နိုင်ဂျီးရီးယားအမျိုးသမီး ဖန်တီးတဲ့ ကမ္ဘာ့အရှည်ဆုံး ဆံပင်တု

International News
နိုင်ဂျီးရီးယားအမျိုးသမီး ဖန်တီးတဲ့ ကမ္ဘာ့အရှည်ဆုံး ဆံပင်တု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နိုင်ဂျီးရီးယားအမျိုးသမီး ဖန်တီးတဲ့ ကမ္ဘာ့အရှည်ဆုံး ဆံပင်တု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားအမျိုးသမီး ဖန်တီးတဲ့ ကမ္ဘာ့အရှည်ဆုံး ဆံပင်တု

နိုင်ဂျီးရီးယားအမျိုးသမီးတစ်ဦးဟာ ၁၁ ရက်ကြာ အချိန်ယူပြီး ကမ္ဘာ့အရှည်ဆုံး ဆံပင်တု ဖန်တီးကာ စံချိန်သစ် တင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဆံပင်တုဖန်တီးသူ ဟယ်လန်ဝီလျံ ဖန်တီးတဲ့ ဆံပင်တုဟာ ၁၁၅၂ ပေ၊ ၅ လက်မ ရှည်လျားပြီး ဂင်းနက်စ် စံချိန် တင်နိုင်ခဲ့တာပါ။

ဝီလျံဟာ ဆံပင်တု ၁၀၀၀ ၊ ဆံပင်ဖျန်းဆေး ၁၂ ဘူး၊ ကော် ၃၅ ဘူး၊ ဆံပင်ညှပ်ကလစ် ၆၂၅၀ ကို အသုံးပြုပြီး ဆံပင်တု ဖန်တီးခဲ့တာပါ။ ဝီလျံဟာ ဆံပင်တု ဖန်တီးတဲ့ သက်တမ်း ၈ နှစ်ရှိပြီး တစ်ပတ်ကို ဆံပင်တု ၅၀ ကနေ ၃၀၀ ကြား ဖန်တီးလေ့ရှိပါတယ်။

” ကမ္ဘာ့အရှည်လျားဆုံး ဆံပင်တုဖန်တီးဖို့ ပစ္စည်းတွေ ရှာဖွေရတာ မလွယ်ကူပါဘူး။ ဆံပင်တုဖန်တီးမှု အတွေ့အကြုံကြောင့်သာ အခုလို ဖန်တီးနိုင်ခဲ့တာပါ” လို့ ဝီလျံက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။