စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၆) မျိုး

Health Knowledge
စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၆) မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၆) မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စိတ်ကျ ရောဂါ ပိုဆိုးစေမယ့် အစားအသောက် (၆) မျိုး

ဒီပရက်ရှင် ဝင်နေပြီ၊ စိတ်ကျ နေပြီဆိုရင် ဘာမှမလုပ်ချင်၊ မတွေးချင်တော့ဘူး။ ဘာကိုမှ စိတ်မပါတော့သလို အစားအသောက် ကိုလည်း ဖြစ်သလို စားတတ်ကြပါတယ်။
ဒီလိုအချိန်မှာ အစာစားချိန် မမှန်တာ၊ အစားအသောက် ရွေးချယ်မှု မှားယွင်းတာတွေကြောင့် စိတ်ကျန်းမာရေး ကို ပိုဆိုးစေနိုင်တာကို သုတေသနတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အစားအသောက်က ခန္ဓာကိုယ် အတွက်တင် မကဘဲ စိတ်ကျန်းမာရေး အတွက်ပါ သက်ရောက်မှု မသေးဘူး ဆိုတာ သိခဲ့ရတာပါ။
စိတ်ကျ လက္ခဏာ ရှိနေသူတွေဟာ ဒီအစားအစာတွေ စားရင် ပိုဆိုးလာနိုင်ပါတယ်

(၁) အချိုများတဲ့ အစားအသောက်

စိတ်ဖိစီး၊ စိတ်ညစ်နေတဲ့အချိန်မှာ အချိုတောင့်တတတ်တယ်လို့ ပြောကြတယ်။ အချိုစားပေးရင် စိတ်ကျဝေဒနာ သက်သာသွားမယ်လို့ ယူဆကြတာကိုး။ အမှန်တော့ အဲဒီအစားအသောက်တွေမှာ ပါတဲ့ သန့်စင်ပြီးသား သကြားတွေက စိတ်ကျဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။

အချိုစားခြင်းက ခဏတာ စိတ်ကို တက်စေနိုင်ပေမယ့် မြန်မြန်ဆန်ဆန်ပဲ ပြန်ကျသွားစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် အတက်အကျပြဿနာကြောင့် နောက်ဆုံးမှာ ဗိုက်ဆာတာနဲ့ စိတ်တိုတာ ပဲ ဖြစ်ကျန်စေပြီး စိတ်ပူပန်မှုတွေ၊ စိတ်ကျ လက္ခဏာတွေကို မသက်သာစေနိုင်ဘူးလို့ ဆိုပါတယ်။

(၂) သကြားတု

Aspartame လို့ ခေါ်တဲ့ သကြားအတုက စိတ်ကျခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ Aspartame က စိတ်တည်ငြိမ်ပျော်ရွှင်မှုနဲ့ သက်ဆိုင်တဲ့ ဆီရိုတိုနင်ဟော်မုန်း ထွက်ရှိမှု ပမာဏကို လျော့နည်းစေနိုင်တာမို့ စိတ်ကျ ရောဂါ ရှိသူတွေမှာ လက္ခဏာ ပိုဆိုးစေနိုင်ပါတယ်။

ဒါ့အပြင် ခေါင်းကိုက်တာ၊ စိတ်အတက်အကျ အပြောင်းအလဲမြန်တာ၊ ညအိပ်မပျော်တာတွေ ဖြစ်နိုင်ပါသေးတယ်။

(၃) ပြုပြင်စီမံထားတဲ့ အစားအစာ

ပြုပြင်စီမံထားတဲ့ အသား၊ ရယ်ဒီမိတ် အကြော်အလှော်တွေ၊ အဆီများတဲ့ နို့ထွက်ပစ္စည်းတွေ စတဲ့ အသင့်စားတွေကို များများစားမိရင် စိတ်ကျ လက္ခဏာတွေ ပိုဆိုးစေနိုင်ပါတယ်။ လတ်ဆတ်တဲ့ အစားအစာတွေပဲ စားပါ။

(၄) ကော်ဖီ

ကော်ဖီ သောက်လိုက်ရင် လန်းသွားမယ်လို့ ယူဆတာရယ်၊ စိတ်ညစ်နေချိန် ကော်ဖီဆိုင် ထိုင်ပြီး တွေးနေရတာ စိတ်ပြေလျော့တယ်လို့ ယူဆတာရယ် အမှားကြီးမှားတတ်ကြပါတယ်။

သောက်ပါများတဲ့ အခါ ကော်ဖီ မှာပါတဲ့ ကဖင်းတွေက လူကို ကတုန်ကယင် ဖြစ်စေတာ၊ ရင်တုန်စေတာ အပြင် အိပ်ရေးပါ ပျက်စေနိုင်ပါတယ်။ အိပ်မပျော်၊ အိပ်ရေးပျက်ရာကနေ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုတွေ ကို ပိုဆိုးစေတော့တာပေါ့။

(၅) အားဖြည့်အချိုရည်

လန်းဆန်းတက်ကြွစေဖို့ ဆိုပြီး အားဖြည့်အချိုရည်တွေ လှိမ့်သောက်နေတာမျိုးက နှလုံးခုန်မမှန်တာ၊ စိုးရိမ်စိတ်ပိုများလာတာ၊ အိပ်မပျော်တာ စတဲ့ ပြဿနာတွေ အဖတ်တင်သွားစေနိုင်ပါတယ်။ ခဏတော့ ဟုတ်မလိုလိုနဲ့ ရေရှည်ကျန်ခဲ့တဲ့ ဆိုးကျိုးတွေကြောင့် စိတ်ကျ ဝေဒနာ ပိုဆိုးသွားနိုင်ပါတယ်။

သူတို့မှာ သကြားတုတွေ၊ ကဖင်းတွေ အကုန်ပေါင်းစပ်ထားတာမို့ အပေါ်က အစားအသောက်တွေထက် သက်ရောက်မှု ပိုဆိုးပါလိမ့်မယ်။

(၆) အရက်

စိတ်ညစ်လို့ အရက်သောက်၊ ဘီယာသောက်ကြတာ ပိုစိတ်ညစ်ရမယ့်လမ်း ဆိုတာ သဘောမပေါက်ကြပါဘူး။ အယ်လ်ကိုဟောက အိပ်စက်မှုကို အနှောင့်အယှက် ပေးပါတယ်။

အိပ်နေလည်း ခန္ဓာကိုယ်က အမှန်တကယ် အနားမယူနေ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်တဲ့ အတွက် အရက်ကြောင့် ဖြစ်တဲ့ ဆိုးကျိုးအပြင် အိပ်ရေးပျက်ခြင်းရဲ့ သက်ရောက်မှုတွေပါ ခံစားရပါလိမ့်မယ်။

 

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။