ရုပ်ရှင်လောကကနေ အနားယူနိုင်ဖွယ်ရှိတာကို အရိပ်အမြွက်ပြောကြားခဲ့တဲ့ Ghost Rider မင်းသား နစ်ကိုလက်စ် ကေ့ချ်

Celebrity International News
ရုပ်ရှင်လောကကနေ အနားယူနိုင်ဖွယ်ရှိတာကို အရိပ်အမြွက်ပြောကြားခဲ့တဲ့ Ghost Rider မင်းသား နစ်ကိုလက်စ် ကေ့ချ်

Ghost Rider ဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ မင်းသား နစ်ကိုလက်စ် ကေ့ချ်က သူ့မှာ ရုပ်ရှင်ရိုက်ကူးဖို့ ၃-၄ ကားပဲ ကျန်တော့တဲ့အတွက် သူ မကြာခင် ရုပ်ရှင်လောက ကနေအနားယူနိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် နစ်ကိုလက်စ်က နှစ်တိုင်း အနည်းဆုံးဇာတ်ကားတစ်ကားမှာ ပါဝင်ရိုက်ကူးခဲ့ပေမဲ့ မကြာခင် ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးမှုကနေ အနားယူနိုင်ပါတယ်။

“ကျွန်တော့်ရဲ့အစီအစဉ်ကို ခိုင်မာအောင် စလုပ်နေပါပြီ။ ကျွန်တော့်မှာ နောက်ထပ် ဇာတ်ကား ၃-၄ကားလောက်ပဲ ကျန်နေနိုင်ပါတယ်။ ကျွန်တော် တက်နိုင်သလောက်ဇာတ်ကားတွေ ရိုက်ကူးခဲ့တယ်လို့ ထင်တယ်”လို့ သူက ပြောပါတယ်။

နစ်ကိုလက်စ်က နှုတ်ဆက်စကားပြောဖို့ စိတ်ပိုင်းဖြတ်ထားပုံရပြီး သူ့ရဲ့၁၄ လသားအရွယ်သမီးလေးနဲ့ အချိန်ကုန်ဆုံးဖြစ်မယ့်ပုံပါပဲ။ သူ့မိသားစုနဲ့ အချိန်ဖြုန်းချင်တယ်ဆိုတာကိုလည်း သူ ထုတ်ပြောသွားခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။