၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ မှ ဧပြီလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် ဧပြီလ ၈ ရက်နေ့ မှ ဧပြီလ ၁၄ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက်မှုများ ရှိနေပါမယ်။ ဆုံးရှုံးသွားသော စွမ်းအင်များ ပြန်လည် ရရှိပါမယ်။ ဒါ့အပြင် ယုံကြည်မှုရှိရှိ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပါမယ်။ အထူးသဖြင့် အိပ်ချိန် လုံလုံလောက်လောက် ထားပါ။

ဤကာလအတွင်း ငွေကြေး အခွင့်အလမ်းများ ရရှိနိုင်ပါမယ်။ ဝင်ငွေနှင့် အသုံးစရိတ်ကြား မျှတမှု ရှိနေပါမယ်။ သို့သော် မိမိ၏ နေအိမ်အတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။

မိသားစုရေးရာ ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရနိုင်ခြေ ရှိနေပါတယ်။ မိမိကိုယ်မိမိ လွန်စွာ တွန်းအား မပေးပါနှင့်။ ဖြည်းဖြည်းမှန်မှန် ပြုလုပ်ပေးပါ။ လိုအပ်ပါက မိသားစုဝင်များထံမှ အကူအညီများကိုလည်း ရယူနိုင်ပါတယ်။

ပြိဿရာသီခွင် – Taurus ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် ကျန်းမာရေး အရ အားနည်းနေပါမယ်။ အထူးသဖြင့် ကိုယ်ခံအား ကောင်းမွန်အောင် ကြိုးစားပေးပါ။ မိမိကိုယ် မိမိ အလွန်အကျွံ ဖိအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။

ငွေကြေးအရ ကံတရားသည် ကောင်းမွန်နေပါမယ်။ ငွေကြေး အခွင့်အလမ်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် လိုအပ်သော ပစ္စည်းများ ဝယ်ယူခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း အတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။

ယခုအပတ်တွင် ကူညီတတ်သည့် အလေ့အကျင့်ကို အခွင့်ကောင်းယူကာ မိမိအပေါ် အမြတ်ထုတ်မှုနှင့် ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် အမြဲလိုလို စေတနာထားခြင်းက တခါတရံ ထိခိုက်နစ်နာ စေနိုင်သည်ကို သတိထားပေး ရပါမယ်။

မေထုန်ရာသီခွင် – Gemini ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးကို ဂရုစိုက်ပေးရပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေးနှင့် အညီ သန့်ရှင်းလက်ဆတ်သော အစားအစာများကို စားသုံးပေးပါ။ ဒါ့အပြင် မနက်ခင်းတိုင်း လမ်းလျှောက်ပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးအရ အဆင်ပြေနေပါမယ်။ အကယ်၍ အခက်အခဲများ ကြုံတွေ့လာပါက ငွေကြေး ထောက်ပံ့မှုတို့ကြောင့် ကောင်းမွန်စွာ ကျော်ဖြတ်နိုင်ပါမယ်။ ငွေကြေး ကိစ္စရပ်များ အပြင် လူမှုဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားပေးရပါမယ်။

Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ စည်းလုံးညီညွတ်မှုတို့ဖြင့် ထောက်ပံ့မှုများ ရှိ‌ေနပါမယ်။ အသက်မွေးဝမ်းကြောင်းနှင့် စပ်လျဉ်း၍ ရလာဒ်ကောင်းများ ရရှိစေနိုင်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်မှု ရှိနေပါမယ်။ စိတ်အားထက်သန်မှုတို့ကြောင့် အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါမယ်။

