ဉာဉ်ဆိုးကို ဖျောက်ပါက ချမ်းသာမည်

Astrology
ဉာဉ်ဆိုးကို ဖျောက်ပါက ချမ်းသာမည်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဉာဉ်ဆိုးကို ဖျောက်ပါက ချမ်းသာမည် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဉာဉ်ဆိုးကို ဖျောက်ပါက ချမ်းသာမည်

လူတစ်ဦးတစ်ယောက်လျှင် မကောင်းသော ဉာဉ်ဆိုး တစ်ခုမဟုတ်တစ်ခု ရှိလေ့ရှိသည်။ ဗေဒင်အတတ် ပညာတွင် ကြီးပွားချမ်းသာရန်အလို့ငှာ လူတစ်ဦး တစ်ယောက်တွင် စွဲနေသော မကောင်းသည့်ဉာဉ်ကို ပယ်ဖျက်နိုင်ပါက ကြွယ်ဝခြင်း၊ ကြီးပွားခြင်း၊ တိုးတက် အောင်မြင်ခြင်းရရှိမည်။ လူအုပ်စု (၄)အုပ်စုခွဲခြား၍ တစ်စုလျှင် ဉာဉ်ဆိုးတစ်ခု စုစုပေါင်းဉာဉ်ဆိုး (၇)မျိုးသာ သတ်မှတ်သည်။

လူတစ်ဦးတစ်ယောက်တွင်ရှိသည့် အခြားဉာဉ်အစွဲများ ပြင်ရန်မလိုဘဲ လူတစ်ဦး၏ ဉာဉ်ဆိုးတစ်ခုကိုသာ ပြုပြင်ရမည့် ဉာဉ်ဆိုးတစ်ခုသာရှိသည်။ မိမိတွင် မည်သည့် ဉာဉ်ဆိုးအစွဲ ရှိသည်ကို ရှာဖွေ၍ပြင်ဆင်ရန် ဖြစ်သည်။ မိမိတွင်ရှိသော ဉာဉ်ဆိုးကို ရှာဖွေသောနည်းသည်ကားမြန်မာမွေးသက္ကရာဇ်ကိုတည်၍ (၇)နှင့်စားရမည်။ ရရှိသော အကြွင်းကိုကြည့်၍ ဉာဉ်ဆိုးဖော်ထုတ်နိုင်သည်။

(၁) ကြွင်းသမားများ

မြန်မာသက္ကရာဇ်ကိုတည်၍ (ရ)နှင့်စားပါက အကြွင်း (၁) ရသောသူများသည် “အပေါင်းအသင်းမိတ်ဆွေ များအပေါ် လွန်လွန်ကဲကဲ ခင်မင်အားနာတတ်သောဉာဉ်’ကိုပြင်ရမည်။

(၂) ကြွင်းသမားများ

မွေးသက္ကရာဇ်ကို (၇)နှင့်စားသော် အကြွင်း (၂) ရသူများသည် “ရောက်လေရာတိုင်းတွင် သူတစ်ပါးကိုဆရာ လုပ်စိုးမိုးလိုသော ဉာဉ်’ ကိုပြင်ပါ။

(၃) ကြွင်းသမားများ

၃ ကြွင်းသမားများတွင် ပြုပြင်ရမည့် ဉာဉ်ဆိုး သည်ကား “စကားများလွန်းခြင်း၊ ပစိပစပ်များလွန်းခြင်း စရိုက်ဖြစ်သည်။

(၄) ကြွင်းသမားများ

၄ ကြွင်းသမားများ ပြုပြင်ရန်ဉာဉ်ဆိုးကား “စပ်စပ်
စုစုလုပ်တတ်လွန်းခြင်း၊ လောဘနှင့်ယှဉ်ကာ တွက်ဆလွန်း ခြင်း’များ ပြင်သင့်သည်။

(၅) ကြွင်းသမားများ

၅ ကြွင်းသမားများသည် “အတူပူးတွဲနေသည့် အုပ်စုအပေါ် ဗိုလ်ကျစိုးမိုးလိုခြင်း’များကို ပြင်သင့်သည်။

(၆) ကြွင်းသမားများ

၆ ကြွင်းသမားများသည် “ကြွားဝါမှု၊ ချမ်းသာလိုမှုလွန်ကဲခြင်းဉာဉ်ဆိုး’ကို ပြင်ရမည်။

(ရ) ကြွင်းသမားများ

ရ ကြွင်းသမားများသည် ခေါင်းမာတစ်ဇွတ်ထိုး လုပ်တတ်ခြင်းဉာဉ်ဆိုး’ကို ပြင်ရမည်။
မိမိမွေးသက္ကရာဇ်အရ ဉာဉ်ဆိုးဖျောက်နိုင်ပါက သေချာပေါက် တိုးတက်အောင်မြင်မှု ရရှိစေမည်။ အလုပ်များ လည်း အောင်မြင်လာမည်။ မြန်မာ့ရိုးရာနည်းပညာအရ ဉာဉ်ဆိုးကို ပယ်ဖျက်ပြီးပါက တိုးတက်ကြီးပွားခြင်းရလာမည်။ ရှေးဗေဒင်ပညာရှင်များ ဆရာစားအဖြစ် ကွယ်ဝှက်ထားသော နည်းပညာလည်းဖြစ်သည်။

