အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား

Health Knowledge
အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား

ချဉ်ချဉ်လေးစားရတာ ကြိုက်တယ်။ ချဉ်ပြုံးပြုံး အရသာလေးကို ခံတွင်းတွေ့တာ။ ချဉ်တဲ့အသီးတွေက အရမ်းစားကောင်းတာပဲ။ ချဉ်တာစားရမယ် ဗီတာမင် C ပါတယ်။ ကိုယ်ခံအား ကောင်းစေတယ်ဆိုပြီး ချဉ်တာတွေကို အားရပါးရ စားမိနေပြီလား။
ဒါဆိုရင်တော့ နည်းနည်းလောက် လျှော့စားပါလို့ ပြောပါရစေ။ အချဉ်တွေ အစားများတာက ကိုယ်တွင်းမှာ အက်ဆစ် ပမာဏ များစေပြီး အရိုးတွေကို ထိခိုက်စေပါတယ်။
အချဉ် စားတာ အရိုးပါးစေသလား။

အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက် သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ပရိုတင်းကိုတော့ နည်းနည်းဆို လုံလောက်ပါပြီ လို့ ပြောတာ ကြားဖူးမှာပေ့ါ။ ကြွက်သားတွေ သန်မာဖို့ပဲ ပရိုတင်းကို လိုမှာလေလို့ ထင်ထားကြတာလေ။ တကယ်က အရိုးတွေ သန်မာစေဖို့လည်း ပရိုတင်းကို လိုအပ်ပါတယ်။

အချို့ကလည်း ပရိုတင်း များတာတွေက သွေးကြောတွေထဲမှာ အက်ဆစ် ပမာဏ များစေပြီး အရိုးတွေကို ထိခိုက်စေနိုင်တယ်၊ လို့ ယူဆ ထားတာကြောင့်ပါ။ တကယ်ကတော့ ပရီုတင်းထက် အချဉ်ဓာတ်ပါတဲ့ အစားအစာတွေက ကိုယ်တွင်းမှာ အက်ဆစ်ပမာဏ များစေတာပါ။

အက်ဆစ်ပမာဏ များလာတဲ့အခါ သွေးတွင်းအယ်လ်ကာလီ ပမာဏကို ထိန်းညှိဖို့ အရိုးတွေကို အားဖြည့်ပေးမယ့် ကယ်လ်ဆီယမ်ကို ယူသုံးရပါတယ်။ ဒီလို ယူသုံးတဲ့အခါ အရိုးတွေဆီကို ရောက်ရှိမယ့် ကယ်လ်ဆီယမ် ပမာဏက နည်းသွားပါတယ်။
ဒီလို အကြိမ်ကြိမ်ဖြစ်လာတဲ့အခါ အရိုးတွေက သိပ်သည်းဆ ကျလာတာ၊ အရိုးပါးတာ၊ အရိုးပွတာတွေနဲ့ ထိခိုက်ကျိုးပဲ့လွယ်တာတွေ ဖြစ်လာပါတော့တယ်။

ချဉ်တဲ့အစားအစားတွေက စားသောက်လိုက်တဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ ကောက်နှံ နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာပါတဲ့ ပရိုတင်းပမာဏကို အပြည့်အဝ မရရှိစေဘဲ ကျဆင်းစေပါတယ်။

ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ ကိုယ်တွင်းမှာ ပရိုတင်းနည်းလာတာ၊ ကယ်လ်ဆီယမ် နည်းတာတွေ ဖြစ်လာပြီး အရိုးတွေလိုအပ်တဲ့ အာဟာရကို အပြည့်အဝ ရရှိစေဖို့ ခက်လာပါတယ်။

ချဉ်တဲ့ အစားအစာတွေက သင့်တင့်တဲ့ ပမာဏ စားသုံးမယ်ဆိုရင် ကိုယ်ခံအားကောင်းစေတယ်။ အရေပြားပြဿနာ ကင်းစေတယ်။ သံဓာတ် စုပ်ယူမှုကောင်းစေတယ်ဆိုပေမယ့် များလွန်းရင်တော့ အရိုးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို၊ အစာခြေစနစ်၊ ကျောက်ကပ်စတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေပါတယ်။

ဒီတော့ အရိုးတွေ သန်မာစေဖို့ဆိုရင် အချဉ်ကို သင့်တင့်ရုံလောက်ပဲ စားသုံးလို့၊ ပရိုတင်း၊ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်တွေ ပြည့်ဝအောင် စားသုံးပေးပါ။ အရိုးတွေ သန်မာစေဖို့ ပရိုတင်း လိုအပ်သလို ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ ဗီတာမင် C သင့်တင့်မျှတနေဖို့လည်း လိုပါမယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းပြီး အရိုးတွေ သန်မာစေဖို့ဆိုရင် အချဉ်ပါတဲ့ အစားအစာတွေကို ထိုက်သင့်သလောက်ပဲ စားသုံးဖို့ ပြောပါရစေ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။