ကြာသပတေးဂြိုဟ်ခုံ၏ သဘောသဘာဝ

Astrology
ကြာသပတေးဂြိုဟ်ခုံ၏ သဘောသဘာဝ

ကြာသပတေးဂြိုဟ်သည် လွန်စွာမှ အရာရောက်သော ဂြိုဟ်ကြီးတစ်လုံးဖြစ်၏။ အဆိုပါ ဂြိုဟ်၏အာနိသင်မှာ ထူးခြား ချက်များနှင့် ပြည့်လျက်ရှိပေသည်။

ကြာသပတေးဂြိုဟ်၏ အင်အားအပြည့်အဝကို ရရှိခြင်း၊ တစ်နည်းအားဖြင့် ကြာသပတေးဂြိုဟ် အရပ်အတည်ကောင်း မွန်စဉ် မွေးဖွားသူဖြစ်ပါက တန်ခိုးအာဏာ သြဇာတိက္ကမ ကြီးမား ခြင်း၊ အကောင်းအဆိုး၊ အမှားအမှန်တို့အား ဝေဖန်နှိုင်းဆနိုင် သော ဉာဏ်ပညာအမြော်အမြင်ရှိခြင်း၊ စီးပွားဥစ္စာများဖြစ်ထွန်းတိုးတက်ခြင်း၊ အေးချမ်းပျော်ရွှင်သော သုခအပေါင်းကို ရရှိ နိုင်ခြင်း၊ ရိုးဖြောင့်တည်ကြည်ပြီး ပညာဂုဏ်နှင့် ပြည့်စုံခြင်း၊ တရားမျှတမှု နှင့်ယှဉ်သော စိတ်ကောင်းနှလုံးကောင်းရှိခြင်း၊ `ကရုဏာတရား ပြည့်ဝခြင်းတို့ကို ရရှိပိုင်ဆိုင်ပေသည်။

ထို့အပြင် ကြာသပတေးဂြိုဟ်ဆိုသည်မှာ အရပ်အတည် မကောင်းပါက၊ တစ်နည်းအားဖြင့် ကြာသပတေးဂြိုဟ်အား ယုတ်နိမ့်စဉ်ကာလ၌ မွေးဖွားလာပါက ပင်ပန်းဆင်းရဲမှုများနှင့် ကြုံတွေ့ ရခြင်း၊ အပျော်အပါးလောင်းကစားမှုကြောင့် ဒုက္ခရောက် ရတတ်ခြင်း၊ စိတ်ထဲထင်သမျှ တဇွတ်ထိုး လုပ်ဆောင်တတ် ခြင်း၊ စည်းကမ်း သေဝပ်မှု မရှိခြင်း၊ ဖြစ်ကတတ်ဆန်း နေထိုင် တတ်ခြင်း၊ ရက်ရောမှုလွန်ကဲခြင်း၊ အသုံးအစွဲ လက်ဖွာခြင်း၊ ဖြုန်းတီးမှုကြောင့် မွဲပြာကျခြင်းမျိုးဖြစ်စေတတ်ပေသည်။

စင်စစ် ကြာသပတေးဂြိုဟ်ခုံ၏ သဘောသဘာဝမှာ ပညာ၊ ဂုဏ်သိက္ခာ၊ ဩဇာရှိမှု၊ လိုအင်ဆန္ဒပြင်းပြခြင်း၊ စိတ်ဆန္ဒများကြီးမြင့်ခြင်း၊ စိုးမိုးအုပ်ချုပ်ခြင်း၊ ခေါင်းဆောင်မှုစွမ်းရည်၊ ဥစ္စာငွေကြေး၊ မြေယာပိုင်ဆိုင်မှု စသည့်သဘောသဘာဝတို့ကို ဖော်ပြလျက်ရှိ၏။ အဆိုပါကိစ္စရပ်များအတွက် ကြိုးပမ်းအားထုတ်လိုခြင်း၊ မျှော်မှန်းချက်ထားခြင်းများကို ဖြစ်စေသည့် ဂြိုဟ်ခုံအမျိုးအစားပင်ဖြစ်ချေသည်။

ကြာသပတေးဂြိုဟ်ခုံ အနေအထားမြင့်မားခြင်း၊ ကျယ်ပြန့်ပြည့်၀ခြင်း၊ သန့်စင်ကောင်းမွန်၍ အပြစ်အနာဆာ အမှတ်အသားများ ကင်းမဲ့ခြင်း၊ ကောင်းမွန်သော အမှတ်အသားများပါရှိခြင်းတို့သည် ကြာသပတေးဂြိုဟ်ခုံဆိုင်ရာ ဖော်ပြပါသဘော အဓိပ္ပာယ်တို့ကို ပြည့်ဝစေမည့် အမှတ်အသားပင်ဖြစ်၏။

အကယ်၍ ကြာသပတေးဂြိုဟ်ခုံနေရာသည် နိမ့်ကျခြင်း၊ ကျဉ်းမြောင်းခြင်း၊ မသန့်ရှင်းခြင်း၊ ဂြိုဟ်ခုံ၏အားကို ပျက်ပြယ် စေသည့် အမှတ်အသားများကို တွေ့မြင်ရလျှင် ဂုဏ်သိက္ခာကင်းမဲ့ခြင်း၊ အမြော်အမြင်မရှိခြင်း၊ နိမ့်ကျသော စိတ်နေစိတ်ထားခြင်း၊ မျှော်လင့်ချက်ဆိတ်သုဉ်းခြင်း၊ ခေါင်းဆောင်နိုင်သည့် စွမ်းရည်ကင်းမဲ့ခြင်းတို့ကို အဓိပ္ပာယ်ဆောင်ပေသည်။

#မင်းသိင်္ခဗေဒင်

ရေးသားသူ -ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။