နိုင်ငံခြားအမြန်သွားချင်ရင် …ယတြာ (၂)

Astrology
နိုင်ငံခြားအမြန်သွားချင်ရင် …ယတြာ (၂)

ခုံဖိနပ်တစ်ရံကို ဝယ်စီးပါ။ (၂)ရက်/ (၃)ရက်လောက် စီးရင် ရပါပြီ။
(၂)ရက်/ (၃)ရက်လောက် ခုံဖိနပ် စီးပြီးရင် – မြေကြီးပေါ်မှာ မီးသွေးနဲ့ စည်းတစ်ခုဆွဲပါ။ ကိုယ်က စည်းရဲ့အတွင်းကနေ ခုံဖိနပ်စီးပြီး ရပ်နေပါ။ ပြီးရင် ခုံဖိနပ်ကိုချွတ်ပြီး ခုံဖိနပ်ပေါ်တက်ရပ်နေပါ။ စည်းရဲ့အပြင်ဘက်မှာ ဖိနပ်အသစ်တစ်ရံ ချထားပါ။

ပြီးရင် ကိုယ်သွားချင်တဲ့နိုင်ငံကို အာရုံပြုပြီး စည်းကို ဘေးတိုက် ခုန်ကျော်လိုက်ပါ။ ကျန်ခဲ့တဲ့ ခုံဖိနပ်အဟောင်းကို တခြားလူတစ်ယောက်ယောက်က ဓားနဲ့ခုတ်ထစ်ပြီး မီးရှို့ပစ်လိုက်ပါ။
ဒါလည်း အကောင်းဆုံး ယတြာပါပဲ။

ဆွံအနေသူ/ခန္ဓာကိုယ်အောက်ပိုင်းမကောင်းသူကို အာဟာရဒါနပြုပါ
သမင်/သိုး တွေကို အစာကျွေးပါ (အဆင်ပြေလွယ်ကူမှလုပ်ရန်)
နီးစပ်ရာအဝေးပြေးကားဂိတ်ကိုသွားပြီး ခရီးသွားမဲ့ ရဟန်းသံဃာကို ခရီးစရိတ်တတ်နိုင်သလောက် လှူဒါန်းပါ။
ဘုရားခြေတော်ရာ ကို ရွှေချပါ။

ကမ္ဘာ့မြေပုံကားချပ်ကြီးတစ်ခုဝယ်။ ကိုယ့်အခန်း၊ ကိုယ့်အိပ်ရာဘေးမှာ ကပ်။ ကိုယ်သွားချင်တဲ့နိုင်ငံပေါ်မှာ ကိုယ့်ရဲ့ဓာတ်ပုံကပ်။ ညစဉ်ညတိုင်း မအိပ်ခင်မှာ မေတ္တာပို့၊ ထိုနိုင်ငံမှာရှိတဲ့ လူများ၊ နတ်များကို မေတ္တာပို့၊ အဲဒီနိုင်ငံကို ရောက်ရှိသွားပြီ၊ ရောက်ရှိနေပြီလို့ အာရုံပြုပြီးမှ အိပ်ပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။