ဝေဖန်မှုတွေကို အကောင်းဘက်ကပဲတွေးပြီး ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းတယ်ဆိုတဲ့ တိုင်ရွန်

Celebrity Local News
ဝေဖန်မှုတွေကို အကောင်းဘက်ကပဲတွေးပြီး ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းတယ်ဆိုတဲ့ တိုင်ရွန်

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ မော်ဒယ်လ် သရုပ်ဆောင် တိုင်ရွန် ဟာဆိုရင် ပရိသတ် ချစ်ခင်အားပေးရတဲ့အနုပညာရှင်တစ်ဦးပါ။ တိုင်ရွန်က ရုပ်ရည် ချောမောပြီးအမိုက်စား Body ကို ပိုင်ဆိုင်ထားရုံအပြင် သရုပ်ဆောင်ပီပြင်တဲ့ သူဖြစ်တာကြောင့် သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင် အမာရရှိထားတာပဲ ဖြစ်ပါတယ်။အမြဲတမ်းကြည့်လိုက်ရင် ခပ်မိုက်မိုက် Style Tattooအမိုက်စားနဲ့ မိန်းကလေး ပရိသတ်တွေရင်ကို လှုပ်ခတ်စေတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။

ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးလာတဲ့ တိုင်ရန်ဟာဆိုရ င်အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေတဲ့အနုပညာရှင် တစ်ဦးဆိုလည်းမမှားပါဘူး။ သူရဲ့ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများကိုသူရဲ့လူမူကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိပါတယ်။မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်အနနဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်တာဟာတော်ရုံသရုပ်ဆောင်သစ်တွေမလုပ်ရဲတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။

ယခုအခါမှာတော့ အင်တာဗျူးတစ်ခုမှာ တိုင်ရွန်က “ကိုယ့်ကိုဝေဖန်တဲ့ သူတွေကို အကောင်းဖက်ကပဲတွေးပေး ပါတယ် ကျွန်တော်ကို ပြောလိုက်လို့ သူတို့စိတ်ချမ်းသာမယ် ဆိုရင်လက်ခံနိုင်ပါတယ် သူတို့ ပြောပီး အချိန်တန်မေ့သွားမှာပဲလေ.. ကိုယ်အတွက်လည်း ဝေဖန်မှုက ခဏပါပဲ ပေါ့ပေါ့ပါးပါးပဲထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပက်သက်ပြီး လူတိုင်းကတော့ စိတ်၀င်စား တက်ကျတာပါပဲ အဲဒီသတင်းနဲ့ ပက်သက်ပြီး ပျော်ရွှင်စရာရှိရင် ပျော်လိုက်ကျပါ ၀မ်းနည်းစရာရှိရင် ၀မ်းနည်းလိုက်ကျပါ ခံစားစရာရှိရင်ခံစားလိုက်ကျပါ့ အချိန်တန်တော့လည်း လူတွေကကိုယ်ရဲ့ ဘ၀ကို တည်ဆောက်ကျရမှာပဲဖြစ်ပါတယ်

ဒီမိသားစုတစ်ခုမှာသားယောကျ်ားလေးတစ်ယောက်တည်းရှိခဲ့ပီး မိသားစုကိုထောက်ပံနေရတဲ့ သူဆိုရင်ခံစားချက်ကို နားလည်းမှာပါပဲ တော်ယုံတန်ယုံအချိန်မျိုးတွေမှာ ကျွန်တော်အတွက်တော့ အားနည်းနေဖို့ အချိန်မရှိပါဘူး ကျွန်တော် ရှင်နေမှာ ကျွန်တော်ရဲ့ နောက်မှာ ရှိတဲ့ မိသားစုလည်း စိတ်ချမ်းသာမယ် ရေရှည်အတက်လည်း အဆင်ပြေဖို့ ကျွန်တော်ကိုယ်တိုင် အားနဲနေလို့ မရပါဘူး ဝေဖန်မှုကို သင်ခန်းစာယူပါတယ် “ဆိုပီး အင်ဗျူးတစ်ခုမှာ ပြောပြသားခဲ့ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။