသုတေသနပညာရှင် Zahi Hawass ဟာ ပြင်းပြင်းထန်ထန်ဝေဖန်ထားပါတယ်။

Zahi Hawass ဟာ အမေရိကန်၊ လော့စ်အိန်ဂျလစ်စ်မြို့က တက္ကသိုလ်တစ်ခုမှာ ပါမောက္ခအဖြစ်စာသင်ပြနေလျက်ရှိပြီး ကလီယိုပတ်ထရာနေရာအတွက် ဝေဖန်မှုတွေကြောင့် လူတစ်စုက ၎င်းရဲ့စာသင်ခန်းမှာ လူမျိုးရေးခွဲခြားမှုဆန်တဲ့ ဝေဖန်မှုမျိုးပြုလုပ်ရကောင်းလားဆိုပြီး ဆန့်ကျင်ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပါသေးတယ်။

Zahi Hawass ကတော့ al-Qahira wal Nas (Cairo and the People) ရုပ်သံလိုင်း​က Hadith al-Qahira (Cairo Talk) အစီအစဥ်မှာ ၎င်းအပေါ် ဆန္ဒပြမှုတွေကို အခုလိုတုံ့ပြန်လာပါတယ်။

“လူမည်းတွေကိုဆန့်ကျင်နေတာမဟုတ်ပါဘူး။ အာရှတိုက်မှာလည်းဒါမျိုးဖြစ်လာရင်လည်း ကျွန်တော့်ဘက်က ဆန့်ကျင်ရမှာပါပဲ။”

ဟောလိဝုဒ်က ထုတ်လုပ်ရေးကုမ္ပဏီတွေဟာ လူမျိုးရေးကိစ္စတွေကိုအကြောင်းပြုပြီး စီးပွားရေးပြုလုပ်နေရာကနေ ယခုအခါမှာတော့ Queen Cleopatra ဟာ လူမျိုးရေးပဋိပက္ခတွေကို ပိုမိုအရှိန်မြင့်လာစေနေကြောင်းတွေ့ရှိရပါတယ်။

ရေးသားသူ – Myanmar Varient Entertainment

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။