၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ အကယ်၍ အတိတ်ကာလမှ အစာမကြေခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်းစသည့် ဝေဒနာများ ခံစားနေရပါက သက်သာရာ ရရှိပါလိမ့်မယ်။ စိတ်အားထက်သန်မှုနှင့်အတူ အလုပ်များကို အားတက်သရော ပါဝင် လုပ်ဆောင်နိုင်ပါမယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ အောင်မြင်မှုကို ရရှိနိုင်ပါမယ်။ အခက်အခဲ အချို့နှင့် ကြုံတွေ့နိုင်ချေ ရှိနေသော်လည်း အထူး စိုးရိမ်စရာ မလိုအပ်ပေ။

သို့သော် ဤကာလ အတောအတွင်း မိသားစုဝင်များနှင့် အငြင်းအခုံ ဖြစ်တာမျိုးကို ရှောင်ကြဥ်ရပါမယ်။ ပြဿနာများကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်အောင် ကြိုးစားပေးပါ။

ပြိဿရာသီခွင် – Taurus ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် ပုံမှန် အနေအထားတွင် ရှိနေပါိလိမ့်မယ်။ သို့သော် ရက်သတ္တပတ် အစောပိုင်းတွင် ညံ့ဖျင်းနေတတ်၍ ပိုမို ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေးအရ အရောင်းအဝယ် ကိစ္စရပ်များ ပြုလုပ်ရာတွင် သတိထားပေး ရပါမယ်။ လိမ်လည် လှည့်ဖျားမှုတို့နှင့် ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။ မှန်ကန်သော လမ်းကြောင်းတို့ဖြင့်သာ ငွေကြေး ရှာဖွေပါ။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု ဘဝတွင် ပျော်ရွှင်စရာကောင်းသော အချိန်ကာလကို ပိုင်ဆိုင်နိုင်ပါမယ်။ မိသားစုဘဝကို အေးချမ်းစွာ ဦးဆောင်နိုင်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် အလုပ်နှင့် ပက်သက်သော ဖိစီးမှုတို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါမယ်။ ကောင်းမွန်စွာ အာရုံ စူးစိုက်နိုငိမည် မဟုတ်ပေ။ ဒါ့ကြောင့် ဒီလိုအချိန်မျိုးမှာ မိမိကိုယ် မိမိ စိတ်ဖိစီးမှုကင်းအောင် ကြိုးစားပါ။

ငွေရေးကြေးရေး အရ ဝင်ငွေနှင့် ထွက်ငွေသည် မျှတ နေပါမယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာ ပေါ်ပေါက်လာတတ်ပါတယ်။ သို့သော် အခြေအနေတိုင်းကို အသေးစိတ် စဉ်းစားပြီးမှသာ မိမိ၏ငွေကို ရင်းနှီးမြုပ်နှံပေးပါ။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြောင်းအလဲအချို့ကြောင့် လူများနှင့် ပဋိပက္ခ ဖြစ်ပေါ်စေနိုင်ပါတယ်။ လေးစားမှုကို ကျဆင်းစေမှာ ဖြစ်သလို မိသားစု၏ လျစ်လျူရှုမှုကိုလည်း ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့သည် ကျန်းမာရေး အတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအတွက် အားထုတ်ပါ။ ယောဂ လ့ကျင့်ခန်း၊ တရားထိုင်ခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြက့် မြှင့်တင်နိုင်ပါတယ်။

ငွေကြေးအရ ယခင်ထက် ပိုမိုအားထုတ်ပေးရပါမယ်။ ဘဝနယ်ပယ် အချို့တွင် ငွေကြေး အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။ အသုံးစရိတ်နှင့် ပက်သက်၍ အသေချာ စီစဉ်ပေးရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင်း Cancer ရာသီခွင်တို့၏ မိသားစု ဆက်ဆံရေးသည် တင်းမာလာနိုင်ပါမယ်။ အပိုလုပ်ငန်း တာဝန်တို့ကြောင့် မိသားစုအပေါ် ပျက်ကွက်မှုများ ရှိလာကာ နာကြည်းမှုများနှင့် ရင်ဆိုင်ရနိုင်ပါမယ်။