ငွေရေးကြေးရေးအရ ကြီးမားသော အခွင့်အလမ်းများ ရရှိနိုင်ပါမယ်။ ဒါ့အပြင် လုပ်ငန်းသစ်များကို စတင်နိုင်ပါမယ်။ သို့သော် မည်သည့် ရင်းနှီးမြုပ်နှံမှုကိုမဆို ဆုံးဖြတ်ချက်မချမီ အားသာချက်များနှင့် ချို့ယွင်းချက်များကို ဂရုတစိုက် ကြည့်ရှုပေးပါ။ လိုအပ်ပါက အတွေ့အကြုံရှိသူများထံမှ အကူအညီများ ရယူပေးပါ။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစုဘဝတွင် ဖိအားတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သို့သော် စိတ်ဓာတ်မကျပါနှင့်။ ကြုံတွေ့နေရသော အခက်အခဲများကို ငြီးငြူခြင်း၊ အချိန်ဖြုန်းခြင်းထက် ကြိုးစားဖြေရှင်းနိုင်မှသာ လွတ်မြောက်နိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးအရ ရလာဒ်ကောင်းများ ရရှိနိုင်ပါမယ်။ သို့သော် ခါးနာခြင်း ဝေဒနာ ခံစားရနိုင်ခြေ ရှိနေသောကြောင့် အလေးအပင် မခြင်းတို့ကို ရှောင်ကြဉ်ပေးပါ။ ဤကာလအတွင်း အသုံးစရိတ်တို့သည် မြင့်မားနေတတ်ပါတယ်။

အထူးသဖြင့် ရပ်ဝေးတွင် ရောက်ရှိနေကြသော Leo ရာသီခွင်များ အနေနဲ့ ငွေကြေး ပိုမိုသုံးစွဲရတတ်ပါတယ်။ မိသားစုဝင်များနှင့်အတူ နေအိမ်အတွက် ပြုပြင်ပြောင်းလဲမှု အချို့ပြုလုပ်ရန် စီစဉ်နိုင်ပါတယ်။

ဤကာလအတွင်း မိမိ၏ ခံစားချက်များကို တန်းဖိုးထားသူ ဒါမှမဟုတ် ရင်းနှီးသော သူငယ်ချင်းများအား ဖွင့်ဟပြောဆိုပေးပါ။ နှစ်သိမ့်မှုနှင့်အတူ စိတ်ခွန်အားများ ပြန်လည်ရရှိလာပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( April 8 to April 14 )
===============================================

ယခုအပတ် အစောပိုင်းတွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ ပိုမိုဂရုစိုက်ပေးရပါမယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းခြင်းကြောင့် ရောဂါ ဝေဒနာအချို့ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။

ဤကာလအတွင်း ငွေရေးကြေးရေး ကံတရားသည် ကောင်းမွန်နေပါမယ်။ ရက်သတ္တပတ် အစောပိုင်းတွင် ဝင်ငွေများ ပိုမိုရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ငွေကြေး ထောက်ပံ့မှုများကိုပါ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သို့သော် ကတိမတည်သူများအား ငွေကြေး ချေးငှားမှုများ မပြုလုပ်ပါနှင့်။

ယခုအပတ်တွင် မိသားစုများ အကြား သံသယဖြစ်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ အထူးသဖြင့် တစ်ဦးပေါ် တစ်ဦး ယုံကြည်မှု ထားရှိပေးပါ။ လုပ်ဆောင်လိုသည့် ကိစ္စရပ်များအတွက် ကူညီထောက်ပံ့ပေးရန် လိုအပ်ပါမယ်။

တူရာသီခွင် – Libra ( April 8 to April 14 )
===============================================

ယခုအပတ်သည် Libra ရာသီခွင်များ အတွက် စိတ်ခံစားချက် ပြင်းထန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ အထူးသဖြင့် ဒေါသကို ထိန်းချုပ်ရန် လိုအပ်ပါလိမ့်မယ်။ စိတ်တည်ငြိမ် အေးခြမ်းမှုကို ရရှိစေရန် တရားထိုင်ပေးပါ။

အကယ်၍ ရေရှည် ရင်းနှီးမြုပ်နှံထားပါက ယခုအပတ်တွင် အကျိုးအမြတ် ကြီးကြီးမားမား ရရှိနိုင်ပါမယ်။

သို့သော် မိသားစုဝင် အကြီးအကဲများနှင့် တိုင်ပင်ပြီးမှသာ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ချမှတ်ပေးပါ။ မိသားစုဝင်များ အကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ ဒါ့အပြင် ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ပြဿနာဟောင်းများကို ဖယ်ရှားနိုင်ပြီး ကျန်းကျန်းမာမာ ဖြတ်သန်းနိုင်ပါမယ်။ သို့သော် ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ နေ့စဉ် ပုံမှန် လမ်းလျှောက်‌ပေးပါ။

ငွေကြေး အခြေအနေ အားကောင်းနေပါမယ်။ ‌ငွေကြေး အခွင့်အလမ်းများ အပြင် ငွေကြေး စုဆောင်းမှုကိုပါ ပြုလုပ်နိုင်ပါမယ်။ ငွေကြေး သုဲးစွဲမှုနှင့် ပက်သက်၍ အကန့်အသတ် ထားရှိပေးပါ။

