ပိုင်ဆိုင်သမျှ ရူပီးကုဋေ ၂၀၀ လုံးကို လှူဒါန်းပြီး သာသနာ့ဘောင် ဝင်တော့မယ့် အိန္ဒိယဇနီးမောင်နှံ

International News
ပိုင်ဆိုင်သမျှ ရူပီးကုဋေ ၂၀၀ လုံးကို လှူဒါန်းပြီး သာသနာ့ဘောင် ဝင်တော့မယ့် အိန္ဒိယဇနီးမောင်နှံ

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှ လူချမ်းသာ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ပိုင်ဆိုင်သမျှ အရာအားလုံး (ရူပီး ကုဋေ ၂၀၀ တန်ဖိုးရှိ)ကို ပရဟိတအဖွဲ့အစည်းထံ လှူဒါန်းပြီး သာ့သနာဘောင် ဝင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဘန်ဒါရီနဲ့ သူ့ဇနီးဟာ ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်တွေ ဖြစ်ပြီး တခြားသန်းကြွယ်သူဌေးတွေလိုပဲ ဇိမ်ခံအိမ်တွေ၊ ကားအကောင်းစားတွေ၊ လက်ဝတ်ရတနာတွေ အများအပြား ပိုင်ဆိုင်ကြပါတယ်။

ဒါပေမဲ့ သူတို့ဟာ ရုပ်ဝတ္တုပစ္စည်းတွေထက် စိတ်နှလုံးအေးချမ်းရာကိုသာ အလိုရှိကြပြီး သူတို့ရဲ့ သားသမီးနှစ်ဦးနည်းတူ သာသနာ့ဘောင် ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဘန်ဒါရီရဲ့ သားနဲ့သမီးဟာ ၂၀၂၂ ခုနှစ်တုန်းက ဂျိမ်းစ်ဘုန်းကြီးနဲ့ ဂျိမ်းစ်သီလရှင်အဖြစ် သာသနာ့ဘောင်ကို အပြီးတိုင် ဝင်သွားခဲ့တာပါ။ ဘန်ဒါရီနဲ့ သူ့ဇနီးဟာ လာမယ့်ဧပြီလ ၂၂ ရက်ကျရင် ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်၊ ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ကာ သာသနာ့ဘောင် ဝင်ကြမှာပါ။

ဘန်ဒါရီနဲ့ သူ့ဇနီးတို့ဟာ ဂျိမ်းစ်ဘုန်းကြီး၊ သီလရှင်တွေရဲ့နည်းလမ်းအတိုင်း ပိတ်ဖြူဝတ်ကာ ခြေဗလာနဲ့ ဆွမ်းခံထွက်ရင်း အလှူရှင်တွေ လှူဒါန်းသမျှကိုသာ ဘုန်းပေးခွင့်ရမှာ ဖြစ်ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။