မျက်စိအတွက် အကောင်းဆုံးစားစရာ ရွှေဖရုံသီး

Health Knowledge
မျက်စိအတွက် အကောင်းဆုံးစားစရာ ရွှေဖရုံသီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မျက်စိအတွက် အကောင်းဆုံးစားစရာ ရွှေဖရုံသီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မျက်စိအတွက် အကောင်းဆုံးစားစရာ ရွှေဖရုံသီး

ရွှေဖရုံသီးတွင် ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီစစ်၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ သံဓါတ် ၊မက်ကနီဆီယမ်ဓါတ်၊ ကယ်လ်ဆီယမ်ဓါတ်၊ ဖောလစ်အက်စစ်၊ ပရိုတင်း၊ဂလူတမစ်အက်စစ်၊ ဖောစဖောရပ်စ်၊ကယ်ရိုတင်း၊ဆယ်လူးလို့စ်၊ ပိုတက်ဆီယမ်၊ ဘီတာကယ်ရိုတင်း စတဲ့ အာဟာရဓါတ်မျိူးစုံ ကြွယ်ဝစွာပါဝင်သော ကြောင့် အာဟာရအလွန်ကြွယ်ဝသော အသီးအနှံဖြစ်သည်။

အရွည်တင်နုပျိုစေပြီး မျက်စိကျန်းမာစေတယ်

ရွှေဖရုံသီးမှာ အန်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ဗီတာမင် စီ၊အီး နှင့် ဘီတာကယ်ရိုးတင်းဓါတ်တွေ များစွာပါတာကြောင့် အရွယ်တင်နုပျိုစေတဲ့အပြင် မျက်စိကျန်းမာရေး အာရုံကြောကျန်းမာရေးကိုလည်းကောင်းစေပါတယ်။

နှလုံး ကျန်းမာစေတယ်

ရွှေဖရုံသီးသည် အူလမ်းကြောင်းနဲ့ သွေးတွင်းရှိအဆီဓါတ်ကို စုပ်ယူပေးနိုင်သည့်အတွက် ကိုယ်အတွင်းရှိမကောင်းတဲ့အဆီ(ကိုလက်စရောဓါတ်)တွေကို လျော့နည်းစေသည်။

ပိုတက်ဆီယမ်ဓါတ်ကလည်း သွေးပေါင်ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။ အဆီဓါတ်နည်းစေပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်စေတဲ့အတွက် နှလုံးရောဂါတွေလည်း ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

ဝမ်းမှန်‌ပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးတယ်

ရွှေဖရုံသီးစားပေးခြင်းဖြင့် ဟင်းရွက်စားသလိုပဲ အူကိုလှုပ်ရှားမှု(Peristalsis) ဖြစ်ပေါ်စေနိုင်တဲ့အတွက် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေပါတယ်။ အူမကြီးကင်ဆာ ဖြစ်ပွားနှုန်းလည်း လျော့ကျသွားစေပါတယ်။ဒါ့အပြင် ရွှေဖရုံသီးဟာ အမျိူးသားတွေမှာ အသက်ကြီးလာလို့ ဆီးကျိတ်ကြီးတာ ဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

ဝိတ်ချနေသူများအတွက်လည်း သင့်‌‌တော်တယ်

ရွှေဖရုံသီးဟာ ကယ်လိုရီပါဝင်မှုအနေနဲ့ကျ လျော့နည်းတာကြောင့် အဆီများတဲ့ အစားအသောက်တွေ နေရာမှာ

အစားထိုးစားပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်မတက်စေဘဲနဲ့ ဆာလောင်မှုကို လျော့ကျစေပါတယ်။ အဆာမခံဘဲ ဝိတ်ချလိုသူများအတွက် အလွန်အသုံးဝင်ပါတယ်။

အရိုးတွေကို သန်မာစေတယ်

ရွှေဖရုံသီးမှာ ပါတဲ့ မဂ္ဂနီဆီယမ်ဓါတ်ကလည်း အစာကြေညက်စေရန် အထောက်အကူ ပေးပါတယ်။ ဖောစဖောရပ်စ်နဲ့ ကယ်လ်ဆီယံဓါတ်ကလည်း အရိုးတွေကို ခိုင်မာအောင် ကူညီ ပေးပါတယ်။

ရွှေဖရုံသီးကို အဆီများပြီး အဝလွန်နေသူတွေ သက်ကြီးရွယ်အိုတွေ ကင်ဆာရောဂါရှိတဲ့သူတွေ များများစားပေးသင့်ပါတယ်။

သို့သော် ဗိုက်နာတတ်သူများ ဝမ်းဖော ဝမ်းရောင် ဝမ်းလျှောလွယ်တတ်သူများ အနေနဲ့တော့ အများကြီးမစားသင့်ပေ။ရွှေဖရုံသီးစားမယ်ဆိုရင် အခွံမခွာဘဲနဲ့ ချက်ပြုတ်စားတာ ပိုကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အခွံမှာ ဘီတာကယ်ရိုတင်းဓါတ်တွေ များစွာပါလို့ပါ။

သို့သော် ပိုးသတ်ဆေး အန္တရယ်ရှိနိုင်တဲ့အတွက် မချက်ခင် ရေသေချာဆေးဖို့ လိုပါတယ်။

ရွှေဖရုံသီးက အသီးတစ်ခုတည်း အသုံးဝင်တာ မဟုတ်ပါဘူး။ အစေ့ကလည်း အသုံးဝင်ပါတယ်။ အစေ့များကို လှော်ပြီးစားလို့ရပါတယ်။ ကလေးများကို တစ်နေ့ ၆၀ဂရမ်ထိ ကျွေးနိုင်ပါတယ်။ အစေ့လှော်များများစားခြင်း ဖြင့် ဗိုက်ထဲရှိ သန်ကောင်များကိုလည်း ကျစေပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။