ဘုမ္မိစက်ကွင်းကျရောက်ခဲ့သော်

Astrology
ဘုမ္မိစက်ကွင်းကျရောက်ခဲ့သော်

မြန်မာဗေဒင်ပညာတွင် ဘုမ္မိကျရောက်သည့်အသက်ပိုင်းကို နေ့သားအလိုက် ရှေးဆရာကြီးများ သတ်မှတ်ခဲ့ကြသည်။ ဘုမ္မိစက်ကွင်းသို့ရောက်ရှိခဲ့သော် ညာတိဗျသန-ဆွေမျိုးညာတိတို့ပျက်စီးခြင်း၊ ဘောဂဗျသန-စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း၊ ရောဂါဗျသန- အနာရောဂါ ဖိစီးနှိပ်စက်၍ ပျက်စီးခြင်း တို့ဖြစ်တတ်ကြောင်းဆိုထားချက်ရှိပါသည်။

မြန်မာ့လက်ဆန်းဗေဒင်ပညာအရ မိမိတို့၏ ဂြိုဟ်နံသင့်အိမ်မှ လေးခွင်မြောက်ကျရောက်သော အဌလက်ခွင်သို့ ရောက်ခြင်းကို ဘုမ္မိစက်ကွင်းသို့ကျရောက်သည်ဟုသတ်မှတ်ခဲ့ကြသည်။ နေ့သားအလိုက် ဘုမ္မိဂြိုဟ်အိပ် ကျရောက်သော အသက်ပိုင်းများမှာ –

-တနင်္ဂနွေနေ့ဖွားများသည် ဗုဒ္ဓဟူးဂြိုဟ်အိပ်ဖြစ်သော အသက် ၃၀နှစ် မှ ၄၆ နှစ်အတွင်း

-တနင်္လာနေ့ဖွားများသည် စနေဂြိုဟ်အိပ်ဖြစ်သော အသက် ၄၁နှစ်မှ အသက် ၅၀နှစ်အတွင်း

– အင်္ဂါနေ့ဖွားများသည် ကြာသပတေးဂြိုဟ်အိပ်ဖြစ်သော အသက် ၃၆-နှစ်မှ ၅၄-နှစ်အတွင်း

– ဗုဒ္ဓဟူးနေ့ဖွားများသည် ရာဟုဂြိုဟ်အိပ်ဖြစ်သော အသက် ၄၇-နှစ်မှ ၅၈-နှစ်အတွင်း

– ကြာသပတေးနေကဖွားများသည် တနင်္ဂနွေဂြိုဟ်အိပ်ဖြစ်သော အသက် ၅၃နှစ်မှ ၅၈နှစ်အတွင်း

-သောကြာနေ့ဖွားများသည် အင်္ဂါဂြိုဟ်အိပ်ဖြစ်သော အသက် ၄၃နှစ်မှ အသက် ၅၀နှစ်အတွင်း

-စနေနေ့ဖွားများသည် သောကြာဂြိုဟ်အိပ်ဖြစ်သော အသက် ၄၂-နှစ်မှ ၆၂-နှစ်အတွင်း
၄င်းအသက်ပိုင်းများသည် ၇-နေ့ဖွားအလိုက် ဘုမ္မိဂြိုဟ်အိပ်သော အသက်ပိုင်းများဖြစ်ပြီး အ၀င်နှစ် အထွက်နှစ်များတွင် ပိုမိုဂရုစိုက်သတိပြုရမည်ဖြစ်ပေသည်။

ဘုမ္မိကျသောအသက်ပိုင်းများတွင် မိမိတို့၏ အာယုအရပ်တွင် မွေးနံပင်ကို ရှင်သန်အောင်စိုက်ပျိုးခြင်းဖြင့် ဘုမ္မိဆိုးကျိုးကြောင့် ဖြစ်ပေါ်လာသော အညံ့များကို ကာကွယ်ပေးပေမည်။ ဤကားရှေးခေတ်ပညာရှင်ကြီးများ၏ ဘုမ္မိအကာကွယ်ယတြာနည်းလမ်းကောင်းတစ်ခုပင်ဖြစ်သည်။ နေ့သားအလိုက်ဆောင်ရွက်ရန်မှာ –

-တနင်္ဂနွေနေ့ဖွားများသည် အရှေ့အရပ်တွင် အုန်းပင်စိုက်ရမည်။

-တနင်္လာနေ့ဖွားများသည် အရှေ့တောင်အရပ်တွင် ကံကော်ပင်စိုက်ရမည်။

-အင်္ဂါနေ့ဖွားများသည် တောင်အရပ်တွင် ဇီးပင်စိုက်ရမည်။

-ဗုဒ္ဓဟူးနေ့ဖွားများသည် အနောက်တောင်အရပ်တွင် ရွက်လှပင် ဝါးပင် ရရာတစ်ပင်စိုက်ပျိုးရမည်။

– ကြာသပတေးနေ့ဖွားများသည် အနောက်မြောက်အရပ်တွင် ပျဉ်းမပင် သို့မဟုတ် ပိန်းပန်းပင်စိုက်ရမည်။

-သောကြာနေ့ဖွားများသည် အရှေ့မြောက်အရပ်တွင် သီဟိုပင် သီးပင် ရရာစိုက်ပျိုးရမည်။

-စနေနေ့ဖွားများသည်။ အနောက်အရပ်တွင် ဒန်းပင် စိုက်ပျိုးရမည်။

ဤကား ရှေးခေတ်ပညာရှင်ကြီးများ အသုံးပြုခဲ့သော ဘုမ္မိကျော် ဓာတ်သစ်ပင်စိုက်ယတြာပင်ဖြစ်ပါသည်။

ရေးသားသူ -ဆရာလင်းဝေအောင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။