May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၂

Astrology
May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၂

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၂ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

May လအတွင်း ၁၂ရာသီခွင်များအတွက် ဗေဒင်ဟောကိန်း-၂
.
Leo

မေလအတွင်းမှာ Leo ရာသီခွင်တွေအနေနဲ့ ရက်အပိုင်းအခြားလေးတွေအလိုက် ကြိုကြားကြိုကြား ကံထူးထူးခြားခြားကောင်းတတ်တာလေး တွေ့မိတယ် ။ အတက်အကျသဘောရှိပေမယ့် ငွေကြေးကံကောင်းပါတယ် ။ ငွေဝင်များသလို ထွက်ငွေလည်းများတတ်တယ် ။ ဆက်တိုက်ဝင်လာလိုက် အချိန်တစ်ခုလောက် ငွေပြတ်သွားလိုက်ဖြစ်တတ်လို့ Safe ဖြစ်မယ့်ပမာဏလေးတော့ အမြဲဆောင်ထားဖို့အကြံပေးချင်တယ် ။

လျပ်စစ်ပစ္စည်း ၊ ယာဥ်ကားနဲ့ပတ်သက်လို့ အသစ်ဝယ်ယူတာ ၊ ပြင်ဆင်တာတွေနဲ့ ငွေသုံးရတတ်တယ် ။ ထီကံစမ်းသင့်ပါတယ် ။ အခြွေအရံပေါများတတ်တယ် ။ မျက်နှာပွင့်မယ် ။ ရာထူးလစာတိုးတဲ့သဘောလည်း မျှော်မှန်းခွင့်ရှိတယ် ။

အခုလတ်တစ်လော အချစ်ရဆုံးပုဂ္ဂိုလ်ကတော့ ကိုယ်တိုင်ပဲဖြစ်နေဖို့မြင်ပါတယ် ။ ကိုယ့်ကိုကိုယ်တယုတယထားမယ့် ကာလအပိုင်းအခြားပါ ။ လိုချင်တဲ့အရာတွေ နှမြောတွန့်တိုခြင်းမရှိ ဝယ်ယူလိုက်ဖို့အားသာတယ် ။ ပေးချင်သူကိုပေးမယ် ၊ ကျွေးချင်သူကိုကျွေးမယ် ။ စိတ်ပျော်စေတဲ့အရာတွေအတွက် ငွေသုံးပါလိမ့်မယ် ။ အလွန်အကျွံမဖြစ်ဖို့တော့ ဂရုပြုပါ ။

မေလထဲမှာပဲ အပေါင်းအသင်းနဲ့ပတ်သက်လို့ စိတ်ပျော်ရခြင်းတွေရှိနေပါတယ် ။ မိသားစုဆက်ဆံရေး အသင့်အတင့်ကောင်းမွန်ခြင်းရှိတယ် ။ ဖခင်နဲ့ပတ်သက်လို့ ကတောက်ကဆသဘောလည်းသတိပြုပါ ။ စကားကိုအခြေခံပြီး အထင်လွဲတာ ၊ အမြင်စောင်းတာလေးတွေကြုံရတတ်တယ် ။ လုပ်ဖော်ကိုင်ဖက်ဆက်ဆံရေး ၊ Professional ဆက်ဆံရေးတွေလည်း အကောင်းဖက်ရှိနေတယ် ။ စပ်တူကိစ္စတွေ ၊ အသိုင်းအဝိုင်းနဲ့ပတ်သက်လို့ အကူအညီရတာ ၊ အကျိုးအမြတ်သဘောလေးတွေ မြင်ထားမိတယ် ။

ကံကောင်းတဲ့လတစ်လမို့ ကျန်းမာရေးမှာလည်း တအားကြီးစိတ်ပူစရာမျိုးမရှိပါဘူး ။ ကျန်းမာရေးပိုလိုက်စားဖြစ်တာမျိုးတောင် မြင်မိတယ် ။ ဝိတ်လျော့ဖို့ ၊ Gym ဆော့ဖို့ ၊ အားကစားအာရုံစိုက်ဖို့ သင့်တော်တဲ့လပါ ။ အရေးကြီးတဲ့အချစ်ရေးမှာလည်း မီးစိမ်းပြပါတယ် ။ အပြန်အလှန်နားလည်ခြင်း ၊ အကျိုးပြုနိုင်ခြင်းသဘောတွေ အားကောင်းနေတယ် ။ ပွင့်လင်းပါ ၊ ညှိယူပါ ။ Commitment တောင်းယူပါ ။ ပိုနီးစပ်တဲ့ Energy လေးတွေရှိနေတယ် ။ ရှေ့တစ်လှမ်းတိုးချင်သူတွေ ရဲရင့်ဖို့ဆုံးဖြတ်နိုင်ပါပြီ ။