သိဟ်ရာသီခွင် – Leo ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် ကျန်းမာရေးအတွက် လုံလုံလောက်လောက် အနားယူပေးရပါမယ်။ အလုပ်ဖိအားတို့ကြောင့် ပင်ပန်းနွမ်းနယ် နေနိုင်ပါမယ်။ အသီးအနှံများကို ပုံမှန်စားသုံးပေးရပါမယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေး အရ ကံတရားသည် ကောင်းမွန်လာပါမယ်။ ပိတ်ဆို့ထားသော ငွေကြေးများကို ပြန်လည် လက်ခံရရှိနိုင်ဖွယ် ရှိနေပါတယ်။ သို့သော် ရင်းနှီးမြုပ်နှံကြသူများ အနေနှင့် အကြောင်းအရာများကို အရင် အကဲဖြတ်ပြီးမှသာ ရင်းနှီးမြှုပ်နှံလိုက်ပါ။

ဤကာလအတွင်း လုပ်ငန်း တာဝန်များ အပြင် မိသားစု ဘဝအတွက်ပါ အချိန်ပေးပါ။ မိသားစုရှိ သက်ကြီးရွယ်အိုများ အပေါ် ပိုမိုအာရုံပေးရန် လိုအပ်ပါလိမ့်မယ်။

ကန်ရာသီခွင် – Virgo ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့၏ ကျန်းမာရေးသည် အားနည်းနေတတ်ပါတယ်။ မိမိလုပ်နိုင်စွမ်းထက် ပို၍ တွန်းအားမပေးပါနှင့်။ လုံလုံလောက်လောက် အနားယူပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန် အနေအထားတွင် ရှိနေပါလိမ့်မယ်။ ဝင်ငွေနှင့် ထွက်ငွေကို မျှမျှတတ သုံးစွဲ‌ပေးရန် လိုအပ်ပါမယ်။ ငွေကြေး ချေးငှားခြင်းများ မပြုလုပ်ပါနှင့်။ ဆုံးရှုံးရတတ်ပါတယ်။

ဤကာလအတွင်း Virgo ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်း သာယာမှုများ ရှိနေပါမယ်။ ရက်သတ္တပတ်အကုန်တွင် မိသားစုဝင်များနှင့် အတူ ပျော်ပွဲရွှင်ပွဲများ ကျင်းပ ဆောင်ရွက်ရတတ်ပါတယ်။

တူရာသီခွင် – Libra ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တို့သည် ကျန်းမာရေးအတွက် အစားအသောက်ပိုင်းကို ဂရုစိုက်ပေး ရပါမယ်။ အစားအစာများကို စနစ်တကျ အချိန်မှန် စားသုံးပေးရန် လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် လတ်ဆတ်သော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပြီး အစပ်များသော အစားအစာများကို ရှောင်ကြဉ်ပါ။

ငွေရေးကြေးရေးအားဖြင့် ကံတရားသည် အနည်းငယ် နိမ့်ပါးနေမည့် အနေအထားတွင် ရှိနေပါမယ်။ ပေါ့ဆမှုတို့ကြောင့် ငွေကြေး ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပါမယ်။ ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ စိတ်အေးအေးထား ဆုံးဖြတ်ပေးပါ။

ဤကာလအတွင်း Libra ရာသီခွင်တို့သည် မိသားစုအတွက် ငွေကြေး အချို့ သုံးစွဲရတတ်ပါတယ်။ အထူးသဖြင့် မိသားစုဝင်၏ ကျန်းမာရေးကို ဂရုစိုက်ပေးပါ။ ကြန့်ကြာမှု မရှိစေဘဲ လိုအပ်လာပါက ဆရာဝန်နှင့် ကုသပေးပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အထူးစိုးရိမ်စရာ မလိုအပ်ပေ။ သို့သော် သွေးပေါင်ချိန်၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ ခံစားနေရသော ရာသီခွင်များ အနေနှင့် ဂရုစိုက်ပေးရပါမယ်။ ဆေးဝါးကို အချိနိမှန်မှန် သောက်သုံးပေးပါ။

ငွေရေးကြေးရေးအားဖြင့် ပုံမှန် လည်ပတ်နေပါမယ်။ ဝင်ငွေ ကောင်းမွန်နေနိုင်သော်လည်း ပိုက်ဆံ အခိုးခံရခြင်း၊ ပစ္စည်းဥစ္စာ ပျောက်ဆုံးခြင်းများ ကြုံတွေ့ရတတ်၍ သတိထားပေးပါ။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ မိသားစု ဘဝတွင် အနည်းငယ် ခက်ထန်နေတတ်ပါတယ်။ တာဝန် ဝတ္တရားများကြောင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှုများ ရှိလာနိုင်ပါမယ်။ အထူးသဖြင့် စိတ်အလိုလိုက်ကာ မိမိကိုယ်မိမိ ထိခိုက်စေနိုင်သော အပြုအမူများကို ရှောင်ရှားပေးပါ။

ဓနုရာသီခွင် – Sagittarius ( December 11 to December 17 )
===============================================

