ပိန်းဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်

Health Knowledge
ပိန်းဥရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်


ပိန်းဥဟာ ကျန်းမာရေးအတွက်ကောင်းတဲ့ သစ်ဥသစ်ဖု တစ်မျိုးဖြစ် ပြီး ပိုတက်ဆီယမ်၊ ကယ်လ်စီယမ် ၊ ဗီတာမင်ဘီ၊ အီး၊ စီနဲ့ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင်အေနဲ့ ပရိုတင်းတို့ ပါဝင်ကြပါ တယ်။

၁။ သွေးတိုးကိုကျစေပါတယ်

ပိန်းဥမှာ သွေးတွင်းတည်ငြိမ်မှုကို အားပေးတဲ့ သတ္တုဓာတ်ပိုတက်ဆီယမ် အ များအပြားပါဝင်လို့ သက်ကြီးပိုင်းအရွယ်တွေနဲ့ သွေးတိုးရှိသူတွေ စားသုံးသင့်ပါတယ်။

၂။ ဂလူတင်မပါရှိပါ

ပိန်းဥမှာ စေးကပ်တဲ့ ဂလူတင်ဓာတ် မပါရှိပါဘူး။ ဒါပေမဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓာတ်တွေ ပါရှိပါတယ်။

၃။ ကိုယ်ခံအားကောင်းစေတယ်

ဗီတာမင်တွေ ကြွယ်ဝတဲ့ ပိန်းဥဟာ ကိုယ်ခံအားကို မြှင့်တင်နိုင်ဖို့ အရမ်းအသုံးဝင်ပါတယ်။ ဗီတာမင်စီကလည်း ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး အအေးမိ ၊ ချောင်းဆိုး၊ ဖျားတာတွေလို အပျော့စားရောဂါတွေကို ခုခံနိုင်စေပါတယ်။

၄။ နှလုံးအန္တရာယ် လျော့နည်း

ကိုလက်စထရော မပါသလို အဆီလည်း နည်းတဲ့ ပိန်းဥက နှလုံးရောဂါရှိသူတွေအတွက် အကျိုးပြုပါတယ်။ ပိန်းဥကို ပုံ မှန်စားသုံးလေ့ရှိတဲ့သူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ လျော့နည်း စေနိုင်ပါတယ်။

၅။ ကိုယ်အလေးချိန် လျှော့

အဆီဓာတ်နဲ့ အမျှင်ဓာတ်အများကြီး ပါဝင်တဲ့ ပိန်းဥဟာ ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက် အသုံးဝင်စေမယ့် အာဟာရတစ်မျိုးဖြစ်ပါတယ်။

၆။ ဆိုဒီယမ်ပါဝင်မှုနည်း

ဆိုဒီယမ်ဓာတ် ပါဝင်မှုနည်းလို့ ဆိုဒီယမ် လျှော့စားလိုသူတွေအတွက် သင့်တော်ပါတယ်။ ဆိုဒီယမ်ကို ဘာကြောင့် ရှောင်ကြတာလဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် များနေရင် ကျောက်ကပ်ပြဿနာ၊ သွေးဖိအားများတာ၊ သွေးကလာပ်စည်းတွေ ထိခိုက်စေတာတွေ ဖြစ်လာစေနိုင်လို့ ပါ။

၇။ အမျှင်ဓာတ်များ

ပိန်းဥက တစ်နေ့တာ လိုအပ်တဲ့အမျှင် ဓာတ်ပမာဏကို ၂၇ ရာခိုင်နှုန်းလောက်အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြောင့် အူမကြီး ၊ အစာအိမ်တို့လို အူလမ်း ကြောင်းမှာ ကျန်းမာစေပါတယ်။ အမျှင်ဓာတ်များတဲ့အစာတွေကို စားရင် အူမကြီး ကင်ဆာဖြစ်နိုင်ခြေ ကို လျှော့ချနိုင်ပြီးကိုလက်စထရောစုပုံမှုကို ကာကွယ်နိုင်ပါတယ်။

၈။ သကြားဓာတ်ပါဝင်မှုနည်း

အချိုဓာတ်ညွှန်းကိန်း နည်းပါတာ ကြောင့် သွေးတွင်းသကြားဓာတ်ကို တဖြည်းဖြည်း လျော့ကျစေနိုင်ပါတယ်။ သွေးတွင်း သကြားဓာတ်အပြင် ဝိတ်ကိုပါကျစေ နိုင်တာကြောင့် ဆီးချိုသမားတွေအတွက် ကိုက်ညီပါတယ်။

၉။ အမောသက်သာစေ

ပိန်းဥပဟာ မောပန်းနွမ်းလျမှုကို သက်သာစေနိုင်ပြီး၊ တစ်နေ့တာအတွင်း ခန္ဓာကိုယ်ကျန်းမာစေလို့ အားကစားသမားတွေအတွက် ကောင်းပါတယ်။

၁၀။ အမိုင်နိုအက်စစ်နဲ့ အိုမီဂါသရီးပါဝင်

ပိန်းဥဟာ အမိုင်နိုအက်စစ် ကြွယ်ဝပါ တယ်။ အမိုင်နိုအက်စစ် ၁၇ မျိုး ကျော် ပါ ဝင်တဲ့အပြင် နှလုံးကျန်းမာရေး၊ ကင်ဆာကာကွယ်ရေးအတွက် အိုမီဂါသရီးနဲ့ ဆစ်လည်း ပါဝင်ပါတယ်။

၁၁။ အရွယ်တင်နုပျိုစေတယ်

ဂျပန်ပိန်းဥမှာဆို ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေဖို့ အရေးပါတဲ့ Hyaluronic Acid ပါဝင်မှု မြင့်မားတာကြောင့် တစ်နှစ် တာလုံးမှာ ခနÎာကိုယ်နုပျိုနေစေဖို့ အ ထောက်အကူ ပြုနိုင်ပါတယ်။

ရေးသားသူ -Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။