ကရကဋ် ရာသီဖွားများ အကြောင်း

Astrology

အချစ်ရေး

ကရကဋ်ရာသီဖွားများသည် ချစ်စိတ်ပြင်းထန်ကြသူများဖြစ်ကြပြီး အထူးသဖြင့် အပူတပြင်းဖြစ်လာသောအခါ မည်သည့်အချစ်ကိုမျှ အလောသုံးဆယ်မတွက်တတ်ကြခြင်းဖြစ်သည်။ များသောအားဖြင့် ကရကဋ်ရာသီဖွားများသည် အချစ်ရေးတွင်မချောမွေ့တတ်ကြပါ။ အတိုက်အခံအခတ်အခဲများကြားထဲမှ အိမ်ထောင်ရေးဆုံးဖြတ်ရမည်။

ဘ၀တစ်လျှောက်လုံး၌ နှလုံးသားရေးရာများဆုံးဖြတ်ကြသောအခါ တွေဝေနေတတ်ပြီးစိတ်ဒွိဟနှစ်မျိုးဖြစ်နေတတ်၏။ နှလုံးသားထက်ဦးနှောက်ဆုံးဖြတ်ချက်ကို အလေးထားကြသူများဖြစ်၏။ ပြည့်စုံနွေးထွေးသော အချစ်ကမ္ဘာလေးအားတည်ထောင်နိုင်ရန် မျှော်မှန်းထားသူများဖြစ်ကြပြီး ချစ်သူကိုလဲအလွန်ဂရုစိုက်တတ်၏။ အချစ်ဟောင်းအဖြစ်ဟောင်းများအား ပြန်ပြောလွမ်းဆွတ်နေခြင်းမရှိတတ်ကြပါ။ သစ္စာရှိသောအချစ်ကိုသာ ရှာဖွေနေကြသူများဖြစ်ပြီး စိတ်တိုင်းကျမှချစ်သူအဖြစ်ရွေးချယ်တတ်ကြ၏။

ချစ်ခင်စုံမတ်သူအားကြာရှည်စွာ တိတ်တခိုးအမြတ်တနိုးချစ်ပြီးခါမှ လက်ထပ်တတ်ကြသောသဘာ၀ရှိ၏။ ကိုယ့်ချစ်သူနှင့်လက်တွဲရမည်ဆိုလျှင် မြင့်မားထင်ရှားသောဘ၀မှ ခုန်ဆင်းရန်ဝန်မလေးတတ်ကြပေ။ အချစ်ရေးတွင်မူ ငွေနှင့်တည်ဆောက်လိုကြသည်။ ပြည့်စုံကြွယ်၀သော အချစ်ကမ္ဘာငယ်လေးများ တည်ဆောက်လိုခြင်းသည် သူတို့၏အဓိက အတွေးစိတ်ကူးများပင်ဖြစ်ကြသည်။

ကရကဋ်ရာသီဖွားတို့နှင့် လိုက်ဖတ်သောအိမ်ထောင်ဖတ်များမှာ ကန်(Virgo)၊ မိန်(Pisces) ၊ မကာရ(Capricon) ၊ ကရကဋ်(Cancer) ရာသီဖွားများအား ရွေးချယ်သင့်ပါသည်။

အိမ်ထောင်ရေး

ကရကဋ်ရာသီဖွားတို့၏ အိမ်ထောင်ရေးမှာ များသောအားဖြင့်ကံကောင်းကြသူများဖြစ်သည်။ အိမ်ထောင်ဖတ်အပေါ်တွင်ညှာတာမှုရှိပြီး လိုက်လျောတတ်ကြ၏။အိမ်ကိုခင်မင်ပြီး ဇွတ်တရွတ်လုပ်လေ့မရှိကြပါ။ အိမ်ထောင်ဖတ်ကချစ်တတ်ကြ၏။ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုတတ်ကြ၏။ အိမ်ထောင်ဖတ်တစ်ကြိမ်မက လဲရှိတတ်ကြသူများဖြစ်ကြ၏။ အခြားသူတို့ထက် ထူးကဲကာသားမယားအား ခင်တွယ်သောဉာဉ်ရှိကြ၏။

ကရကဋ်ရာသီဖွားတို့သည် အိမ်ထောင်ဖတ်အဖြစ် ခန္ဓာကိုယ်တောင့်တင်းပြီး အသားလတ်လတ် မျက်နှာဝိုင်းဝိုင်းနှင့်နှုတ်ခမ်းလှပကာ သွားစွယ်၊သွားတတ်ရှိသူများနှင့် ဖူးစာဆုံတတ်ကြသည်။

Leave a Reply