အနိုင်ဓါတ်ယတြာဆင်ကြရာ၀ယ်

Astrology
အနိုင်ဓါတ်ယတြာဆင်ကြရာ၀ယ်

ခြေများသော ၊ အိမ်မကပ်သော ၊ ရှုပ်ပွေသော၊ အလုပ်ကောင်းစွာမလုပ်သော ၊ မိဘ ဆရာသမား လူကြီးသူမများ၏ စေတနာကို မလေးစားတတ်သော ၊ အနိုင်ကျင့်တတ်သော ၊ အချိန်ပြည့် မူးရူးနေလေ့ ရှိသော ၊ အငြင်းသန်လေ့ရှိသော ၊ မိသားစုကို တာဝန် မယူသော လင်ယောကျာ်းများကို ကောင်းစွာ စကား ပြောဆို အောင်မြင်စေဖို့ရန် ၊ အနိုင်ရစေရန် ယတြာ ဖြစ်ပါတယ် ။ ဤယတြာနှင့် တစ်ဖက်သူကို အပြစ်မရှိ အပြစ်ရှာပြီး အကြောင်းမဲ့ အနိုင်ယူ နှိပ်ကွက်လိုစိတ်ဖြင့် လုပ်ပါက ယတြာမအောင်မြင်နိုင်သလို ကိုယ်ကိုတိုင်ပါ အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရတတ်ပါသည်ကို အထူးသတိပြုစေလိုပါသည် ။

တနင်္ဂနွေ သားသမီးများအပေါ် စကားဩဇာညောင်း၍ အနိုင်ရလိုပါက သောကြာသားကို အုန်းပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ ။ အပင်ရှင်နေသမျှ တနင်္ဂနွေသားကို နိုင်နေလိမ့်မည် ။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲနိုင်နေချင်ရင်တော့ ရှင် အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ကြိုးစားပြီး စိုက်ပါ။

တနင်္လာနေ့ သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင်၊ တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် စနေသားကို ကျွန်းပင်တစ်ပင် ကြိုက်ရာ အရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ တနင်္လာသား ကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင် ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီး တစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

အင်္ဂါနေ့ သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင်၊ တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် တနင်္ဂနွေသားကို ဆီးပင်တစ်ပင် ကြိုက်ရာ အရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ အင်္ဂါသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေ ချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီး တစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ ။

ဗုဒ္ဓဟူးနေ့ သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင်၊ တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် တနင်္လာသားကို လင်းလွန်းပင် (သို့) ရွက်လှပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ ဗုဒ္ဓဟူးသားကို နိုင်နေလိမ့်မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင် အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

ကြာသပတေး သားသမီးများ အပေါ် အနိုင်ရ ပြောသမျှအောင်၊ တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် အင်္ဂါသားကို ပျဉ်းမပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ ကြာသပတေးသားကို နိုင်နေလိမ့် မည်။ အပင်သေသွားရင် ဒီပုံစံအတိုင်း နောက် တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲနိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။
သောကြာ သားသမီးများအပေါ် အနိုင်ရ ပြောသမျှအောင်၊ တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် ဗုဒ္ဓဟူးသားသမီးကို သီဟိုဠ်ပင် တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ ။ အပင်ရှင် နေသမျှ သောကြာသားကို နိုင်နေလိမ့်မည်။ အပင် သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက် လက်စိုက်ပါ။ အမြဲ နိုင်နေချင်ရင်တော့ ရှင်အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစား ပြီးစိုက်ပါ။

စနေ သားသမီးများအအပါ် အနိုင်ရ ပြော သမျှအောင်၊ တစ်ဖက်လူ ကိုယ့်ကို မလေးမခန့် မလုပ်ရအောင် ကြာသပတေးသားသမီးကို ဒန်းပင် (သို့) ထန်းပင်တစ်ပင် ကြိုက်ရာအရပ်မှာ စိုက်ခိုင်းပါ။ အပင်ရှင်နေသမျှ စနေသားသမီးကို နိုင်နေလိမ့်မည်။ အပင် သေသွားရင် ဒီပုံစံအတိုင်း နောက်တစ်ပင် ဆက်လက်စိုက်ပါ။ အမြဲနိုင်နေချင်ရင်တော့ ရှင် အောင် ကြိုးစားပြီး တစ်ပင်ပြီးတစ်ပင် ရှင်တဲ့အထိ ကြိုးစားပြီးစိုက်ပါ။

ဒီနေရာမှာ တစ်ခု ပြောချင်တာက ဒီဓာတ် ရိုက်ဓာတ်ဆင် ပညာဟာ ကိုယ့်အိမ်သား ကိုယ့်မိသားစု ၊ မောင်နှမအရင်း ၊ ကိုယ့်သားသမီး ၊ အိမ်သူ အိမ်သားတွေ အပေါ်မှာပဲ ပြောရရင်တော့ တိုက်ရိုက် ပတ်သက်သူများအပေါ်မှပဲ ဆောင်ရွက်လို့ ရမှာပါ။

စိုက်ထားတဲ့ အပင်တွေကို ကိုယ့်အိမ်ခြံဝင်းတို့ အိမ်ဝရံတာတို့မှာ ထားနိုင်ပါတယ် ။ ရေမှန်မှန် လောင်းဖို့တော့ မမေ့ပါနဲ့ ။ အပင်ကြီးလာလေလေ ကိုယ်က နိုင်လေလေ ဖြစ်ပါတယ် ။ အပင်သေသွား ရင်လည်း စိတ်မလျှော့ပါနဲ့ ။ ထပ်စိုက်ပါ ။

ဒီနည်းကို ယောကျာ်းနိုင်တဲ့နည်း ၊ မိမိ သားသမီးများအပေါ် ဩဇာညောင်းစေတဲ့နည်းအဖြစ် လက်တွေ့ ဆောင် ရွက်နိုင်ပါတယ် ။ အနိုင်တော့ မကျင့်ပါနဲ့ ။ မျှတ သော စိတ်ထားနှင့် ကိုယ်ချင်းစာနာတဲ့ စိတ်နဲ့သာ ဆောင်ရွက်လို့ကတော့ မုချ မလွဲမသွေ အောင်မြင် ပါလိမ့်မယ်လို့ ပြောလိုက်ပါရစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။