Virgo

မေလဟာ Virgo တွေအတွက် မိတ်ဆွေဟောင်းတွေနဲ့ ပြန်ဆုံတတ်တဲ့ကာလအပိုင်းအခြားပါ ။ အပေါင်းအသင်း ၊ အသိုင်းအဝိုင်းတွေနဲ့ အချိန်ကုန်ဆုံးရတတ်တယ် ။ ပွဲတက်တာ ၊ ပွဲစီစဉ်တာ ၊ တကူးတကဆုံတွေ့တဲ့သဘောလေး ရှိနေတယ် ။ အလုပ်နဲ့ပတ်သက်ပြီး မိတ်ဆွေသစ်တွေလည်း လမ်းဖွင့်ထားသင့်ပါတယ် ။

Virgo တွေစိတ်အဝင်စားဆုံးဖြစ်မယ့် အလုပ်ကံအကောင်းဖက်ရှိနေပါတယ် ။ လွန်ခဲ့သောလတွေထက် ပိုပြီးအလုပ်တွင်ဖို့ရှိတယ် ။ တို့လို့တန်းလန်းအလုပ်တွေ ပြီးပြတ်ခွင့်ရမယ် ။ အခွင့်အလမ်းအသစ်ရမယ် ။ နည်းနည်းလုပ်များများရတဲ့ Energy လေးကြောင့် ကံကောင်းတယ်လို့သတ်မှတ်ရမယ် ။ စိတ်ကျေနပ်မှု ရပါလိမ့်မယ် ၊ ယုံကြည်ချက်ရှိရှိနဲ့ လုပ်ငန်းချဲ့ထွင်တာ ရင်းနှီးမြုပ်နှံတာလေးတွေ လုပ်ခွင့်ရနိုင်တယ် ။

ငွေကြေးကံအရတော့ ငွေသုံးများရခြင်းရှိနေတယ်​ ။ ငွေစုဖို့မှာ အားမရရှိတတ်တယ် ။ ဝင်ငွေထွက်ငွေမမျှတဲ့ပြသနာလေး ဂရုပြုပါ ။ အပျော်အပါးနဲ့ပတ်သက်လို့ ငွေကုန်ဖို့ရှိတယ် ။ ကိုယ်ရှာတဲ့ငွေ ကိုယ်တိုင်သုံးတာကိစ္စမရှိပေမယ့် လကုန်လောက်အထိကို ရှာသမျှတစ်နည်းနည်းနဲ့ပြန်ထွက်တတ်လို့ သေချာလေးစီစစ်ပါလို့အကြံပေးချင်တယ် ။ ကျန်းမာရေးကံတော့အကောင်းဖက်ရှိလို့ လျှပ်စစ်ပစ္စည်း ၊ ယာဉ်ကားနဲ့ပတ်သက်လို့ ပိုအာရုံစိုက်သင့်တယ် ။

အချစ်ရေးနဲ့ပတ်သက်လို့ လူလွတ်တွေပိုပြီးကံတက်ပါလိမ့်မယ် ။ မေလအတွင်းလို့တော့ တပ်အပ်ပြောဖို့ခက်ပေမယ့် မဝေးတော့ပါဘူး ။ စိတ်ပျော်စေသူ ၊ ကိုယ့်ရဲ့ပေတံအရှည်ကြီးနဲ့ အတော်များများကိုက်ညီတဲ့သူ ဒီလပိုင်းအတွင်းရောက်လာတတ်တယ် ။ Settle ဖြစ်ဖို့စဉ်းစားနေရင် ၂၀၂၃ အတွင်းကိုပဲ ခိုင်မာတဲ့အနာဂတ် Plan မျိုး ချမှတ်နိုင်ပါလိမ့်မယ် ။

တစ်ဖက်မှာလည်း လက်ရှိ Relationship ရှိသူတွေအတွက် စကားနဲ့ပတ်သက်တဲ့ပြသနာလေး မျှော်လင့်ထားသင့်ပါတယ် ။ အမြဲလိုလို ပွင့်လင်းမှုရှိဖို့အားပေးလေ့ရှိပေမယ့် ဒီတစ်လတော့ချွင်းချက်ထားချင်တယ် ။ ရေလိုက်ငါးလိုက်လေး ရှေ့ဆက်သင့်တဲ့ကာလပါ ။ ကြီးကြီးမားမား မတိုင်ပင်သင့်သေးဘူး​ ။ စိတ်ထဲရှိသမျှ အကုန်ထုတ်ပြောဖို့အားမပေးဘူး ။ ပျော်တဲ့အချိန်လေးပျော် အသိပေးသင့်တာလေးပေး ၊ ကိုယ်ပိုင် Space တစ်ခုလည်း ရှိထားစေချင်ပါတယ် ။

