လသုံးလမှာ ပူဇော်ပါ

Astrology
လသုံးလမှာ ပူဇော်ပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လသုံးလမှာ ပူဇော်ပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လသုံးလမှာ ပူဇော်ပါ

ကျွန်တော်၏ အဘိုးဖြစ်သူ ရွှေတောင်ဆရာတင် ပေးခဲ့သော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဤနည်း လမ်းကို ရှေးပညာရှင်များလည်း သူ့နည်းသူ့ဟန် သူ့စနစ်များဖြင့် အသုံးအစွဲပြုခဲ့ကြပါသည်။

နှောင်းကာလများတွင် ငွေရေးကြေးရေးဆိုင်ရာ
အပွင့်အလန်းအတွက်လည်းကောင်း၊ စီးပွားလာဘ်
လာဘများ ဝင်ရောက်လာကြစေရန်လည်းကောင်း၊ ထီကံ ကောင်းစေရန်လည်းကောင်း ရည်မှန်း၍ ယုံယုံကြည်ကြည် ရွက်ဆောင်ကြပါသည်။
ယုံကြည်နိုင်သည့်အလျောက် အကျိုးများကြောင်း လက်တွေ့လုပ်ကြည့်လျှင် သိပါလိမ့်မည်။

လုပ်ဆောင်ရန်မှာ ရှင်သီဝလိလာဘသိဒ္ဓိ (ခေါ်) လာဘ် အောင်အင်းကို စီရင်၍ ဖယောင်းတိုင်တွင်ပတ်ကာ ဘုရား ကျောင်းဆောင်တွင် ရှင်သီဝလိအားပင့်၍ မီးထွန်းပူဇော်ရန် သာဖြစ်သည်။ ယုံယုံကြည်ကြည်ထွန်းပါ။

တစ်ကြိမ်ထွန်းလျှင်’တစ်တိုင်ထွန်းရသည်။ ကျွန်ုပ် ကိုယ်တိုင် (၈)ကြိမ်ထွန်းအပြီးတွင် အောင်ဘာလေထီ တွတ် တစ်သိန်းပေါက်ဖူးသည်။ အခြားသောလာဘ်လာဘများဝင် သည်။ တိုက်ဆိုင်မှုဟု ပြောလျှင်လည်း ပြောပါ။ ကျွန်ုပ်ကုသိုလ်တော့ရနေပါသည်။ ပြောချင်သည်မှာ ကြံကြံဖန်ဖန် လာဘ်ပွင့်တာတော့ သေချာလှပါသည်။

မီးထွန်းပူဇော်ရန်ကာလ

(၁၂)လရာသီ ပူဇော်နိုင်သော်လည်း တပို့တွဲလ၊ တပေါင်းလ၊ တန်ခူးလများတွင် ပိုကောင်းပါသည်။ သောကြာနေ့မနက်၊ တနင်္လာနေ့မနက် စောစောထွန်း ရမည်။ အကောင်းဆုံးအချိန်မှာ အရှေ့အရပ်မှ နေဝန်းထွက် ပေါ်စဖြစ်သည်။

ထိုနေ့များသည် အမြိတ္တစုတ်ရက်၊ အဝင်နက္ခတ်များ ပါကြုံလျှင် အတိုင်းထက်အလွန် ကောင်းပါသည်။ တစ်ပတ် တစ်တိုင် (သို့မဟုတ်) နှစ်တိုင် ပူဇော်နိုင်သည်။
ဘုရားရှင်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ နံ့သာတိုင်များ ကပ်လှူပူဇော်ပါ။ ရှင်သီဝလိရဟန္တာအရှင်မြတ်ကြီးအား ရည်စူး၍ သံပြေပန်းလှူပါ။ ပြီးမှ အစီအရင်အလင်းတိုင်ကို မီးထွန်းပူဇော်၍ ရှင်သီဝလိဂါထာတော်ကို (၂၇)ခေါက်ရွတ် ကာ လိုရာဆုတောင်းဗါ။ လေးလေးနက်နက်ဆုပန်ပါဟုတိုက်တွန်းပါသည်။

စီရင်ပုံ

(၁) ပုံစံအတိုင်း အင်းကွက်ဆွဲပါ။

(၂) အင်းကွက်ထဲတွင် အင်းဆံအဖြစ် သီဝလိဣတိဝိဿုတောတိဟုံဟူ၍ ဝဲယာအစဉ်အတိုင်း ရေးသွင်းပါ။

