ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဒင်္ဂါးတွေအပါအဝင် ဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိ

International News
ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဒင်္ဂါးတွေအပါအဝင် ဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဒင်္ဂါးတွေအပါအဝင် ဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ က ဒင်္ဂါးတွေအပါအဝင် ဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိ

ဂျပန်နိုင်ငံအလယ်ပိုင်း ကန်တိုဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ က ဒင်္ဂါးပြားတွေအပါအဝင် ရှေးဟောင်းဒင်္ဂါးပြား ၁ သိန်းကျော် တူးဖော်တွေ့ရှိခဲ့ပါတယ်။ စက်ရုံဆောက်မယ့် မြေနေရာကို တူးဖော်ရာမှာ ထင်းပုံကြီးတစ်ပုံလို ညီညီညာညာ စုဝေးနေတဲ့ ဒင်္ဂါးပြားတွေကို တွေ့ခဲ့ရတာပါ။

ဒင်္ဂါးပြား အများအပြားကို တရုတ်နိုင်ငံမှာ သွန်းလောင်းခဲ့တာဖြစ်ပြီး တချို့ဒင်္ဂါးပြားတွေဟာ အနောက်ပိုင်းဟန်မင်းဆက် (ဘီစီ ၂၂၀ – အေဒီ ၉ ရာစု)လက်ထက်ကတည်းက ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဒင်္ဂါးပြား ၃၃၄ ပြားကိုပဲ ခွဲခြမ်းစစ်ဆေးမှု လုပ်ရသေးပြီး ဒင်္ဂါး ၄၄ ပြားကိုတော့ ခွဲခြားဖော်ထုတ်နိုင်ခဲ့ပြီလို့ အဆာဟိရှင်ဘန်း ဂျပန်သတင်းစာက ဖော်ပြပါတယ်။]

ဒင်္ဂါးပြားတွေကို ဘာနဲ့သွန်းလောင်းထားသလဲဆိုတာ ဖော်ပြထားခြင်းမရှိပေမဲ့ အဲဒီကာလက ဒင်္ဂါးသွန်းလောင်းမှုနဲ့ မြေမြှုပ်ခြင်းပုံစံအရ ကြေးဝါနဲ့ ကြေးနီဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်လူမျိုးတွေရဲ့ တီထွင်ဖ်တီးမှုအရ ကြေးဝါနဲ့ ကြေးနီဒင်္ဂါးတွေကို အလယ်မှာ အပေါက်ဖောက်ပြီး သွန်းလောင်းလေ့ရှိပါတယ်။ သယ်ယူပို့ဆောင်ဖို့၊ သိမ်းဆည်းဖို့၊ ရေတွက်ဖို့ လွယ်ကူအောင် အဲဒီလို သွန်းလောင်းခဲ့ကြတာပါ။

ဂျပန်သမိုင်းအလယ်ခေတ် လူချမ်းသာတွေ နေထိုင်ခဲ့တဲ့ ပရိဝုဏ်အတွင်းကနေ ဒင်္ဂါးပြားတွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ဒင်္ဂါးပြား ၁၀၀ စီ စည်းထားတဲ့ အစည်းပေါင်း ၁၀၆၀ ကို တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး အနီးနားမှာ တွေ့ရတဲ့ ကောက်ရိုးဖျာ အစအနတွေအရ ဖျာနဲ့ပတ်ပြီး မြှုပ်ခဲ့တာလို့ ယူဆစရာရှိပါတယ်။

အဲဒီနေရာကနေ တွေ့ရှိခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေအရ ဒီနေရာဟာ ကိုဖန်းခေတ်ရဲ့ ကာလရှည် ပျောက်ကွယ်နေတဲ့ ကိုဇုကီပြည်နယ် ဗဟိုချက်ဖြစ်ဖွယ်ရှိတယ်ဆိုတဲ့ ယူဆမှုတွေ ရှိနေပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။