Libra

မေလအတွင်း စိတ်အတက်အကျပြသနာလေး ဂရုပြုပါ ။ ပျော်လွယ်စိတ်ညစ်လွယ်တာ ၊ စိတ်အပြောင်းအလဲမြန်တာကြောင့် ခရီးမတွင်ဖြစ်ရတတ်တယ် ။ ကျန်းမာရေး အညံ့ရှိတတ်တယ် ။ မျက်စိ ၊ မျက်ရိုး ၊ အာရုံကြောပိုင်းဂရုစိုက်ပါ ။ ကြီးကြီးမားမားမဟုတ်ပေမယ့် ဆေးထိုးဆေးသောက်သဘောလေး မျှော်လင့်ထားသင့်တယ် ။

ကြံဖန်တွေးပူတာ စိတ်အားငယ်တာလေးမြင်မိလို့ စိတ်အပန်းပြေစေမယ့်အရာတွေ သတိတရအချိန်ပေးသင့်တယ် ။ တိုင်ပင်ဖော်ရှာပါ ။ အလုပ်လည်းကြိုးစား ၊ စိတ်ပြေလက်ပျောက်မုန့်လေးထွက်စားစား ၊ လျှောက်ပဲလည်လည် ၊ အတင်းအဖျင်းပဲပြောပြော ဒီလို Activity လေးတွေ Recommend ပေးချင်တယ် ။

ဒီကာလအတွင်းတော့ စိတ်များရသလို ၊ အလုပ်ပြီးမြောက်မှုနဲ့ပတ်သက်ပြီး အားမရဖြစ်ရတတ်လို့ သေချာလေးအာရုံစိုက်ပေးသင့်တယ် ။ စိတ်လေတတ်တယ် ၊ အောင်မြင်ခါနီးမှ စိတ်အနှောင့်အယှက်လေးတွေဝင်တတ်တယ် ။ ကိုယ်ပိုင်အလုပ် အားကောင်းပါတယ် ။ Risk ယူတာမျိုးကလွဲရင် လုပ်လက်စအလုပ်လေးတွေ ဆက်တိုက်လေးလုပ်သွားဖို့အဆင်ပြေတယ် ။

ငွေကြေးပိုင်းမှာတော့ အတတ်နိုင်ဆုံးစီစစ်ပါ ။ ငွေသုံးနည်းစေချင်တယ် ။​ မေဟာငွေသုံးဖို့ထက် ငွေကြေးစုဆောင်းသင့်တဲ့လပါ ။ လူမှုရေးနဲ့ပတ်သက်ပြီး အလှည့်အပြောင်းရှိတတ်ပါတယ် ။ မိသားစုကြား ကတောက်ကဆရှိတတ်တယ် ။ အပြင်ဖိအားကြောင့် ချစ်ခင်ရသူအပေါ်ပုံချမိတတ်တယ် ။ ဒါလေးရှောင််နိုင်ဖို့မှာ အကောင်းမြင်စိတ်လေးရှာဖွေပါ ။ တုန့်ပြန်မှုနည်းအောင် နေပါ ။

နှလုံးသားရေးမှာလည်း စိတ်ရှည်ဖို့ခက်ခဲတာလေး ကြုံရတတ်တယ်​။ ပုံမှန်အဆင်ပြေနေကျကိစ္စမှာ ညှိဖို့ခက်ခဲရတတ်တယ် ။ သာမန်စိတ်ထဲမရှိတဲ့ကိစ္စတစ်ခုက ကသိကအောက်ဖြစ်ရတတ်တယ် ။ မေလအတွင်းတော့ ဖွင့်ပြောဖို့စဉ်းစားထားတာမျိုးရှိရင် စိတ်ရှည်စေချင်သေးတယ် ။ တအားတော့စိတ်မပူပါနဲ့ ။ ပုံမှန်လေးပဲချဉ်းကပ်ပါ ။ ကြင်နာမှုအားကောင်းပါတယ် ပျော်ရမယ် ၊ တစ်ချက်တစ်ချက် စိတ်ရှုပ်ရတာလေးပဲမျှော်လင့်ထားရမယ် ။ ထူးထူးခြားခြားဆို သူ့ဖက်ကဖောက်တာမျိုးထက် ကိုယ့်ဖက်ကစိတ်ကုန်ရတတ်တာလေးတော့ မြင်ထားမိပါတယ် ။

