ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

Health Knowledge
ကြွက်သားနာကျင်မှုကို ဖြစ်စေနိုင်တဲ့ ရောဂါများ

ကြွက်သားတွေ နာကျင်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ကြွက်သားနာကျင်တာက အပြင်းအထန်လေ့ကျင့် လှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ ဒါမှမဟုတ် အသေးစား ထိခိုက်ဒဏ်ရာတွေ ဖြစ်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။ ကြွက်သားမှာ တင်းအားများသွားတဲ့ အခါမျိုးတွေပေါ့၊

ကြွက်သားနာကျင်တာက နေရာတစ်စုချင်းစီမှာ ဖြစ်တာများပါတယ်။ ဥပမာ လမ်းလျှောက်များလို့ ခြေသလုံး ကြွက်သား နာကျင်တာ၊ အလေးမ လို့ လက်မောင်း ကြွက်သားတွေ နာကျင်တာမျိုးပေါ့။

တစ်နေရာထဲ မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးနီးပါးက နာကျင်နေတယ်ဆိုရင်တော့ သာမန် ကြွက်သား နာကျင်တာလို့ မဆိုသာတော့ပါဘူး။ ရောဂါ လက္ခဏာ တစ်ခုခု ဖြစ်နေနိုင်သလို ရောဂါတစ်ခုခုကြောင့် ကြွက်သား နာကျင်တာ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံး ကြွက်သားတွေ နာကျင်ရတာ ဘာကြောင့်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ကြွက်သား နာကျင်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းခံများ

ကြွက်သားတွေက တစ်နေရာတည်း မဟုတ်ဘဲ ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေ အခုလို အခြေအနေတွေ ခံစားနေရတာကြောင့် ဖြစ်နိုင်ပါတယ်။
များသောအားဖြင့်ကတော့ ပိုးဝင်ကူးစက်တာ၊ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြွက်သားတွေ နာကျင်တာ ဖြစ်နိုင်သလို အောက်ပါအခြေအနေတွေ​​ကြောင့်လည်း ကြွက်သားတွေ နာကျင်နိုင်ပါတယ်။

ကြွက်တက်တာ
အဆစ်ရောင်နာ
တုပ်ကွေး
သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု အားနည်းတာ
ကြွက်သားအားနည်း ရောဂါ (Polymyositis)
Fibromyalgiaလို့ ခေါ်တဲ့ တစ်ကိုယ်လုံးညောင်းတဲ့ရောဂါ
Lyme ရောဂါ
နာတာရှည် ရောင်ရမ်းနာ (Lupus)
အဆစ်အရွတ်ပြားဒဏ်ဖြစ်ခြင်း
ကြွက်သားတင်းအားပြတ်ခြင်း (Dystonia)
ကြွက်သားဒဏ်ဖြစ်ခြင်း
Covid-19 စတဲ့ ရောဂါတွေကြောင့် ကြွက်သားတွေက တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲတာပါ။

ကြွက်သားနာကျင်တဲ့အခါ သက်သာစေဖို့
ကြွက်သားတွေ နာကျင်တာ​ကြောင့် ခံရ မခက်စေဖို့ဆိုရင်
သက်သောင့်သက်သာနေပါ။
ကြွက်သား နာကျင်တဲ့အခါ သက်သောင့်သက်သာ ဖြစ်အောင် နေတာက နာကျင်မှုကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ ကြွက်သားတွေကို သက်သောင့်သက်သာ အနားပေးလိုက်တဲ့အခါ နာကျင်မှုက သိသိသာသာ သက်သာလာပါလိမ့်မယ်။

ဆေးပလာစတာကပ်ပါ၊ ဆေးလိမ်းပါ။

ကြွက်သားတွေ နာကျင်တဲ့အခါ အရင်ဆုံး လုပ်မိမယ့် နည်းလမ်းတစ်ခုက ဒဏ်ကြေလိမ်းဆေး လိမ်းတာဟုတ်။ ဒဏ်ကြေလိမ်းဆေး လိမ်းပေးတာက ကြွက်သားနာကျင်တာကို သက်သာစေမယ့် အလွယ်ကူဆုံးကုထုံးတွေထဲက တစ်ခုပါ။

တကယ်လို့ ဆေးလိမ်းရတာကို မကြိုက်ဘူး။ ဆေးနံ့နဲ့ ဆေးအဆီတွေကြောင့် ပေကျံမှာကို မလိုချင်ဘူးဆိုရင်တော့ အလွယ်ကူဆုံး ကြွက်သားနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းရှိပါတယ်။ ဒါကတော့ ဆေးပလာစတာ ကပ်တာပါ။ လေဝင်လေထွက်ကောင်းပြီး မြဲမြံတဲ့ ဆေးပလာစတာကပ်တာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲကတစ်ခုပေါ့။ ပရုတ်အေးနဲ့ဆို ပိုတောင်ကောင်းပါသေးတယ်။

ရေခဲဝတ်ကပ်ပါ

ကြွက်သားနာကျင်တာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက ရေခဲဝတ်ကပ်တာပါ။ အဝတ်စသန့်သန့်လေးနဲ့ ရေခဲကို ထည့်ပြီး နာကျင်နေတဲ့နေရာကို ၁၅ မိနစ်လောက်ကပ်လိုက် ၅ မိနစ်လောက်နားလိုက် ပြန်ကပ်လိုက်လုပ်ပေးပါ။

ရေနွေးအိတ်ကပ်ပါ

ရေနွေးဝတ်ကပ်တာက ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ ရေနွေးဝတ်ကပ်တာက ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့် ၁၅ မိနစ်တစ်ကြိမ်လောက် နာကျင်တဲ့ ကြွက်သားတွေကို ရေနွေးဝတ်ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးတာကလည်း ကြွက်သားနာကျင်မှုကို သက်သာစေမယ့် နည်းလမ်းကောင်းတစ်ရပ်ပေါ့။

ရေဓာတ် ဖြည့်ပါ။

ရေဓာတ် ပြည့်ဝမှုက ကြက်သားနာကျင်မှုကို အထိုက်အလျောက် သက်သာစေပါတယ်။ ဒါကြောင့် ကြွက်သားတွေ နာကျင်လာပြီဆိုရင် ရေသောက်ဖို့ သတိရပါ။ ရေသောက်တာက ကြွက်သားနာကျင်မှုကို သက်သာစေသလို ကိုယ်ခံအားကိုလည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ။

တစ်ခါတလေ ကြွက်သားနာကျင်တဲ့အခါ လေ့ကျင့်ခန်း ပေါ့ပေါ့ပါးပါးလေး လုပ်တာက ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ လေ့ကျင့်ခန်း လုပ်တဲ့အခါ ကြွက်သားနဲ့အဆစ်တွေ နာကျင်မှုကို သက်သာစေနိုင်တဲ့ endorphins ဟော်မုန်းကို ထွက်ရှိစေလို့ပါပဲ။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းရောက်ရှိမှုလည်း ကောင်းစေပါတယ်။

ဒီနည်းလမ်းတွေက ကြွက်သားနာကျင်မှုကို သက်သာစေဖို့ အလွယ်တကူ လုပ်လို့ ရတဲ့ နည်းလမ်းတွေပါ။ တကယ်လို့ ရောဂါ အခံကြောင့် ကြွက်သား နာကျင်တာဆိုရင်တော့ ဒီနည်းတွေအပြင် သေချာ ကုသမှုခံယူဖို့လည်း လိုပါမယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။