ယခုအပတ်သည် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။ အိပ်ရေးဝဝ အိပ်ပါ။ အာဟာရရှိသော အစားအစာများကို စားသုံးပါ။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်လိုပါက အသေချာ စဉ်းစားပါ။ လိုအပ်ပါက တခြားသူများထံမှ အကြံပြုချက်များကို ရယူပေးပါ။

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့သည် မည်သည့် ပါတီ၊ ‌တွေ့ဆုံပွဲများ မပြုလုပ်ခင် မိမိ၏ မိသားစုကို အသိပေးသင့်ပါတယ်။ မဟုတ်ပါက အိမ်တွင်းရေး အဆင်မပြေမှုများ ဖြစ်ပေါ်နိုင်ခြေ ရှိနေပါတယ်။

မကာရရာသီခွင် – Capricorn ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် စိုးရိမ်မှုများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ စိတ်ပူပန်မှု အမျိုးမျိုးမှ ကင်းကင်းဝေးဝေး နေထိုင်နိုင်အောင် ကြိုးစားပါ။ လိုအပ်သော ကျန်းမားရေး လှုပ်ရှားမှုများကို ပြုလုပ်ပေးရပါမယ်။

ဤကာလအတွင်း ဝင်ငွေ ရရှိနိုင်သော်လည်း မမျှော်လင့်ဘဲ ငွေကြေး ပျောက်ဆုံးတတ်ပါတယ်။ ဒါကြောင့် ရက်သတ္တပတ် အစောကတည်းက ငွေကြေးကိစ္စရပ်များကို သတိထားပါ။

ယခုအပတ်တွင် Capricorn ရာသီခွင်တို့သည် မိမိလုပ်ဆောင်မည့် အကြောင်းကိစ္စနှင့် ပက်သက်၍ မိသားစုဝင်များကို အသိပေးရပါမယ်။ မဟုတ်ပါက ဆက်ဆံရေးကို ထိခိုက်စေကာ လစ်လျူရှုမှုတို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ကုမ်ရာသီခွင် – Aquarius ( December 11 to December 17 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေပါမယ်။ စိတ်တို၊ ဒေါသဖြစ်လွယ်နေသောကြောင့် အပြုအမူသည် ခက်ထန်နေနိုင်ပါမယ်။ မိမိ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သောကြောင့် ဒေါသကို ထိန်းချုပ်နိုင်အောင် ကြိုးစားပါ။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံမှု၊ အနာဂတ် အစီအစဉ်နှင့် ပက်သက်၍ အသိမပေးပါနှင့်။ မဟုတ်ပါက နီးစပ်သူ တစ်ဦးဦးသည် ‌အခွင့်ကောင်းယူကာ နင်းခြေ သွားနိုင်ခြေ ရှိနေပါတယ်။

Aquarius ရာသီခွင်တို့သည် မကြာခဏဆိုသလို အခြားသူတို့၏ စိတ်ဆန္ဒကို လိုက်၍ လုပ်ဆောင်တတ်ကြပါတယ်။ သို့သော် ယခုတစ်ပတ်တွင် ထိုသို့ပြုလုပ်ခြင်းက မိမိကိုယ်ကို အများကြီး အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ စိတ်ချမ်းသာမှုကို ရရှိနိုင်မည် မဟုတ်ပေ။

မိန်ရာသီခွင် – Pisces ( December 11 to December 17 )
===============================================

ဤကာလအတွင်း Pisces ရာသီခွင်တို့သည် ခရီးဝေးသွားလာခြင်းတို့ကို ရှောင်ကြဉ်ရပါမယ်။ မဟုတ်ပါက ပင်ပန်းနွမ်းနယ်ကာ စိတ်ဖိစီးမှုများကို ခံစားရနိုင်ပါမယ်။ ကျန်းမာရေး အနေနဲ့ ထိခိုက်စေနိုင်သောကြောင့် သတိထားပေးရပါမယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေသည် တည်ငြိမ်မှု မရှိနိုင်ပေ။ ငွေကြေး အကျပ်အတည်းတို့ကြောင့် ပူပန်နေရပါမယ်။ ငွေကြေး အကူအညီများကို လိုအပ်ပါမယ်။

ယခုအပတ်တွင် မိသားစု၏ ဝင်ရောက်စွက်ဖက်မှုတို့ကြောင့် မိမိ၏ ဘဝကို လွတ်လွတ်လပ်လပ် ကုန်ဆုံးနိုင်မည် မဟုတ်ပါ။ ဒါကြောင့် မိသားစုဝင်များအပေါ် အပြုအမူသည် ခက်ထန်နေနိုင်ပါမယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။