ဤကာလအတွင်း မိသားစုရေးရာ ဆုံးဖြတ်ချက်များ ချမှတ်ရတတ်ပါတယ်။ လိုအပ်သော ပံ့ပိုးကူညီမှုများကို ရရှိနိုင်ပါမယ်။

ဓနုရာသီခွင် – Sagittarius ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်အား ထက်သန်စွာ အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးအားဖြင့် အတိတ်ကာလမှ ပြုလုပ်သော အကျိုးရလာဒ်ကို ခံစားရတတ်ပါတယ်။ သို့သော် အလောင်းကစား ကဲ့သို့သော မှားယွင်းသော လုပ်ဆောင်မှုများကို ရှောင်ကြဉ်ပေးပါ။ မဟုတ်ပါက ငွေကြေး ဆုံးရှုံးမှုများ ဖြစ်လာနိုင်ပါမယ်။

ဤကာလအတွင်း Sagittarius ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းသာယာမှု ရှိနေပါမယ်။ ကောင်းမွန်သော ဆက်ဆံရေးတို့ဖြင့် ပံ့ပိုးကူညီမှုများ ရှိနေပါမယ်။

မကာရရာသီခွင် – Capricorn ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်ပေမယ့်လို့ စိတ်ပိုင်းဆိုင်ရာအရ အားနည်း နေနိုင်ပါမယ်။ အထူးသဖြင့် စိတ်လှုပ်ရှားကာ မသေချာမရေရာမှုတွေ ခံစားရတတ်ပါတယ်။

ဤကာလအတွင်း ငွေကြေးအားဖြင့် ကံတရား၏ အားပေး ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ မိမိကြိုးစားအားထုတ်သလောက် အကျိုးဖြစ်ထွန်းမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အထောက်အပံ့များ ရရှိနိုင်ပါတယ်။

မိမိတတ်နိုင်သမျှ အိမ်မှုရေးရာ ကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပါ။ မိသားစုဝင်များထံမှ အကြံဉာဏ်များကိုလည်း ရယူနိုင်ပါတယ်။ မိတ်ဆွေ၊ အပေါင်းအသင်းသစ်များ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ကုမ်ရာသီခွင် – Aquarius ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ရောဂါ ကြီးကြီးမားမား ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ အနည်းငယ်ရှိပေမယ့်လို့ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။

ငွေကြေးကိစ္စနှင့် ပက်သက်၍ စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့်ကို ကြုံတွေ့ရတတ်ပါတယ်။ အကျိုးခံစားခွင့်များ ရရှိစေရုံ သာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်းလာပါမယ်။

ဤကာလအတွင်း မိသားစု၏ အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ပါမယ်။ အကြောင်းအရာ တစ်ခုခုကို ပြုလုပ်လိုပါက မိမိ၏ သဘောထားနှင့် အခြားသူများ နားလည်သဘောပေါက်အောင် ကြိုးစားပေးပါ။

မိန်ရာသီခွင် – Pisces ( April 8 to April 14 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်များ အနေနှင့် ကျန်းမာရေးကို တိုးတက်အောင် ကြိုးစားရပါမယ်။ နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပြီး အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးရန် အကြံပြုလိုပါတယ်။

ငွေရေးကြေးရေး အရ ကံတရားသည် အားနည်းနေတတ်ပါတယ်။ ငွေကြေး အကျပ်အတည်းများကြောင့် စိတ်ဖိစီးနေရနိုင်ပါမယ်။ ဒါကြောင့် ယုံကြည်သူများထံမှ အကြံဉာဏ်များ၊ ငွေကြေး အကူအညီကို ‌ရှာဖွေ သင့်ပါတယ်။

ဤကာလအတွင်း မိသားစုရေးရာ ကိစ္စရပ်များနှင့်သာ အချိန်ကုန်ဆုံးရတတ်ပါတယ်။ ဒါ့အပြင် ငွေကြေး အချို့ကိုလည်း သုံးစွဲရနိုင်ခြေ ရှိနေပါတယ်။ တစ်ဦးတစ်ယောက်ထက် မိသားစုဝင်များနှင့် အတူ လုပ်ဆောင်ပေးပါ။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။