ဆားလင်းကြီး၊ မတ္တရာ၊ ငါးဇွန်နှင့် ကျိုက်လတ် တို့တွင် စစ်သားများ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် ကြံ့ဖွတ်ပါတီဝင်များ ပစ်ခတ်ခံရပြီး ၄ ဦးthay ဆုံး

Local News

ဆားလင်းကြီး၊ မတ္တရာ၊ ငါးဇွန်နှင့် ကျိုက်လတ် တို့တွင် စစ်သားများ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် ကြံ့ဖွတ်ပါတီဝင်များ ပစ်ခတ်ခံရပြီး ၄ ဦးthay ဆုံး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ ဆားလင်းကြီး၊ မတ္တရာ၊ ငါးဇွန်နှင့် ကျိုက်လတ် တို့တွင် စစ်သားများ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် ကြံ့ဖွတ်ပါတီဝင်များ ပစ်ခတ်ခံရပြီး ၄ ဦးthay ဆုံး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ မန္တလေးတိုင်း မတ္တရာ၊ ငါးဇွန်မြို့နယ်နှင့် ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့ တို့တွင် စစ်ကောင်စီတပ်သားများ၊ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင် ပစ်ခတ်ခံရပြီး ၄ ဦးthayဆုံးခဲ့ကြောင်း မြို့ပြ ပြောက် ကျားတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရပြီး thayဆုံး
======================================
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၂ ဦးပစ်ခတ်ခံရပြီး thay ဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ပုသိမ်-မုံရွာလမ်းပိုင်း တစ်နေရာတွင် တန်ဆောင်တိုင်ည၌ သောက်စားရမ်းကားရန် ပါဆယ်ဆွဲလာသည့် အကြမ်းဖက်စစ်ကောင်စီဝင် နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းစဉ် ပြန်လည်ခုခံ အကြမ်းဖက်လာ၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းမှုကို Chindwin Galone Yarzar Guerrilla Defense Force , Triple Two Tast Force, Monywa Trust Of Force က ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

မတ္တရာတွင် ဗောဓိရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်ဝင်း ပစ်ခတ်ခံရပြီးthayဆုံး

==========================================
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဗောဓိရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်ဝင်း ပစ်ခတ်ခံရပြီး thay ဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် မတ္တရာမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင်လည်းဖြစ်၊ ဗောဓိကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကျော်ဝင်း ကို thay နတ်ဖြင့် သုံးချက်ပစ်၍ ရှင်းလင်းလိုက်ကြောင်း စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းက သတင်းထုတ်ပြန်သည်။

ငါးဇွန်းတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တို့ ပစ်ခတ်ခံရပြီး ၁ ဦးthay ဆုံး
==========================================
မန္တလေးတိုင်း ငါးဇွန်မြို့၊ ခြင်္သေ့လတ်ရွာ အုပ်ချုပ်ရေးမှူး အောင်သန်းမြင့် ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ငါးဇွန်မြို့ ခြင်္သေ့လတ်ကျွေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေး အောင်သန်းမြင့်ကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့က သတိပေး ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ခြင်္သေ့လတ်ကျွေးရွာ ပျူစောထီးခေါင်းဆောင် ထွန်းရင်ကိုလည်း နိုဝင်ဘာလ ၁၀ ရက်နေ့၌ မြို့ပြ ပြောက်ကျား တပ်ဖွဲ့ဝင်များက thay နတ်ဖြင့် ၇ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး thay ဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့ နှင့် MN PDF မြို့ပြ ပြောက်ကျား အထူးတပ်ဖွဲ့နှင့် Myitnge – People Defense Force မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း ပြည်သူ့ ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ကျိုက်လတ်တွင် ကြံ့ဖွတ်ပါတီဝင် ၁ ဦး ပစ်ခတ်ခံရ
============================
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့တွင် ကြံ့ဖွတ်ပါတီဝင် မျိုးသူ ပစ်ခတ်ခံရကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက် ညပိုင်းတွင် ကြံ့ဖွတ်ပါတီဝင် မျိုးသူကို အမည်မသိ thay နတ်သမားက ကျိုက်လတ်မြို့ရှိ အမှတ် ၁ ရပ်ကွက်၊ ၂၃ လမ်း နေအိမ်၌ ရှိနေစဥ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ကြံ့ဖွတ်ပါတီဝင် မျိုးသူသည် thay နတ်ကျည် ၄ ချက်ထိမှန်ခဲ့ပြီး thayဆုံးခြင်း မရှိသေးကြောင်း ၊ ၎င်းသည် ကျိုက်လတ်မြို့ ပြည်သူ့စစ် အဖွဲ့ဝင်လည်းဖြစ်ပြီး ပျူစောထီးအဖွဲ့တွင်လည်း ပါဝင်နေသူဖြစ်ကြောင်း၊ ပြည်သူများကို ဖိနှိပ်နေသူ တစ်ဦးဖြစ်​ပြီး ကျိုက်လတ်မြို့အတွင်း ပြည်သူများကို အကြမ်းဖက် မတရားဖမ်းဆီးမှုများတွင် အဓိက သတင်းပေး ဦးဆောင်ပါဝင်နေသူ ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ကျိုက်လတ်မြို့မှ ကြံ့ဖွတ်ပါတီဝင်၊ ပြည်သူ့စစ်အဖွဲ့ဝင် မျိုးသူ ပစ်ခတ်ခံရပြီး ဆေးရုံရောက်ရှိနေစဉ်။
ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။