ကျောက်ကပ်၊အသည်း၊ဆီးရောဂါကြောင့်၊ဖောယောင်နေသူများအတွက် ဆူးပဒေါင်းပင်

Health Knowledge
ကျောက်ကပ်၊အသည်း၊ဆီးရောဂါကြောင့်၊ဖောယောင်နေသူများအတွက် ဆူးပဒေါင်းပင်

အသည်းရောဂါအတွက်ဆူးပဒေါင်းပင်

အသည်းရောဂါကြောင့်တစ်ကိုယ်လုံး ဖောယောင်ပြီး ဒုက္ခခံစားနေတဲ့ ဝေဒနာရှင်များအတွက် သ ဘာ ဝဆေးပင်တစ်မျိုးကို မျှဝေပေးလိုက်ချင်ပါသည်။

၎င်းဆေးပင်အမည်မှာ အညာဒေသအခေါ် ဆူးပဒေါင်းပင်(ဆူးပန်းတောင်းပင်)၊ အောက်ပြည်အခေါ် မိကျောင်းအန်ဖတ်ပင် ဖြစ်ပါသည်။ ဆူးပဒေါင်းပင်ဟာ အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပြီး လယ်ကွင်းစပ်၊ တောစပ်အနီးတို့တွင် တွေ့ရ တတ်ပါသည်။

အပင်တွင် ဆူးအနည်ငယ် ပါသည်။ အောက်ပိုင်းမှာဆိုလျှင် ဟင်္သာတမြို့နှင့် ရန်ကုန်လှည်းကူးတို့တွင် အလွန်ပေါပါသည်။

အပင်၏ ပုံစံကို ပုံနှင့်တ ကွ တွဲ ၍ ဖော်ပြပေးလိုက်ပါသည်။

ဆေးနည်း

(၁)ဆူးပဒေါင်းပင်ကို အမြှစ်ပါအောင် နှုတ်ယူပါ။

(၂)အမြှစ်ပေါ်မှ မြေကြီးများ၊ ရွှံ့များ စင်ကြယ်သွားအောင် ရေထဲကို စိမ်ထားပြီး စင် ကြယ်အောင် ၃-၄ ကြိမ်ခန့် ဆေးပေးပါ။

(၃)၎င်းအ ပင်၏ ပဉ္စငါးပါးကို အပိုင်းပိုင်း ခုတ်ပြီး ရေ ၃ ခွက် ၁ ခွက်ကျန်အောင် ကျိုပါ။

(၄)ဆေးရည်အရောင်ဟာ ညိုမည်းမည်းအရောင်ထွက်လာပါလိမ့်မည်။

(၅)၎င်းဆေးကျိုရည်ထဲကို ဒိုပါလာသကြားကို အမှုန့်ကြိတ်၍ အနည်းငယ်ထ ည့်ပြီး သောက်ပါ။ (ဒိုပါလာသကြားကို ဘယ ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်)။

(၆)ဆေးရည်သောက်ပြီးလျှင် ဆီးခဏခဏ သွားပါလိမ့်မည်။

(၇)တစ်နေ့တစ်အိုး ကျိုသောက်၍ ၃ ရက်ခန့် သောက်ပြီး ရောဂါသိသာစွာ သက်သာပျော က်ကင်းပါလိမ့်မည်။

(၈)၎င်းဆူးပဒေါင်းပင်ကို နေ ရိပ်တွင် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့ ရေနွေးခတ်သောက်နိုင်ပါသည်။

အသည်းရောဂါများသာမကပဲ ကျောက်ကပ်ရောဂါနှင့် ဆီးရောဂါများအတွက်လည်း ပြန်လည်ကောင်းမွန်လာစေပါသည်။

မူရင်းရေးသားသူကို လေးစားစွာဖြင့်creditပေးပါသည်။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။