ဥမင်လိုဏ်ခေါင်းထဲ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယလုပ်သား ၄၁ ယောက်ကို ကယ်တင်နိုင်ပြီ

International News
ဥမင်လိုဏ်ခေါင်းထဲ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယလုပ်သား ၄၁ ယောက်ကို ကယ်တင်နိုင်ပြီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဥမင်လိုဏ်ခေါင်းထဲ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယလုပ်သား ၄၁ ယောက်ကို ကယ်တင်နိုင်ပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဥမင်လိုဏ်ခေါင်းထဲ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယလုပ်သား ၄၁ ယောက်ကို ကယ်တင်နိုင်ပြီ

ဟိမဝန္တာတောင်တန်းပေါ်မှ ဥမင်လိုဏ်ခေါင်းထဲ ၁၇ ရက်ကြာ ပိတ်မိနေတဲ့ အိန္ဒိယဆောက်လုပ်ရေးလုပ်သား ၄၁ ယောက်ကို ကယ်တင်နိုင်ခဲ့ပါပြီ။ နိုဝင်ဘာလ ၁၂ ရက်မှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ ဥတ္တရာခန်းပြည်နယ်မှ ၃ မိုင် ရှည်လျားတဲ့ ဆစ်ခ်ယာရာဥမင်လိုဏ်ခေါင်း ပြိုကျခဲ့တာပါ။

ဥမင်လိုဏ်ခေါင်းထဲ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ပါတယ်။ တောင်ကိုဖောက်၊ ပိုက်ထည့်သွင်းပြီး ပိတ်မိနေသူတွေအတွက် အောက်ဆီဂျင်နဲ့ အစာရေစာတွေ ပေးပို့ကာ အသက်ဆက်စေခဲ့တာပါ။

တူးဖော်ရေးသမားတွေက ကျောက်ဆောင် နောက်ဆုံးအကန့်ကို လက်နဲ့တူးပြီး ပိတ်မိနေသူတွေဆီ ရောက်ရှိခဲ့တာပါ။ အချင်း ၃ ပေပဲ ကျယ်တဲ့ ပိုက်လိုင်းထဲမှာ ဘီးတပ်ကိရိယာနဲ့ လျှောတိုက်ပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

အပြင်မှာ စောင့်ကြည့်နေသူတွေက ပိတ်မိနေသူတွေ ပြန်လည်လွတ်မြောက်လာချိန်မှာ ဝမ်းသာအားရ အော်ဟစ်ပြီး ပန်းစည်းတွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ပြန်လွတ်လာသူတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း မီးရှူးမီးပန်းတွေ ပစ်ဖောက်၊ မုန့်အချိုတွေ ဝေငှပြီး အောင်ပွဲခံခဲ့ကြပါတယ်။

ဥမင်လိုဏ်ခေါင်းထဲကနေ ပြန်လွတ်လာသူတွေကိုတော့ ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံ ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။ မြေပြိုကျပြီး ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေချိန်မှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။