ခြေလက်ထုံကျင်ကာ သွေးကြောပိတ်ခြင်ခြင်းအတွက် ဆေးနည်း

Health Knowledge
ခြေလက်ထုံကျင်ကာ သွေးကြောပိတ်ခြင်ခြင်းအတွက် ဆေးနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြေလက်ထုံကျင်ကာ သွေးကြောပိတ်ခြင်ခြင်းအတွက် ဆေးနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြေလက်ထုံကျင်ကာ သွေးကြောပိတ်ခြင်ခြင်းအတွက် ဆေးနည်း

ခြေလက်ထုံကျင်

ဆေးလိပ် အလွန်အကျွံသောက်သောကြောင့်ဟု အပြောခံရပြီး ကျွန်တော် ခြေလက်ထုံကျင်သော ရောဂါဖြစ်ခဲ့ပါသည်။

(ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင်(သို့) ဘားကြောပင်)

ကျွန်တော်သည် ခြေလက်ထုံကြင်သော ရောဂါ ဖြစ်ခဲ့ပါသည်။ နားလည်သောသူများက

ဆေးလိပ်အလွန်အကျွံ သောက်သောကြောင့် သွေးကြောပိတ်ချင်သည်ဟု ပြောပါသည်။

ဆောင်းရာသီတွင် ပို၍ ဆိုးရွားပါသည်။ လိမ်းဆေးများ လိမ်းသော်လည်း မပျောက်ပါ။

အကြောတစ်ထောင်ရွက်ကို တစ်ခါစား တစ်ရွက် တစ်နေ့နှစ်ကြိမ် ဒီတိုင်း ဝါးစားသောအခါ အံ့သြစရာကောင်းအောင် ရက်ပိုင်းအတွင်း ပျောက်ကင်းသွားပါသည်။

ယခုဆိုလျှင် ၂ နှစ်ကျော်ခန့်ရှိပါပြီး။ ထပ်မဖြစ်တော့ပါ။ ထိုအရွက်ကို တစ်ကြိမ်ထဲတွင် များများစား၍ မရဟု တတ်ကျွမ်းသော ဆရာများကပြောပါသည်။ လူအပေါင်းတို့၏ အကျိုးကိုမျှော်ကိုး၍ တင်ပြလိုက်ပါသည်။

ပေါက်ရောက်ရာဒေသ

အလွန်အေး၍ မြင့်မားသော တောင်ပေါ် အရပ်ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင်နှင့် အနီးတစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာ၀အလျောက် ပေါက်ရောက်၏။

အပင်

မြေ၌ ကပ်ပေါက်သည့် မိုးသက်ပင်ငယ်မျိုး ဖြစ်သည်။

အရွက်

အရွက်များ ရွက်ထိပ်ဝိုင်း သို့မဟုတ် အနည်းငယ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာရှည်သည်။ ရွက်နား ခွေးသွား စိပ်ယောင်ယောင်ရှိ၍ လှိုင်းတွန့် အနည်းငယ် ရှိသည်။

အရွက်ရိုးတံ အရွက်ရင်းကို ချိုး၍ ဆွဲကြည့်သော်

ကြက်ပေါင်စေးကဲ့သို့ လည်းကောင်း၊ ချည်မျှင်ကလေးများ ကဲ့သို့ လည်းကောင်း သေးငယ်၍ ဖြူသော အမျှင်ကလေးများ ဖြစ်ပေါ်လာသည်။

အပွင့်

ပွင့်ညှာတံလုံးပြီး အုန်းလက်တံခန့် ရှိသည်။ အလျား ၇-၈ လက်မထိ ရှည်သည်။ ပွင့်ညှာတံ ၏ ၃ ပုံ ၂ ပုံ ခန့်ထိ သေးငယ်သော အပွင့်များ စီတန်းလျက် ပွင့်သည်။ ပွင့်တံကိုင်း ၄-၇ ထိ ထွက်၏ ။

အသီး

အစေ့များ အလွန်သေးငယ်ပြီး ချွဲကပ်စေးထန်၏။

အသုံးဝင်ပုံ

အရွက်၊ ပဉ္စငါးပါး ၊ အမြစ်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏၊ ဆီးရွှင်စေ၏။ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း၊ ဝမ်းတွင်း၌ ရစ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို ပျောက်ရန် အတွင်းဆေး၊ အပြင်ဆေးအဖြစ် သုံးနိုင်သည်။ အားတိုးဆေးအဖြစ်လည်း များစွာ အသုံးပြုရ၏။

အရွက်အသုံးပြုပုံ

၁။ ပျား၊ ပဆုပ်ပနီ၊ နဂျီ စသည့် အဆိပ်ရှိသည့် သတ္တဝါများ တုပ်ခြင်း၊ ကိုက်ခြင်းနှင့် အခြားအဆိပ်သင့်သော ရောဂါများအတွက် အရွက်အစိမ်းကို ညက်ညက်ကြိတ်၍ ကိုက်သော ဒဏ်ရာများ၌ လိမ်းပေးခြင်း၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏။ အနာများမှလည်းကောင်း၊ ထိခိုက်ရှနာသော ဒဏ်ရာများမှလည်းကောင်း၊ သွေးစိမ်းများ ယို

သောအခါ၌ အထက်ပါအတိုင်း ပြုလုပ်ပေးခြင်းဖြင့် သွေးယိုစီးခြင်းကို ရပ်တန့်စေ၏။

၂။ အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။

၃။ ခံတွင်း၌ ပူလောင်ပေါက်ကွဲခြင်း၊ အပူဖု၊ အပူအိတ်များ ပေါက်ခြင်း၊ လျှာကွဲလျှာနာ ဖြစ်ခြင်း၊ သွားကိုက်သွားနာ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီးကမ်းပြိုဖြစ်ခြင်းများအတွက် အရွက်ပြုတ်ရည်ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။

၄။ အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခတ်ပေးသော် နားကိုက်နားပြည်ယို ရောဂါ ပျောက်၏။

၅။ ၎င်းကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျားရောဂါ အမြစ်ပြတ်၏။

၆။ အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံခြင်းဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။

၇။ အရွက်ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက်၏။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။

၈။ အရွက်ပြုတ်ရည်ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။

ပဉ္စငါးပါးအသုံးပြုပုံ

၁။ ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။

၂။ အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။

အမြစ်အသုံးပြုပုံ

၁ ။ နာတာရှည်အဖျား၊ ရက်ခြားဖျား ရောဂါများအတွက် အရွက်နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။

ရေးသားသူ –shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။