မြန်မာ့ရိုးရာ လက်ဆန်းပညာရှင် များ အသုံးပြုသော နည်းပညာလည်းဖြစ်သည်။ လူတစ်ဦး တစ်ယောက်၏ မွေးသက္ကရာဇ်ကို ကြည့်ရုံနှင့် ဤကာလ ကြီးပွားမည်ဟူ၍ ဒိုင်းခနဲ ဟောနိုင်သောနည်းဖြစ်သည်။ ဗေဒင်ပညာဝါသနာပါသူများ၊ စာဖတ်သူများသိနိုင်ရန် အလို့ငှာ တင်ပြခြင်းဖြစ်ပါသည်။

ကြီးပွားချမ်းသာမည့်နှစ်ကို ရှားဖွေသောနည်းပညာ … မြန်မာသက္ကရာဇ်တစ်ခုကို တည်၊ သည်ကား ၎င်းသက္ကရာဇ်မှ (၁၅၈)ကို နုတ်ရမည်။ ရလဒ်ကို ရှာရမည်။
ကောဇာသက္ကရာဇ်) -(၁၅၈)= → ရလဒ်
ရရှိသောရလဒ်ကို တည်၍ အသက်နှင့်စား အကြွင်းကို ရှာရမည်။
ရလဒ် ÷ အသက် = အကြွင်း
ရရှိသောအကြွင်းကိုတည်၍ (၈)နှင့်စားကာ အကြွင်းကို ရှာရမည်။
အကြွင်း ÷ ၈ → အကြွင်း

ထိုအဆင့်တွင် ရရှိသောအကြွင်းသည် (ဝ၊၃၊၄) ဖြစ်ပါက မြေကြီးလက်ခတ်မလွဲ ထိုသူကြီးပွားပေအံ့။ သက္ကရာဇ်(၁၃၇ဝ)ခုနှစ်တွင် အသက် ၂ရ နှစ် ရောက်သူ တစ်ဦးသည် ကြီးပွားချမ်းသာမှုရှိမရှိ တွက်စစ်မည်ဆိုပါက
(၁၃ရဝ_၁၅၈)= ၁၂၁၂ ဖြစ်သည်။ ရလဒ် = ၁၂၁၂ ကို အသက် ၂ရ နှင့်စားသော် အကြွင်း ၂၄ ရသည်။ ရရှိသော အကြွင်း ၂၄ ကို ၈ နှင့်စားသော် ဝကြွင်းဖြစ်သည်။

၁၃ဝဝ ခုနှစ်တွင် အသက် ၂ရနှစ်ရှိသူအားလုံးတို့သည် သေချာပေါက် တိုးတက်ကြီးပွားမှု ရရှိပေမည်။ ထိုရရှိသော တိုးတက်ကြီးပွားမှုတို့သည် ဉာဉ်ဆိုးကို ပြုပြင်နိုင်မှသာ တစ်သက်တာ ခိုင်မြဲရပ်တည်နိုင်မည်ဖြစ်သည်။

ဉာဉ်ဆိုးကို ပြင်ဆင်ခြင်းမပြုနိုင်ပါက ရရှိသောတိုးတက်မှုတို့သည် ယာယီသာဖြစ်မည်။ ရောက်ရှိမည့် မြန်မာသက္ကရာဇ်များနှင့် မိမိ အသက်ကို ချိန်ဆ၍ တိုးတက်အောင်မြင်နိုင်ခြင်း ရှိမရှိကို တွက်ဆနိုင်ပါသည်။ ထိုကာလများတွင် စနစ်တကျ ဆောင် ရွက်နိုင်ပါက ကြီးပွားတိုးတက်နိုင်သည့်အပြင် ဉာဉ်ဆိုးကို ဖျောက်နိုင်ပါက ရေရှည်ခိုင်မြဲသော အောင်မြင်မှုကိုရရှိမည်။

ရောက်ရှိသော မြန်မာသက္ကရာဇ်သည် မိမိတိုးတက် အောင်မြင်မှုအတွက် အလှည့်အခါ မသင့်သေးပါကလည်း ဉာဉ်ဆိုးကိုဖျောက်၍ ပြုပြင်နိုင်ပါက အောင်မြင်မှုများ၊ ကံအခွင့်အလမ်းကောင်းများ ရရှိပိုင်ဆိုင်ရပေမည်။

ရေးသားသူ – စံဇာဏီဘို

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။