(၃) ထပ်မံ၍ အာဟုနေယျော၊ ပါဟုနေယျောဟု ရေး သွင်းပါ။

(၄) အလယ်ကွက်တွင် (စ၊ ဓ၊ ဗ၊ ဝ)စမရေးသွင်း၍ အောက်ဘက်စက်ဝိုင်း (ဝ-စမလေးကွက်)တွင် (စ၊ ဓ၊ဗ၊ ဝ)နှင့် (ဋ၊ သ၊ ဥ၊ က) ရေးသွင်းပါ။

(၅) တစ်ဆင့်ထပ်မံ၍ လာဘီနံ မုတ္ထောမောထေရောဟုမြင်းသွားချပါ။

(၆) လွတ်နေသော (နံ)အကွက်ထဲတွင် မီးထွန်းသူ၏ မွေးနံ ဂဏန်းကို ရေးသွင်းပါ။ တနင်္ဂနွေ-၁၊ တနင်္လာ-၂၊ အင်္ဂါ –၃၊ ဗုဒ္ဓဟူး-၄၊ ကြာသပတေး-၅၊ သောကြာ-၆၊ စနေ- ဝ(သုည)ဟူ၍ ထည့်ရမည်။

(၇) အရန်ဂါထာ (သို့မဟုတ်) ရှင်သီဝလိဂါထာကို တစ် ထောင်ပြည့်အောင် ရွတ်ပွားပူဇော်ရမည်။

အရန်ဂါထာ
************
ဥုံ..သီဝလိ နာမေန ထေရေန
စတုဓာတု ပသိဒ္ဓိယာ
သန္နိဋ္ဌိကဖလံ စတုက္ခရံ
သိဒ္ဓိလာဘံ သွာဟေ။

တိုက်တွန်းအကြံပြုချက်

ဤအစီအရင်လုပ်မည့် သင့်ကို အထူးအကြံပြုစရာ များ ကျွန်ုပ်တွင် ရှိပါသည်။
(၁) သင် တကယ်ယုံကြည်မှသာ လုပ်စေချင်ပါသည်။ ဤအလုပ်မှ အကျိုးကျေးဇူးရလဒ်ကောင်းများ သင်၏ယုံ ကြည်မှုအပေါ် (၈၀)ရာခိုင်နှုန်း တည်နေပါသည်။ မိမိကိုယ် ကို ယုံကြည်မှု၊ အလုပ်အပေါ် ယုံကြည်မှုဟာ အောင်မြင်မှုအတွက် သော့ချက်ဖြစ်ပါသည်။

(၂) တစ်ပါးသူများက အဖျက်စကား၊ အတင်းစကားများ လာပြောလျှင် အဖျင်းစကားဟုသာ သတ်မှတ်ပါ။ ကိုယ့်ကိစ္စကိုသာ ဆက်လုပ်ပါ။

(၃) ဤအစီအရင်ကာလအတွင်း သင်၏ အဝတ်အစား၊ သွင်ပြင်၊ နည်းလမ်း၊ စိတ်ထား၊ အပြောအဆို၊ ပေါင်းသင်း ဆက်ဆံမှုနှင့် အကျင့်စာရိတ္တကောင်းများ ဖြစ်ပေါ်အောင် ပြုမူနေထိုင်ပါ။

(၄) သင်လိုအပ်တဲ့ဆုကို တစ်ကြိမ်မှစ၍ အကြိမ်တစ် ထောင်၊ တစ်သောင်း၊ တစ်သိန်း ဆုတောင်းပါ။ ဆုတောင်း ခြင်းဟာ ယုံကြည်ချက်နှင့် စွမ်းအားတက်စေကြောင်း သင် ယုံကြည်ပါ။

ဒီအချက်တွေ လိုက်နာနိုင်ရင် သင် အောင်မြင်ပါပြီ။ သင် ယုံကြည်လိုက်နာ ဆောင်ရွက်နိုင်သရွေ့ အကျိုးခံစား ရပါလိမ့်မည်ဟု ပြောလိုက်ပါရစေ။

ရေးသားသူ –ခေတ္တရာ-ဆရာကျော်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။