Scorpio

ကိုယ်ဟာ Scorpio ရာသီခွင်ဖြစ်တယ်ဆိုရင် မေလအတွင်း အကောင်းအဆိုးမျှတဲ့ Energy လေးမျှော်လင့်ထားသင့်တယ် ။ အောင်မြင်မယ် ၊ ကြန့်ကြာမှု စိန်ခေါ်မှုလည်းရှိမယ် ။ ကိုယ်စီစဉ်ထားတဲ့နည်းထက် မတူတဲ့နည်းလမ်းကနေချဉ်းကပ်တာ ၊ အလုပ်ပြောင်းတာ ၊ အတွေးအမြင်ပြောင်းတာလေးတွေ ရှိလာတတ်တယ် ။

နည်းနည်းပိုအသေးစိတ်ရရင် အာရုံစိုက်ရတဲ့အရာလေးတွေ များနေဖို့မြင်မိတယ် ။ ငွေဝင်ဖို့ အကျိုးအမြတ်ခံစားဖို့ထက် လုပ်ငန်းပြောင်းဖို့ ၊ ချဲ့ထွင်ဖို့ဖက်ပိုအားသာနေမယ် ။ စီးပွါးရေးအပြင် လူမှုရေး ၊ မိသားစုရေး ၊ အချစ်ရေးတွေမှာလည်း အချိန်ပေးချင်သလို တကယ်လည်းသုံးရဖို့ရှိလို့ သေချာလေး Time Manage လုပ်ရမယ့်လတစ်လ ဖြစ်ပါလိမ့်မယ် ။

မေလအတွင်း ငွေကြေးပိုင်းအထွက်များတတ်ပါတယ် ။ လိုတာရော မလိုတာရောကြောင့် ငွေကုန်ရဖို့ရှိတယ် ။ ကောင်းတဲ့တစ်ချက်က ခေါင်းခဲရတတ်ပမေယ့် တာရှည်ငွေကြေးအကျပ်အတည်းသဘောတော့ မရှိဘူး ။ သူ့အလိုလိုလေးပြေလည်သွားတာ ၊ အကူအညီရလာတာ ၊ ထွက်တာထက်ကာမိစေတဲ့ငွေ ပိုများတဲ့ငွေမျိုး ပြန်ဝင်လာတတ်ပါတယ် ။

နှလုံးသားရေး အတက်အကျရှိပါမယ် ။ ခွဲနေဖို့မဆိုလိုပေမယ့် ကိုယ်ပိုင်အချိန်ယူပါ ။ ဝေးနေမှ ပိုအဆင်ပြေတတ်တယ် ။ နီးကပ်ခြင်းမှာ အထိအရှလွယ်တယ် ၊ နားလည်မှုယူဖို့ခဲယဉ်းတတ်တယ်​ ။ သူရွဲ့ကိုယ်ရွဲ့ပုံစံလေး အထူးရှောင်ပါ ။ နောင်ဖြစ်မှာနောင်ရှင်းမလုပ်ပါနဲ့ ။ ရှင်းပြသင့်သလောက်ရှင်းပြပါ ၊ ပွင့်လင်းပါ ။ Scorpio ထုံးစံ အားလုံးအိုကေအဆင်ပြေတယ်ပြောပြီး ကြိတ်မခံစားနေသင့်ပါဘူး ။ ဒီလပိုင်းဟာ သာမန်ထက်ပိုပြီးပွင့်လင်းသင့်သလို သဘောထားကြီးကြီးထားရမယ့် ကာလတစ်ခုဖြစ်ပါတယ် ။

ကျန်းမာရေးနဲ့ပတ်သက်လို့ ကံကောင်ခြင်းးရှိပါတယ် ။ လက်ရှိအညံ့ရှိရင်တောင် သက်သာခြင်း ၊ ပျောက်ကင်းခြင်းသဘောလေးအားသာနေတယ် ။ ဆေးကောင်း သမားကောင်းတွေ့တတ်တယ် ။ မေလမှာ အကောင်းမြင်တဲ့စိတ်လေး အထူးလိုအပ်ပါလိမ့်မယ် ။ လူမှုရေး ၊ မိသားစုနဲ့ပတ်သက်လို့ ပိုနေမြဲကျားနေမြဲနေပါ ။ စေတနာပိုတဲ့ကိစ္စလေးတွေ ရှောင်ရမယ် ။ ငွေချေးပေးတာ ၊ ကိုယ်ကျိုးစွန့်ကူပေးတာမျိုး Risk ရှိတဲ့ကာလဖြစ်ပါတယ် ။

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။